ပြည်ထောင်စု
သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်
ထုတ်ဝေရေး ဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၁၉ ခုနှစ် ဧပြီလ ၁၉ ရက်ထုတ် အတွဲ
(၇၂)၊ အမှတ် (၁၆) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့်
စတင် ဖြန့်ချိရောင်းချလျက် ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ်
မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင်
နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး
အမိန့်ကြော်ငြာစာ၊ e-ID စနစ်လုပ်ငန်းကော်မတီ
အမိန့်ကြော်ငြာစာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (ဝန်ကြီးရုံး)
အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာ
စာ၊ သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး)
အမိန့် ကြော်ငြာစာ၊
အပိုင်း (၂) တွင် အမျိုးသားလွှတ်တော်ရုံး
အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် မန်းမန္တလာ ဒီဗလော့(ပ်)မန့် ကုမ္ပဏီလီမိတက် (Man Mandalar Development Company Limited)၊ တော်ဝင်စားသောက်ကုန် ထုတ်လုပ်မှု ကုမ္ပဏီလီမိတက် (Imperial Food Production Company Limited) တို့၏ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) ပုဒ်မ ၃၄၅ နှင့် ၃၄၈ အရ အစုရှင်များ၏ ဆန္ဒအလျောက်ဖျက်သိမ်းရန် အထူးဆုံးဖြတ်ချက် ကြော်ငြာခြင်းနှင့် ကြွေးမြီတောင်းခံရန် ကြော်ငြာ၊ စွမ်းအားမြင့်ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (ဆန္ဒအလျောက် ဖျက်သိမ်းဆဲ) အစုရှင်များ၏ နောက်ဆုံးအစည်းအဝေးဖိတ်ကြားခြင်း မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအရ ပုဒ်မ ၃၅၇ (က) နှင့် (ခ) အရ၊ ကြီးမြတ်ကံကောင်းသော ကြယ်ပွင့်အထည်ချုပ် ထုတ်လုပ်မှု ကုမ္ပဏီလီမိတက် (Great Lucky Star Garment Manufacturing Company Limited) မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ အပြီးသတ်စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ စုပေါင်း အမျိုးသားရေနံနှင့်သဘာ၀ဓာတ်ငွေ့ ကုမ္ပဏီ လီမိတက် (United Nations Oil & Gas Company Limited) မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ ၂၀၆ (၁) အရ ကုမ္ပဏီကို အစုရှယ်ယာရှင်များ ဆန္ဒအလျောက် ဖျက်သိမ်းရန် ကြော်ငြာခြင်း၊ T. Z. W. A CONSTRUCTION CO., LTD၊ Notice Under Section 348 of the Myanmar Companies Law BEON CHANG CO., LTD (In Members' Voluntary Winding-Up)၊ Notice Under Section 345 (B) of The Myanmar Companies Act BINTAI KINDENKO ENGINEERING MYANMAR COMPANY LIMITED (In Voluntary Liquidation)၊ မြန်မာဘိလပ်မြေနှင့် ဓာတ်သတ္တု တူးဖော်ထုတ်လုပ်မှု ကုမ္ပဏီလီမိတက် (MYANMAR CEMENT & MINERAL PRODUCTION COMPANY LIMITED)၊ ထရပ်(စ်)အဗီရေးရှင်း ဆပ်ပလိုင်း(စ်) ကုမ္ပဏီလီမိတက် (TRUST AVIATION SUPPLIES COMPANY LIMITED)၊ မြန်မာဖော်အဲဗား ကွန်စထရက်ရှင် ကုမ္ပဏီလီမိတက် (MYANMAR FOREVER CONSTRUCTION COMPANY LIMITED)၊ မြန်မာနွယ်အစားအစာနှင့် အဖျော်ယမကာ ထုတ်လုပ်မှု ကုမ္ပဏီလီမိတက် (MYANMAR NWE FOOD & BEVERAGES PRODUCTION COMPANY LIMITED) နှင့် ချဲနဲလ် မားကတ်တင်း ကုမ္ပဏီလီမိတက် (CHANNEL MARKETING COMPANY LIMITED) တို့အား အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ Asia Royal Trading Co.,Ltd မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၃၄၈ အရ ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်ကြောင်း ကြေညာချက်၊ Notice of Special Resolution UKEAS - MENTOR INTERNATIONAL CO.,LTD For Members' Voluntary Winding-Up Pursuant to Section 348 of the Myanmar Companies Law တို့ ပါဝင်သည်။
ယခုအပတ်ထုတ်
ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ
တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို
အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁
နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ
စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက်
ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။