ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၄၇)၊ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၄ ရက် ထုတ် စာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာ စာ၊ ပြည်ထဲရေး ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့် ကြော်ငြာစာ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် သစ်တောတက္ကသိုလ်၊ ရေဆင်း အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် IN THE MATTER OF THE MYANMAR COMPANIES ACT AND KOREA HANA MYANMAR COMPANY LIMITED NOTICE FOR VOLUNTARY WINDING UP UNDER SECTION 206 (1) & CLAIMS NOTICE၊ NOTICE Under Section 206 (1) Myanmar Companies Act. ASIA TRIPS (MYANMAR) COMPANY LIMITED နှင့် INDUS INTERNATIONAL LIMITED တို့၏ (Members Voluntary Winding - Up)၊ ထက်မိုးဝေ ကုမ္ပဏီလီမိတက် (HTET MOE WAI COMPANY LIMITED) အစုရှင်များ၏ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၆(၁)အရ မြန်မာအမ်(မ်) ပီသရီးမြူးဇစ် ကုမ္ပဏီ လီမိတက် (MYANMAR MP3 MUSIC COMPANY LIMITED) အား အစုရှယ်ယာဝင်များ၏ ဆန္ဒအလျောက် ဖျက်သိမ်းရန် ကြော်ငြာခြင်း၊ အမ် အီး ပီ အက်(စ်) အင်ဂျင်းနီးယားရင်း ကုမ္ပဏီလီမိတက် (MEPS Engineering Company Limited) အား အပြီးသတ် ဖျက်သိမ်းရန်အတွက် နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ Thit Htoo Zin Finance Myanmar Co., Ltd. ကို အစုရှင်များ ဆန္ဒအလျောက် ဖျက်သိမ်းရန် ကြေညာချက်၊ EAST NETWORK LIMITED၊ SWALLOW KING TRADING CO., LTD.၊ ခန့်ရေကြည် ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်၊ ရိုးမကျော် ကုမ္ပဏီလီမိတက်တို့၏ ဖျက်သိမ်းရန် ကြေညာချက် တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့ တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။