ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၂၁)၊ ၂၀၁၇ ခုနှစ် မေလ ၂၆ ရက်ထုတ် စာစောင်ကို စာပေဗိမာန် စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ အမျိုးသားလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမိန့်ကြော်ငြာစာ၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် အမိန့်ကြော်ငြာစာ၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်၊
အပိုင်း (၄) တွင် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ပုဒ်မ-၂၀၈(င) အရ ကြော်ငြာစာ ကြယ်တစ်ဆယ့်တစ်ပွင့် အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက် (ELEVEN STAR INTERNATIONAL COMPANY LIMITED) နှင့် ဒက္ခိဏကြယ်စင်များ ကုမ္ပဏီလီမိတက် (DEKHINA STARS COMPANY LIMITED) တို့အား အပြီးသတ်ဖျက်သိမ်းနိုင်ရန်အတွက် နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ မက်ဒစ်တေးရီးနီးယန်း အင်တင်နေရှင်နယ် အက်ဂျူကေးရှင်း ဆားဗစ်စစ်(စ်) ကုမ္ပဏီလီမိတက် (MEDITERRANEAN INTERNATIONAL EDUCATION SERVICES COMPANY LIMITED)၊ ဘလက်(ခ်) ဟော့(ဇ်) ကုမ္ပဏီလီမိတက် (BLACK HORSE COMPANY LIMITED) နှင့် မွန်းကရဲ (ဘ်) ကုမ္ပဏီလီမိတက် (MOON CRAB COMPANY LIMITED) တို့၏ အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ Notice Under Section 206 (1) Myanmar Companies Act. ALLIANCE ENERGY COMPANY LIMITED (Members Voluntary Winding - Up)၊ Myanmar CPAC Services Company Limited (Notice Under Section 208 -E)၊ PEOPLE MEDIA PUBLIC COMPANY LIMITED နှင့် ECO COMMUNICATION PUBLIC COMPANY LIMITED တို့၏ ဖျက်သိမ်းရန် ကြော်ငြာချက်၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ-၂၀၈(င) အရ ကြေညာစာ အောင်ပန်းဆင် ကုမ္ပဏီလီမိတက် (Aung Pan Sin Company Limited) (ဆန္ဒအလျောက်ဖျက်သိမ်းဆဲ) နောက်ဆုံး အစည်းအဝေးဖိတ်ကြားစာ၊ အီးအက်(ဖ်)အာ(ရ်) ဂလိုဘဲလ် လော့ဂျစ်တစ်က်စ် ကုမ္ပဏီလီမိတက် (E.F.R Global Logistics Co.Ltd.) အစုရှင်များ၏ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့ တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။