ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၁)၊ အမှတ် (၃)၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၉ ရက် ထုတ် စာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့် ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်သူ့လွှတ်တော် ကြေညာချက်၊ အမျိုးသားလွှတ်တော် ကြေညာချက်၊
အပိုင်း (၂) တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် ဗင်းတက်မြန်မာ ကုမ္ပဏီလီမိတက် (Ventech Myanmar Company Limited) မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၆(၁) အရ ကုမ္ပဏီကို အစုရှယ်ယာရှင်များ ဆန္ဒအလျောက် ဖျက်သိမ်းရန် ကြော်ငြာခြင်း၊ ပါရမီကမ္ဘာအနှံ့ အကြံပေး ကုမ္ပဏီလီမိတက် (Parami Global Consulting Co., Ltd.) ကုမ္ပဏီဖျက်သိမ်းကြောင်းကြော်ငြာ အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက်ဖျက်သိမ်းခြင်း၊ OSHIMA APPAREL MACHINERY (MYANMAR) CO.,LTD. အစုရှင်များ၏ ဆန္ဒအရ နောက်ဆုံးအပြီးသတ် အစည်းအဝေး ဖိတ်ကြားခြင်း၊ THIRI MAY FOOD INDUSTRIES COMPANY LIMITED နှင့် MIKKO FOOD MARKETING COMPANY LIMITED တို့၏ ဖျက်သိမ်းရန် ကြေညာချက်၊ Simple Integrated Multilogistics Ltd.၊ Grand Peninsular Co., Ltd.၊ Win Star Mining Co., Ltd.၊ ဘုန်းမင်းပြည့် ကုမ္ပဏီလီမိတက် တို့၏ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၈ (င) အရ ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်ကြောင်း ကြေညာချက်၊ ကုန်သည်ကြီးများရှစ်ဦး ကုမ္ပဏီလီမိတက် (EIGHT TRADERS COMPANY LIMITED) အား (အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခြင်း၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ-၂၀၈ (င) ဗိုလ်ဟိန်းသစ် ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် (ဆန္ဒအလျောက်ဖျက်သိမ်းဆဲ)တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။