၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ် အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်မှစတင်၍ အသွင်သစ်ဖြင့် ထုတ်ဝေခဲ့ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလထုတ် သုတပဒေသာစာစောင်၌ မြန်မာနိုင်ငံငြိမ်းချမ်းရေးဖော်ဆောင်မှု (မျက်နှာဖုံးဆောင်းပါး) တွင် ငြိမ်းချမ်းရေးနှင့် ဥပဒေအမြင်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အမျိုးသမီးများကဏ္ဍ၊ ကဗျာကဏ္ဍတွင် မွေးကင်းစ ပီတိ၊ အမှောင်ထဲက ကြုံးဝါးသံ၊ ရွေးကောက်ပွဲဆိုင်ရာကဏ္ဍတွင် ရွေးကောက်ပွဲစီမံခန့်ခွဲသူများ၏ ဆက်ဆံရေး၊ ရွေးကောက်ပွဲအမည်စာရင်း ထည့်သွင်းခြင်း၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာ ကဏ္ဍတွင် ဘာပဲဖြစ်ဖြစ်၊ အကောင်းဆုံးလုပ်ရင်း အောင်မြင်မှုယူမယ်၊ နှလုံးသားအသစ်၊ အောင်မြင်ချင်လျှင် ဆရာကောင်းကိုရှာ၊ လူငယ်ဆိုင်ရာကဏ္ဍတွင် လူငယ်နှင့် ခရီးသွားခြင်း၊ ခေါင်းဆောင်အတွက် အိတ်တစ်လုံး၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် Walmart စူပါမားကတ်နှင့် ဆမ်ဝေါ်လ်တန် နိုင်ငံတကာ ရေးရာကဏ္ဍတွင် ဂျပန်နိုင်ငံ၏ လုံခြုံရေးဆိုင်ရာ ဥပဒေသစ်၊ သဘာ၀ပတ်၀န်းကျင်ရှုထောင့် ဆိုင်ရာကဏ္ဍတွင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်း၊ နွေနှင့်ရေ၊ ကြည်နူးဖွယ်ရာ ဥယျာဉ်သာ၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆေးလောကမှ ဖြစ်ရပ်ဆန်းများ၊ ၂၀၁၆ ခုနှစ် ဆေးပညာ တိုးတက်မှုများ၊ ဆန်းသစ်ဖွေရှာ ဆေးပညာ (၁၈၁)၊ လေဖြတ်မှု အငယ်စား၊ အစာစားချိန်နှင့် ခန္ဓာကိုယ်သွယ်လျမှု၊ ကျန်းမာရေးအတွက်ပြေးလွှားခြင်း၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကဏ္ဍတွင် ဓာတ်အားပေးစက်ရုံ ရေယာဉ်များ၊ သိပ္ပံပညာ ရာဇ၀င်သမိုင်း၊ အိုင်စီတီ ဖွံ့ဖြိုးရေးအတွက် မျှော်လင့်ချက်များ၊ မှန်သားဖြင့် ထူးခြားတီထွင်မှုမျာ၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် အလုပ်မရှိတော့လျှင်၊ သမက်အိမ်ထက် မျက်နှာမငယ်ရတဲ့ ယောက္ခမ၊ ၀တ္ထုတိုကဏ္ဍတွင် အလှဗေဒ ဝေငှခဲ့လေသူ၊ အထွေထွေကဏ္ဍတွင် သုတတိုထွာ၊ ဖတ်သမျှ ဒဿန၊ ဟာသတို့ ပါ၀င်ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်၊ ဖုန်း-၀၆၇-၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း-၀၂-၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ၀ယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူ နိုင်ပါသည်။