• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

စာပေဗိမာန်

  1. TAGGED AS
  2. စာပေဗိမာန်

၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုများ ထုတ်ပြန်ကြေညာ

05-Dec-2020
စာပေဗိမာန်,
SPBM

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ကြီးမှူးကျင်းပသည့်  ၂၀၁၉ ခုနှစ်အတွက်  စာပေဗိမာန် စာမူဆုပြိုင်ပွဲတွင် ဆုရရှိသော စာမူများနှင့် စာရေးဆရာများ၏ အမည်စာရင်းကို စာပေဗိမာန် စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့က  ထုတ်ပြန်ကြေညာသည်။

ဝတ္ထုရှည်ဆုတွင် ပထမဆုကို နွေကံ့ကော် (မြို့လှ) ၏ မော်စကိုမှာဝေတဲ့ နှင်း၊ ဒုတိယဆုကို  မောင်အင်း (ဥက္ကံ)၏ သဲရေစစ်၊ တတိယဆုကို သဉ္ဇာလှိုင် (လားရှိုး) ၏ နေထိပန်းနွမ်းသော်လည်း စာမူများကလည်းကောင်း၊ ဝတ္ထုတိုပေါင်းချုပ်ဆုတွင် ပထမဆုကို နန္ဒာခင် (သက္ကလမြေ) ၏ အဖေ့ခြံနှင့် အခြားရသ ဝတ္ထုတိုပေါင်းချုပ်၊ ဒုတိယဆုကို သက်သက်နွယ်၏ လမင်းစန္ဒာလင်းပါစေနှင့် အခြားဝတ္ထုတိုများ၊ တတိယဆုကို သောင်းမြင့်ဦး (ကွမ်းခြံကုန်း) ၏ နားဝင်ပီယံခလောက်သံနှင့် အခြားဝတ္ထုတိုများ စာမူများကလည်းကောင်း၊ ကဗျာပေါင်းချုပ်ဆုတွင် ပထမဆုကို ယဉ်ယဉ် (မင်းကန်) ၏ မနွမ်းပန်းခင်းကဗျာများ၊ ဒုတိယဆုကို ချစ်စုအောင်၏ မုဒိတာရင်ခွင်ကဗျာများ စာမူများကလည်းကောင်း၊ သုတပဒေသာ (ဝိဇ္ဇာ) ဆုတွင် ပထမဆုကို ရဲမင်းထက် (မြန်မာစာ) ၏ ဇာတကနောက်ခံ ရခိုင်သားခြင်းများ၏ အပြောက်အမွမ်း၊ ဒုတိယဆုကို လှိုင်းနန္ဒာ (တမာမြေ)၏ မိုင်းပွန်အာဇာနည် စစ်တမ်းရှာပုံတော် စာမူများကလည်းကောင်း၊ သုတပဒေသာ (ရိုးရိုးသိပ္ပံနှင့် အသုံးချသိပ္ပံ) ဆုတွင် ပထမဆုကို ‌ဒေါက်တာဆုမွန်လွင်၏ ကြောင်ချစ်သူများ သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ၊ ဒုတိယဆုကို မောင်အောင်၏ နို့နှင့်နို့ထွက်ပစ္စည်း လက်တွေ့ထုတ်လုပ်နည်းများ စာမူများကလည်းကောင်း၊ စာပဒေသာဆုတွင်ပထမဆုကို ဦးရဲ‌ဒွေး၏ရုပ်သေးသဘင်သုံး ဇာတ်စာ ဇာတ်စကားများ၊ ဒုတိယဆုကို ကိုညိုကြီး၏ မြောက်ကျောင်းသားကြီး ခရီးဝင်္ကပါ၊ တတိယဆုကို  တင့်ထွန်း (ချောက်) ၏ အကြီးတော်ချုပ် စာမူများကလည်းကောင်း၊  မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဆုတွင် ပထမဆုကို လွင်မြန်မာ (မန်းတက္ကသိုလ်) ၏  မြန်မာ့ရွှေချည်ထိုး၊ ဒုတိယဆုကို မိုးမြင့်ဝင်း  (မဟာဝိဇ္ဇာ)၏ မဟာဂီတတွင်    ဖွဲ့ဆိုခဲ့သော   မင်းခမ်းတော်များ၊ တတိယဆုကို  မင်းဗေဒါ (ပွင့်ဖြူ) ၏ စာရွက်ပေါ်မှာ ရုပ်ရှင်ရိုက်ခြင်း  (ရုပ်ရှင်ဇာတ်ညွှန်းအနုပညာ လေ့လာချက်) စာမူများကလည်းကောင်း၊ ကလေးစာပေဆုတွင် ပထမဆုကို ကန့်ဘလူခင်မောင်ဆွေ ၏ စက္ကူကျားနှင့်ရွှံ့ရုပ် နွားကလေးကဗျာများ၊ ဒုတိယဆုကို ကိုထွန်းရင် (အဏ္ဏဝါ) ၏ စက္ကူလှေကလေးလွှတ်ကြမယ် ကလေးကဗျာများ၊ တတိယဆုကို ထက်ဝေအောင် (စစ်ကိုင်း) ၏ ပန်းတိုင်း ပွင့်ခွင့်ရှိပါသည်နှင့် အခြားကလေး ဝတ္ထုတိုများ စာမူများကလည်းကောင်း၊ လူငယ် စာပေဆုတွင် ပထမဆုကို ရန်ကုန်ဌေးဇော်၏  အသက်ရှည်ပါရေ၊ ဒုတိယဆုကို အေပရယ်ယုနိုင် (ရွှေတောင်) ၏ မမဆိုသော သမီးကြီး၊ တတိယဆုကို ကိုရွှေရင်အေး၏ ရွာကြီးတစ်ရွာသို့ အလည်တစ်ခေါက် စာမူများကလည်းကောင်း၊ နိုင်ငံရေးစာပေဆုတွင် ဒုတိယဆုကို ဇွဲသန်းသျှင်း (သုံးဆယ်) ၏ ကချင်ပြည်နယ် တိုင်းရင်းသားများ၏ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း စာမူကလည်းကောင်း၊ ပြဇာတ်စာပေဆုတွင် ဒုတိယဆုကို မောင်မြေနီ (တမာတော)၏ တစ်နေ့နေ့ထဲက တစ်နေ့၊ တတိယဆုကို ရွှေရင်းမာ၏ ပျူသွေးစာမူများကလည်းကောင်း၊ ဘာသာပြန်စာပေ (သုတ) ဆုတွင် ပထမဆုကို ဒီပံလင်း၏ နောက်ဆုံးကျန်သော ရေတစ်စက် - ရေနိုင်ငံရေး စာမူကလည်းကောင်း၊ ဘာသာပြန်စာပေ (ရသ) ဆုတွင် ပထမဆုကို ဇော်ဦးငြိမ်း၏ ဗွီအက်(စ်) နိုင်ပေါလ်၊ စိတ်ကူးရောင်စုံဝတ္ထုတိုများ စုစည်းမှု စာမူကလည်းကောင်း ရရှိကြသည်။

