• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး
သမိုင်းအကျဉ်းသို့ ဆက်လက်ဖတ်ရှုရန််

၈။ စာအုပ်များပုံနှိပ်ခြင်းနှင့် ပုံနှိပ်စက်များဝယ်ယူခြင်း

၁၂။ အဆင့်ဆင့်ပြင်ဆင်ပြီးသော စာမူနှင့်ရုပ်ပုံ၊ ဓာတ်ပုံတို့ကို အင်္ဂလန်ရှိ ဟေကယ်ဝပ်ဆင်ဗိုင်းနေးလီမိတက် ပုံနှိပ်တိုက်သို့ပို့၍ ပုံနှိပ်ခဲ့ပါသည်။ ထို့နောက် ၁၉၅၂ ခုနှစ် ဇွန်လမှစတင်၍ မြန်မာ့စွယ်စုံကျမ်းတွဲများကို ပုံနှိပ်ရာ ၁၉၅၄ ခုနှစ်တွင် အတွဲ(၁) (က-ကု)၊ ၁၉၅၅ ခုနှစ်တွင် အတွဲ(၂) (ကျ-ခွံ)၊ ၁၉၅၆ ခုနှစ်တွင် အတွဲ(၃) (ဂ-စင်း)၊ ၁၉၆၀ ပြည့်နှစ် အတွဲ(၄) (စောင်း-တူ)၊ ၁၉၆၁ ခုနှစ်တွင် အတွဲ(၅) (တူ-နိ)တို့ကို အင်္ဂလန်တွင် ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပါသည်။ ၁၉၆၂ ခုနှစ်တွင်ထုတ်ဝေသည့် အတွဲ(၆) (နီ-ပစ်)မှ စတင်၍ မြန်မာနိုင်ငံ၊ စာပေဗိမာန်ပုံနှိပ်တိုက်တွင် ပုံနှိပ်ခဲ့ပါသည်။

၁၃။ အသင်းပထုတ်ဝေမည့် စာအုပ်များကို ပုံနှိပ်စက်သစ် စက်ကောင်းများဖြင့် ပုံနှိပ်လို၍ အုပ်ချုပ်မှုကောင်စီသည် အင်္ဂလန်နိုင်ငံမှ ပုံနှိပ်စက်သစ်များ ဝယ်ယူရန် ၁၉၄၇ ခုနှစ်တွင် အနောက်နိုင်ငံသို့ သွားသော ဦးတင်(မြန်မာ့အလင်း)ကို မှကြားခဲ့သည်။ သို့သော် ပုံနှိပ်စက်သစ်များ အလွယ်တကူ မရနိုင်ဘဲ (၂) နှစ်၊ (၃) နှစ်ခန့် စောင့်ရမည်ဖြစ်၍ အောက်ပါစက်များကို ဝယ်ယူခဲ့ပါသည် -

# စက်အမျိူးအစား ဝယ်ယူသည့်ရက်စွဲ
(က) ဒါဘယ်ဒီမိုင်းပုံနှိပ်စက်ဟောင်းကြီးတစ်ခု ၁၉၄၈ ခုနှစ် သြဂုတ်လ
(ခ) စက္ကူ ဖြတ်စက်တစ်ခု ၁၉၄၈ ခုနှစ် စက်တင်ဘာလ
(ဂ) ရောင်စုံ ခြေနင်းစက်တစ်ခု ၁၉၄၈ ခုနှစ် စက်တင်ဘာလ
(ဃ) ဒါဘယ်ကရောင်း ပုံနှိပ်စက်ဟောင်းတစ်ခု ၁၉၄၉ ခုနှစ် ဧပြီလ
(င) ရောင်စုံ ခြေနင်းစက်တစ်ခု ၁၉၅၁ ခုနှစ် ဒီဇင်ဘာလ
(စ) ရောင်စုံ ခြေနင်းစက်တစ်ခု ၁၉၅၂ ခုနှစ် ဧပြီလ

၁၄။ အသင်းက ပြုစုတည်းဖြတ်ပြီး ပုံနှိပ်ရန် အသင့်ဖြစ်နေသော စာမူများစွာရှိနေသဖြင့် ဖော်ပြပါ စက်ကြီး ၂ လုံး၊ စက်ကလေး ၃ လုံးနှင့် မလုံလောက်သောကြောင့် ပြင်ပုံနှိပ်တိုက်ကြီး/ ငယ် (၈) တိုက်တွင် စာအုပ်များ အပ်နှံ ရိုက်နှိပ်ခဲ့ရပါသည်။ နောက်ပိုင်းတွင် စာပေဗိမာန်ပုံနှိပ်စက်များ၌ အခြားစာအုပ်များ မရိုက်နှိပ်တော့ဘဲ လစဉ်စောင်ရေ (၂၁၀၀၀) အချိန်မီထွက်ရမည့် စာပေဗိမာန်မဂ္ဂဇင်း တစ်ခုတည်းကိုသာ ပုံနှိပ်ခဲ့ပါသည်။

၁၅။ ထို့နောက် အမေရိကန်နိုင်ငံမှ စာပုံနှိပ်စက်၊ စာလုံးစီစက်၊ ခဲစာလုံးစက်၊ စာအုပ်ချုပ်စက်စသော ပုံနှိပ်လုပ်ငန်းဘက်ဆိုင်ရာ စက်အမျိူးမျိူး မှာယူခဲ့ပြီး စက်များထားရန် စက်ရုံကြီးကိုလည်း စာပေဗိမာန် အနီးတွင် တည်ဆောက်ခဲ့ပါသည်။

၁၆။ စာပေဗိမာန်က စာမူတစ်မျိူးလျှင် အနည်းဆုံး အုပ်ရေ (၃၀၀၀) မှ (၄၅၀၀၀) ကျော်အထိ ပုံနှိပ်ပြီးနောက် စာအုပ်အဖြစ် ချုပ်ရသဖြင့် စာအုပ်ချုပ်ဌာနတွင် ဖွဲ့စည်းပေးခဲ့ပါသည်။ တစ်လလျှင် စာပေဗိမာန်မှ စာမူ ၃၊ ၄ မျိူးကို ပြင်ပပုံနှိပ်များက ရိုက်နှိပ်ပေးသဖြင့် စာပေဗိမာန်စာအုပ်ချုပ်ဌာနတစ်ခုတည်းက နိုင်နင်းစွာ ချုပ်မပေးနိုင်၍ ပြင်ပစာအုပ်ချုပ်ဌာနာ ၃ ခုနှင့် ဆက်သွယ်၍ စာပေဗိမာန်ထုတ် စာအုပ်များကို ချုပ်ခဲ့ရပါသည်။

စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • သုတပဒေသာစာစောင်
  • ပြိုင်ပွဲများ
  • ရွှေသွေး
  • အရောင်းဌာန
  • စာပေဗိမာန်
  • စာအုပ်များ
  • ပုံနှိပ်ရေး
  • စာကြည့်တိုက်
  • စာပေရေချမ်းစင်
  • စာမူများ
books
  • ၁-၄-၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၃)ထွက်ရှိ

    31-Mar-2023
  • ၂၀၂၃ ခုနှစ်၊ မတ်လ (၂၄) ရက်ထုတ် အတွဲ (၇၆) ၊ အမှတ်(၁၂) ပြန်တမ်းစာစောင် e-book

    29-Mar-2023
  • ၁၅- ၃- ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၂) e-book

    28-Mar-2023
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2023 Sarpay Beikman - ALL RIGHTS RESERVED

Powered By Myanmar Links