ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၁၉ ခုနှစ် ဇွန်လ ၂၈ ရက်ထုတ် အတွဲ (၇၂)၊ အမှတ် (၂၆) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ ရောင်းချ လျက် ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမိန့်ကြော်ငြာစာ၊ ခရီးသွားလုပ်ငန်းကော်မတီ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ စက်မှုဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပညာရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အမိန့်အမှတ်၊
အပိုင်း (၂) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊ သစ်တောဦးစီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် ညီညွတ်မှုသံစဉ်အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက် (HARMONIOUS UNITY INTERNATIONAL COMPANY LIMITED) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ-၃၄၈ အရ ကုမ္ပဏီတွင် ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်း၊ Universal Consumer Goods Co., Ltd နှင့် အိမ်မဲဧရာ ဆန်စပါးရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် ကုမ္ပဏီစာရင်းရှင်းလင်း ဖျက်သိမ်းမည် ဖြစ်ကြောင်း ကြေညာချက်၊ ထရေ့ (ဒ်) အမေးဇင်း (င်) ကုမ္ပဏီလီမိတက် (TRADE AMAZING COMPANY LIMITED) အစုရှင်များ၏ဆန္ဒအရ နောက်ဆုံးအပြီးသတ် အစည်းအဝေးဖိတ်ကြားခြင်း၊ အမ် (စ်) အက်စ်အန်နယ်လယ်တီတယ် ကုမ္ပဏီလီမိတက် (MS ANALYTICAL COMPANY LIMITED) အစုရှင်များ၏ဆန္ဒအရ နောက်ဆုံးစာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ အကောင်းဆုံးကံကောင်းခြင်း ကျောက်မျက်ရတနာကုမ္ပဏီလီမိတက် (SUPER LUCKY GEMS & JEWELLERY COMPANY LIMITED) ကုမ္ပဏီတရားဝင်ဖျက်သိမ်းခြင်း၊ FRENZ MYANMAR COMPANY LIMITED အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ နောက်ဆုံး အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ ဆေ့ (ဖ်) ဿဲ (န်) ဆော်ရီ ကုမ္ပဏီလီမိတက် (SAFE THAN SORRY COMPANY LIMITED) မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ရရန်ရှိသည့် ကြွေးများတောင်းခံရန် သတိပေးခြင်း (Claim Notice) ဆေ့ (ဖ်) ဿဲ (န်) ဆော်ရီ ကုမ္ပဏီလီမိတက်၊ ဖီး (လ်) အက် (စ်) ကေအို ကုမ္ပဏီလီမိတက် (FEEL SKO CO.,LTD) (အစုဝင်များ၏ ဆန္ဒအရ ဖျက်သိမ်းဆဲ) မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေပုဒ်မ၊ ၂၀၈ - င အရ အပြီးသတ်နောက်ဆုံးအစည်းအဝေးဖိတ်ကြားခြင်းတို့ ပါဝင်သည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။