စာပေဗိမာန်စာမူဆုများကို ပထမဆုငွေကျပ် ၁၀ သိန်း၊ ဒုတိယဆု ငွေကျပ် ခုနစ်သိန်း၊ တတိယဆုငွေကျပ် ငါးသိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာ ရှင်များနှင့် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူများ ပါဝင်သော ပုဂ္ဂိုလ် ၂၇ ဦးဖြင့် ဖွဲ့စည်းထားပြီး ၂၀၁၉ ခုနှစ်အတွက် ပြိုင်ပွဲသို့ တင်သွင်းလာသော စာမူ ၂၈၇ စောင်ကို သက်ဆိုင်ရာ ဘာသာရပ်အလိုက်ခွဲခြားပြီး ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြု အဆင့်ဟူသော အဆင့် သုံးဆင့်ဖြင့် စနစ်တကျစိစစ်ရွေးချယ် ခဲ့ကြသည်။

 ဆုရရှိသူများသည် ရန်ကုန်မြို့ အမှတ် ၅၂၉- ၅၃၁၊ ကုန်သည်လမ်း စာပေဗိမာန်ရှိ စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီ ဖုန်း ၀၁- ၃၈၁၄၄၉ သို့ အမြန်ဆုံးဆက်သွယ် ကြရန်နှင့် (၅ x ၈) လက်မရောင်စုံဓာတ်ပုံနှစ်ပုံနှင့် ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံနှစ်ပုံစီကို ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်နှင့်အတူ (ကြေညာသည့်ရက်မှတစ်ပတ်အတွင်း) ပေးပို့ရန် နှိုး‌ဆော်ထားကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်သည့် ကာလဖြစ်သဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏  ညွှန်ကြားချက်များနှင့်အညီ ၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုချီးမြှင့်ပွဲအခမ်းအနားကို   ရန်ကုန်မြို့တွင်ကျင်းပမည်ဖြစ်ပြီး အခမ်းအနားကျင်းပမည့် ရက်နှင့်နေရာကို    ထပ်မံအသိပေး ကြေညာမည် ဖြစ်ကြောင်း သိရသည်။



related topics

စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

05-Dec-2020
စာပေဗိမာန်,
SPBM

စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

05-Dec-2020
စာပေဗိမာန်,
SPBM

စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

05-Dec-2020
စာပေဗိမာန်,
SPBM
စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်သမိုင်းအကျဉ်း

သမိုင်းအကျဉ်း

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာပေရေချမ်းစင်
  • စာအုပ်များ
  • အခမ်းအနားများ
  • စာပေဗိမာန်
  • စာကြည့်တိုက်
  • စာမူများ
  • ပြည်သူ့လက်စွဲစာစဉ်
  • ပြိုင်ပွဲများ
  • သုတပဒေသာစာစောင်
  • ရွှေသွေး
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman