ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၄၈)၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁ ရက် ထုတ် စာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ် ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့် ကြော်ငြာစာ၊ အမျိုးသားလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အမိန့်ကြော်ငြာစာ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ ဧရာ၀တီ ရေလုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေး လီမိတက် (AYEYAWADY MARINE DEVELOPMENT LIMITED) အလိုအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့် ရရန်ရှိသည့်ကြွေးများတောင်းခံရန် သတိပေးခြင်း၊ မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ-၂၀၈(င)အရ ကြေညာစာ ရွှေကောင်းကင်စွမ်းအင် ကုမ္ပဏီလီမိတက် (Golden Sky Energy Company Limited) (ဆန္ဒအလျောက် ဖျက်သိမ်းဆဲ) နောက်ဆုံး အစည်းအဝေးဖိတ်ကြားစာ၊ Notice to Creditors Hanwha Consulting Services Myanmar Co., Ltd. (In Members' Voluntary Liquidation)၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၆(၁) အရ ကြော်ငြာစာ အောင်မြင်ခြင်းမှ အောင်မြင်ရေးသို့ အထွေထွေဝန်ဆောင်မှု ကုမ္ပဏီ လီမိတက် (SUCCESS TO SUCCESS GENERAL SERVICES COMPANY LIMITED)၊ စူပါမရီဒီယမ် ကုမ္ပဏီလီမိတက် (SUPER MERIDIAN CO., LTD.) ဖျက်သိမ်းရန် ကြေညာချက်၊ Ngwe Kyal Gone Company Limited (အစုရှင်များ၏ ဆန္ဒအရ ဖျက်သိမ်းဆဲ) နောက်ဆုံးအစည်းအဝေးဖိတ်ကြားခြင်း မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေ ပုဒ်မ- ၂၀၈ (င) NWM Company Limited မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မအရ ကုမ္ပဏီကို အစုရှယ်ယာရှင် များ ဆန္ဒအလျောက် ဖျက်သိမ်းရန် ကြေညာခြင်း၊ မရှိမဖြစ် ''ကိုယ်'' ကုမ္ပဏီ လီမိတက် (Essential ''Me" Company Limited) မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ-၂၀၆(၁)အရ ကုမ္ပဏီကို အစုရှယ်ယာရှင်များ ဆန္ဒအလျောက် ဖျက်သိမ်းရန်ကြော်ငြာခြင်း၊ ဟိုးလီး တက်(ခ်)နော်လော်ဂျီ(စ်) ကုမ္ပဏီလီမိတက် (HOLY TECHNOLOGIES COMPANY LIMITED) (အစုရှင်များ၏ဆန္ဒအရ ဖျက်သိမ်းဆဲ) မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ-၂၀၈ (င) အရ အပြီးသတ် နောက်ဆုံး အစည်းအဝေးဖိတ်ကြားခြင်း၊ မက်တဲလ် လင့်(ခ်) ကုမ္ပဏီ လီမိတက် (Metal Link Co.,Ltd.) (အစုရှင်များ၏ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ ပန်းတိုင်ရလဒ်များ ခရီးသွားလုပ်ငန်း ကုမ္ပဏီလီမိတက် (Destination Solutions Travel & Tours Company Limited) အပြီးသတ်စာရင်းရှင်းလင်းဖျက်သိမ်းခြင်းတို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့ တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။