ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၁)၊ အမှတ် (၃၀)၊ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၇ ရက်ထုတ် စာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်း တွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ အမျိုးသား လွှတ်တော် ကြေညာချက်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင် အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့် ကြော်ငြာစာ၊ သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် ရွှေချမ်းဟိန်း ကုမ္ပဏီလီမိတက် (တရားရုံးက ကြီးကြပ်ကွပ်ကဲ၍ စာရင်းရှင်းလင်း ဖျက်သိမ်းဆဲ)၊ အေးရှ စလု(တ်) ကုမ္ပဏီလီမိတက် (Asia Salute Company Limited) နှင့် မြန်မာ ထရိုင်စတား ကုမ္ပဏီလီမိတက် (Myanmar Tri Star Company Limited) မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေပုဒ်မ-၂၀၆(၁)အရ ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းကြောင်း ကြေညာခြင်း၊ တိုတယ်ဂိမ်းပလေး ကုမ္ပဏီလီမိတက် (တရားရုံးအမိန့်အရ ဖျက်သိမ်းဆဲ) မြီရှင်များ သို့ သတိပေးချက်၊ LEGACY CORP (MYANMAR) CO., LTD. ဖျက်သိမ်းရန် ကြော်ငြာချက်၊ AYEYAR PLASTIC CENTRE COMPANY LIMITED Notice Under Section 206 (1) of The Myanmar Companies Act (In Voluntary Liquidation)၊ AERIAL CLEAN ENTERPRISE LTD. (Members Voluntary Winding-up)၊ ဂျေအင်(န်)ပီ (မြန်မာ) ကုမ္ပဏီ လီမိတက် [J & P (MYANMAR) COMPANY LIMITED]၊ အာဒီ တက်(ခ်) ကုမ္ပဏီလီမိတက် (RD TECH COMPANY LIMITED)၊ အမ်အမ် အက်စက်(တ်) ကုမ္ပဏီလီမိတက် (MM ASSET COMPANY LIMITED) နှင့် တက်(ချ်)ပလပ်(စ်) ကုမ္ပဏီလီမိတက် (TECH PLUS COMPANY LIMITED) တို့၏ အစုရှင်များ၏ဆန္ဒအရ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းတို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။