ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၁)၊ အမှတ် (၇)၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက် ထုတ် စာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပညာရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားချက်အမှတ်၊
အပိုင်း (၂) တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန (ရုံးချုပ်)၊ အဆင့်မြင့်ပညာ ဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊
အပိုင်း (၄) တွင် ဂရေ့ရှပ်(စ်)ဒိလင်း(စ်) အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် (Gracious Dealings International Company Limited) မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၆(၁)အရ ကုမ္ပဏီကို အစုရှယ်ယာရှင်များ ဆန္ဒအလျောက် ဖျက်သိမ်းရန် ကြော်ငြာခြင်း၊ Notice Under Myanmar Companies Act Section 208 E THE FIRST AUTOMOTIVE CO., LTD. (VOLUNTARILY WINDING UP) Invitation to Final Meeting၊ မြန်မာဖူစင်း လိုက်တင်း ကုမ္ပဏီလီမိတက် (Myanmar Fu Sing Lighting Company Limited) အပြီးသတ် ဖျက်သိမ်းနိုင်ရန်အတွက် နောက်ဆုံးအစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခြင်း၊ ရတနာသစ် ကျောက်မျက် ကုမ္ပဏီလီမိတက် (YADANAR THIT GEMS CO.,LTD.)၊ ဟိဏ်းစုမြတ် ရောင်းဝယ်ရေး ကုမ္ပဏီ လီမိတက် (HEIN SU MYAT TRADING COMPANY LIMITED) နှင့် ဒဏ္ဍာရီ ဖျော်ဖြေရေးလုပ်ငန်း ကုမ္ပဏီလီမိတက် (LEGEND ENTERTAINMENT COMPANY LIMITED) တို့အား (အစုရှင်များ၏ ဆန္ဒအရ စာရင်း ရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခြင်း၊ KONOIKE TRANSPORT COMPANY LIMITED (YANGON REPRESENTATIVE OFFICE) Notice of Resolution of Representative Office (In Voluntary Winding-up)၊ WIN LAT MINING COMPANY LIMITED အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက် ဖျက်သိမ်း ကြေညာချက်၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၆(၁) အရ ကြော်ငြာစာ သီရိ၀တ္တနား မြန်မာ ကုမ္ပဏီလီမိတက်၊ ထရိုင်းယဲ(ဖ်) မိုင်းနင်း အင်(န်) မင်နရဲ(လ်)တက်ကနော်လဂျီ(စ်) ကုမ္ပဏီ လီမိတက် (Triumph Mining & Mineral Technologies Company Limited) ကုမ္ပဏီကို အစုရှယ်ယာရှင်များ ဆန္ဒအလျောက် ဖျက်သိမ်းရန် ကြော်ငြာခြင်း၊ ထရိုက်တန်မြန်မာ ကုမ္ပဏီ လီမိတက် (TRITON MYANMAR COMPANY LIMITED) အစုရှင်များ၏ ဆန္ဒအရ နောက်ဆုံးအပြီးသတ် အစည်းအဝေး ဖိတ်ကြားခြင်း၊ ရေးဒီယင့် မာရီတိုင်း လီမိတက် (အစုရှယ်ယာရှင်များ၏ ဆန္ဒအရ ဖျက်သိမ်းဆဲ) မြီရှင်များသို့ သတိပေးချက်၊ အမရာ အပြည်ပြည် ဆိုင်ရာ ကုမ္ပဏီလီမိတက် (AMARA INTERNATIONAL COMPANY LIMITED) အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ Statoil Myanmar Private Limited (Myanmar Branch) Voluntary Liquidation with the consent of the Head Office တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။