ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၁)၊ အမှတ် (၁)၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၅ ရက် ထုတ် စာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့် ကြော်ငြာစာ၊ အမျိုးသားလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေး ဝန်ကြီးဌာန အမိန့် ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် စစ်ရာထူးခန့်ချုပ်ရုံး (ကြည်းတပ်ဌာနစု)
အပိုင်း (၄) တွင် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၈ (င) အရ ကြော်ငြာစာ ရွှေဝန်ပိုငှက် ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (အစုရှယ်ယာရှင်များ ၏ဆန္ဒအရဖျက်သိမ်းဆဲ) နောက်ဆုံး အစည်းအဝေးဖိတ်ကြားခြင်း၊ NOTICE GOM RESOURCES LIMITED (UNDER LIQUIDATION)၊ NOTICE UNDER SECTION 206 (1) OF THE MYANMAR COMPANIES ACT GOM RESOURCES LIMITED၊ အက်ပဲ(လ်)ကင်း ကုမ္ပဏီလီမိတက် (Apple King Co., Ltd.) မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၆ (၁) အရ ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းကြောင်းကြေညာခြင်း၊ IN THE MATTER OF THE MYANMAR COMPANIES ACT AND ONGOING BLISS (MYANMAR) LIMITED NOTICE FOR VOLUNTARY WINDING UP FOR FINAL MEETING NOTICE၊ တနင်္ဂနွေ နေ ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (SUNDAY SUN TRADING COMPANY LIMITED)၊ အာရှသိမ်းငှက် ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (ASIA FALCON TRADING COMPANY LIMITED)၊ အမြင့်ပျံသူများ ကုမ္ပဏီလီမိတက် (HIGH FLYERS COMPANY LIMITED)၊ ဒေါ်လာမင်း ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (DOLLAR KING TRADING COMPANY LIMITED)၊ ရဲရင့်နောင် ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် (YE YINT NAUNG CONSTRUCTION COMPANY LIMITED) နှင့် စီးတီးကပ် ကုမ္ပဏီလီမိတက် (CITY CAB COMPANY LIMITED) တို့အား (အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။