• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး
သမိုင်းအကျဉ်းသို့ ဆက်လက်ဖတ်ရှုရန််

၁၁။ အစိုးရ၏ ထောက်ပံ့မှုများ

၂၃။ စာပေဗိမာန် တည်တံ့ခိုင်မြဲစေရန် ပြည်ထောင်စုနိုင်ငံတော်အစိုးရသည် ၁၉၄၇ ခုနှစ်တွင် စာပေဗိမာန်သို့ ထောက်ပံ့ကြေးငွေ ကျပ်သုံးသိန်း ချီးမြှင့်ခဲ့ပါသည်။ ထို့ပြင် ငွေ ကျပ်ခုနှစ်သိန်းကို အတိုးမဲ့ ချေးငှားပေးခဲ့ပါသည်။ စာပေဗိမာန်က အစိုးရပြန်ကြားရေးဌာနသို့ ပေးသွင်းရသော စာအုပ်ဖိုး သင့်ငွေများဖြင့် ခုနှိမ်ခဲ့ရာ ၁၉၅၀ ပြည့်နှစ် မေလတွင် ချေးငွေ ခုနှစ်သိန်းကို ပြန်လည် ပေးဆပ်နိုင်ခဲ့ပါသည်။

၂၄။ ထို့ပြင် နိုင်ငံတော်အစိုးရက၊ ကျောင်းသုံးစာအုပ်များ ပြုစုထုတ်ဝေနိုင်ရန်အတွက် ၁၉၅၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ထောက်ပံ့ကြေးငွေ တစ်သိန်းကိုလည်းကောင်း၊ မြန်မာ့စွယ်စုံကျမ်းကြီး ပြုစုထုတ်ဝေနိုင်ရေးအတွက် ၁၉၅၁ ခုနှစ် ဇူလိုင်လတွင် ထောက်ပံ့ကြေးငွေ သုံးသိန်းကိုလည်းကောင်း၊ စာပေဗိမာန်အဆောက်အဦကို ပြင်ဆင်မွမ်းမံရန်နှင့် တိုးချဲ့တည်ဆောက်ရန်အတွက် ၁၉၅၂ ခုနှစ် ဇူလိုင်လတွင် ထောက်ပံ့ကြေးငွေ ငါးသိန်းကိုလည်းကောင်း ချီးမြှင့် ထောက်ပံ့ခဲ့ပါသည်။

၂၅။ ၁၉၄၇ ခုနှစ်တွင် အသင်းမှတ်ပုံတင် အက်ဥပဒေ(The Societies Registration Act) အရ မှတ်ပုံတင်အမှတ် 11 of 46/47 ဖြင့် မှတ်ပုံတင်ထားသော မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (စာပေဗိမာန်)မှ လွှဲပြောင်းရရှိသည့်အသင်း ရန်ပုံငွေ၊ စာပေဗိမာန်အနေဖြင့် နိုင်ငံခြားမှရရှိခဲ့သော အထောက်အပံ့ရန်ပုံငွေများနှင့် ဤဥပဒေတွင် ပြဌာန်းပါရှိသည့် လုပ်ငန်းများကို ဆောင်ရွက်ရာ၌ အဖွဲ့ကရရှိသည့် ဝင်ငွေအားလုံးကို အစိုးရငွေစာရင်းရငွေအဖြစ် စာရင်းသွင်းရပါသည်။ ထိုရန်ပုံငွေများနှင့် အဖွဲ့၏ဝင်ငွေများကို အဖွဲ့၏ အသုံးစရိတ်များအတွက် သုံးစွဲခြင်း မပြုရပါ။

၂၆။ အဖွဲ့၏ အသုံးစရိတ်များ [ မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း(စာပေဗိမာန်)က ပေးရန်ရှိသည့် ကြွေးမြီးများ အပါအဝင်]ကို အစိုးရအခြားဌာနများနည်းတူ ငွေစာရင်းမင်းကြီးထံ ငွေတောင်းခံလွှာများ တင်သွင်း၍ ထုတ်ယူသုံးစွဲရပါသည်။

စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • ပြည်သူ့လက်စွဲစာစဉ်
  • ရွှေသွေး
  • အရောင်းဌာန
  • စာအုပ်များ
  • စာကြည့်တိုက်
  • စာမူများ
  • ပုံနှိပ်ရေး
  • ပြိုင်ပွဲများ
  • စာပေဗိမာန်
  • စာပေရေချမ်းစင်
books
  • ၂၀၂၃ ခုနှစ်၊ မတ်လ (၁၇) ရက်ထုတ် အတွဲ (၇၆) ၊ အမှတ်(၁၁) ပြန်တမ်းစာစောင် e-book

    21-Mar-2023
  • ၁၈ - ၃ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၁) e-book

    20-Mar-2023
  • ၁၈ - ၃ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၁) ထွက်ရှိ

    16-Mar-2023
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2023 Sarpay Beikman - ALL RIGHTS RESERVED

Powered By Myanmar Links