ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၅၀)၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် ထုတ် စာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ် ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့် ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြော်ငြာချက်၊ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် အက်(ဒ်)ဗဲ့(န်စ်)တက်(ခ်)နစ်ကယ်(လ်)ပါ့(တ်)နာ ကုမ္ပဏီလီမိတက် (Advanced Technical Partner Co.,Ltd.) အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းပိတ်သိမ်းခြင်း၊ ရတနာသစ်ကျောက်မျက် ကုမ္ပဏီလီမိတက်၏ ဖျက်သိမ်းရန် ကြေညာချက်၊ အာရှတခေတ်ဆန်း ခရီးသွားလုပ်ငန်း ကုမ္ပဏီလီမိတက် (ASIA RENAISSANCE COMPANY LIMITED)၊ ဖလိုးဆစ်(စ်)တင်(မ်စ်)အင်(န်) ကတ်ဂရေ့(က်)ရှဲ(န်) (မြန်မာ) ကုမ္ပဏီလီမိတက် (FLOW SYSTEMS INTEGRATION MYANMAR COMPANY LIMITED)၊ ဖိုင်း(န်) ပရက်(စ်)တစ် (ဂျ်) ကုမ္ပဏီလီမိတက် (FINE PRESTIGE COMPANY LIMITED)၊ လူ့အရင်းအမြစ် ဝန်ဆောင်မှု ကုမ္ပဏီလီမိတက် (HUMAN RESOURCE SERVICES COMPANY LIMITED)၊ မုတ္တမ တာဝါ ကုမ္ပဏီလီမိတက် (MOTTAMA TOWER COMPANY LIMITED) နှင့် ရှင်းရှင်းကြယ် ထုတ်လုပ်မှု ကုမ္ပဏီလီမိတက် (SHIN SHIN STAR PRODUCTION COMPANY LIMITED) တို့အား (အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခြင်း၊ မြန်မာကျုံးရှင်း ပလပ်စတစ် မန်း(န်)ယူးဖက်ချား ကုမ္ပဏီလီမိတက် (MYANMAR ZHONG XING PLASTIC MANUFACTURE CO.,LTD.)၊ ဆီမီး ကုမ္ပဏီလီမိတက် (SEMI COMPANY LIMITED) နှင့် တရားဗဲလ်လားစ် ခိတ်ထ် ကုမ္ပဏီလီမိတက် (TRAVELLER'S KIT COMPANY LIMITED) တို့၏ အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။