ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၄၆)၊ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၇ ရက် ထုတ် စာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ် ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာ စာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်သူ့လွှတ်တော် ကြေညာချက်၊ အမျိုးသား လွှတ်တော်ကြေညာချက်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်၊ ပြည်ထဲရေး ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ သာသနာရေနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့် ကြော်ငြာစာ၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန (ရုံးချုပ်) အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် ထက်မြက်သောစွမ်းအား လျှပ်စစ်ပစ္စည်း ကုမ္ပဏီလီမိတက် (SMART POWER ELECTRIC COMPANY LIMITED) နှင့် ရေကြောင်းနှင့် ကုန်သွယ်လုပ်ငန်း (မြန်မာ) လီမိတက် [Maritime & Trading (Myanmar) Limited] တို့၏ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ-၂၀၆(၁) အရ ကုမ္ပဏီကို အစုရှယ်ယာရှင်များ ဆန္ဒအလျောက် ဖျက်သိမ်းရန် ကြော်ငြာခြင်း၊ အာရှမက်(စ်) အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် (ASIA MAX INTERNATIONAL COMPANY LIMITED) အား အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ FORTUNE ENGINEERING COMPANY LIMITED နှင့် FORTUNE ELECTRIC MACHINERY COMPANY LIMITED တို့၏ ဖျက်သိမ်းရန်ကြေညာချက်၊ သတ္တုတောင်တန်း သတ္တုတူးဖော်ရေး ကုမ္ပဏီ လီမိတက် (METAL RANGE MINING COMPANY LIMITED)၊ ရတနာရွှေပင်ဟိန်း ကုမ္ပဏီလီမိတက် (YADANAR SHWE PIN HEIN COMPANY LIMITED)၊ လုံရီ ကျောက်မျက် ကုမ္ပဏီ လီမိတက် (LONG YI GEMS COMPANY LIMITED) နှင့် ပြည့်၀စိမ်းအောင် ကုမ္ပဏီ လီမိတက် (PYAE WA SEINN AUNG COMPANY LIMITED) တို့အား အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ဂိုး(လ်)ဒင်းပစ်တိုင်းထောင်ဆားဗစ် ကုမ္ပဏီလီမိတက် (အစုရှင်များ၏ ဆန္ဒအရစာရင်းရှင်းလင်း ဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေး တက်ရောက်ရန်ဖိတ်ကြားခြင်း၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ-၂၀၈(င) အရ ကြေညာစာ ထူးခြားကောင်းမွန်သော ရွေ့လျားမှုရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (Great Mobile Trading Company Limited) (ဆန္ဒအလျောက်ဖျက်သိမ်းဆဲ) နောက်ဆုံး အစည်းအဝေးဖိတ်ကြားစာတို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့ တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။