၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှစတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၄ ခုနှစ်၊ ဇွန်လထုတ်မှ စတင်၍ အသွင်သစ်ဖြင့် ထုတ်ဝေခဲ့ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၁၆ ခုနှစ် အောက်တိုဘာလထုတ် သုတပဒေသာ စာစောင်၌ ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့် (မျက်နှာဖုံးဆောင်းပါး) တွင် ဉာဏပစ္စည်းနှင့် ဥပဒေအမြင်၊ နိုင်ငံတော်၏ စီးပွားရေးအနာဂတ်နှင့် မူပိုင်ခွင့်ဥပဒေ၊ မြန်မာနိုင်ငံနှင့် မူပိုင်ခွင့်ဥပဒေ၊ ကဗျာကဏ္ဍတွင် မှောင်မိုက်ညတာ မတွေ့ဖူးပါ၊ ချစ်သမျှကို (၂)၊ ပညာရေးကဏ္ဍတွင် တက်ခနိုကရေစီ ပညာခေတ်၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် တတိယမြောက် ပညတ်တော်၊ သုတဘဏ္ဍာတိုက်ကို ပြောင်းလဲ၊ အကောင်းဆုံးဘ၀နေနည်း နည်းလမ်းငါးသွယ်၊ ၂၁ ရာစု Corporate Culture၊ ပြည်သူ့ကျင့်ဝတ်နှင့် နီတိဆိုင်ရာကဏ္ဍတွင် လူငယ်နှင့်မိဘကြား ကိုယ်ချင်းစာတရား၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာကဏ္ဍတွင် တာယာရွေးချယ်မှု မှန်ကန်ပါစေ၊ သိပ္ပံပညာ ရာဇဝင်သမိုင်း၊ နေစကြ၀ဠာ အစွန်အဖျားနယ်ပယ်၊ လေသင်္ဘောများ၏ ရွှေရောင် ခေတ်ဆီသို့၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် မြို့ပြဒေသမှ ကျေးလက် လယ်ယာလုပ်ငန်းသို့၊ တရုတ်နိုင်ငံ၏ Limousime မော်တော်ကား၊ ယဉ်ကျေးမှုဆိုင်ရာကဏ္ဍတွင် တက္ကသီလာ ကျောင်းတော်ကြီး၊ သဘာ၀ပတ်ဝန်းကျင်ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ကမ္ဘာ့အိမ်သာအဖွဲ့၊ မူးယစ်ဆိုင်ရာကဏ္ဍတွင် မူးယစ်ဆေးဝါးနှင့် နိုင်ငံ့အန္တရာယ်၊ မူးယစ်ဆေးဝါးနှင့် လူ့အခွင့်အရေး၊ မူးယစ်ဆေးဝါးကင်းစင်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး၊ ကျန်းမာရေး ဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၁၇၈)၊ AIDS အကြောင်းသိကောင်းစရာ၊ ပါကင်ဆန်ရောဂါနှင့် အတူနေခြင်း၊ ရေဓာတ်များသည့် အစားအစာများ၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် လေထဲတွင် ကယ်တင်ခြင်း၊ ဣတ္ထိယသံတမန် ၀တ္ထုတိုကဏ္ဍတွင် ကွန်းလုံအစေခံကြီး၊ အထွေထွေကဏ္ဍတွင် နိုင်ငံသားအခွင့်အရေးများ၊ ဟာသ တို့ ပါဝင်ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်စျေး၊ နေပြည်တော်၊ဖုန်း ၀၆၇-၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင် ၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ၀၂-၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကား မှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ် မှာယူနိုင်ကြောင်း သတင်းရရှိသည်။