ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၁၉ ခုနှစ် ဧပြီလ ၂၆ ရက်ထုတ် အတွဲ (၇၂)၊ အမှတ် (၁၇) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်သူ့လွှတ်တော်ကြေညာချက်၊ အမျိုးသားလွှတ်တော်ကြေညာချက်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့် ကြော်ငြာစာ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ အမိန့်ကြော်ငြာစာ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အမိန့်ကြော်ငြာစာ
အပိုင်း (၄) တွင် ရှင်နစ်တာ ကုမ္ပဏီလီမိတက် (SHIN NITTA COMPANY LIMITED)၊ မြန်မာဟရှီးမားအုပ်စု စီမံခန့်ခွဲမှု အကြံပေး ကုမ္ပဏီလီမိတက် (MYANMAR HASHIMA GROUP MANAGEMENT CONSULTANCY COMPANY LIMITED) နှင့် ဒဗလျူ အဲ (မ်) ကုမ္ပဏီလီမိတက် (W M K COMPANY LIMITED) တို့အား (အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ မြန်မာ့ဟေမာန် ကုမ္ပဏီလီမိတက် (MYANMA HAY MARN COMPANY LIMITED) နှင့် ယူး (စ်ထ်) အရစ်ဂျင်နဲ(လ်) ကုမ္ပဏီလီမိတက် (USED ORIGINAL COMPANY LIMITED) တို့၏ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ-၃၄၈ အရ ကုမ္ပဏီတွင် ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းခြင်း၊ ဖီးလ် ဂရမ်း ကွန်စထရယ်ရှင် ကုမ္ပဏီလီမိတက် FEEL GRAND CONSTRUCTION Co.,Ltd (အစုဝင်များ၏ ဆန္ဒအရဖျက်သိမ်းဆဲ) နောက်ဆုံးအစည်းအဝေးဖိတ်ကြားခြင်း၊ ပင်နက်ကယ် မီဒီယာ ကုမ္ပဏီလီမိတက် (PINNACLE MEDIA COMPANY LIMITED) နှင့် အွန်မနီလင့် ထရေးဒင်း ကုမ္ပဏီလီမိတက် (OMNI LINK TRADING COMPANY LIMITED) တို့၏ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၃၄၈ အရ ကုမ္ပဏီစာရင်းရှင်းလင်း ဖျက်သိမ်းမည်ဖြစ်ကြောင်း ကြေညာချက်၊ ပြည်ကျော်အောင်ဌေး သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက် (PYI KYAW AUNG HTAY MINING COMPANY LIMITED)၊ ပြည်ကောင်းကျော် သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက် (PYI KAUNG KYAW MINING COMPANY LIMITED)၊ ရွှေငွေမိုးလျှံ သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက် (SHWE NGWE MOE HLYAN MINING COMPANY LIMITED)၊ ခိုင်ရွှေလျှံ သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက် (KHAING SHWE HLYAN MINING COMPANY LIMITED) နှင့် ကျောက်စိမ်းစက်ဝိုင်း ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (JADE CIRCLE TRADING COMPANY LIMITED) တို့၏ အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ အေးရှဲန်းအက်စ်စစ်စတဲန်စ် ကုမ္ပဏီလီမိတက် (Asian Assistance Co., Ltd) မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၆ (၁) အရ ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်ကြောင်း ကြေညာချက်တို့ ပါဝင်သည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။