• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

စာပေဗိမာန်

  1. TAGGED AS
  2. စာပေဗိမာန်
၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုများ ထုတ်ပြန်ကြေညာ

၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုများ ထုတ်ပြန်ကြေညာ

05-Dec-2020
စာပေဗိမာန်,
SPBM

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ် ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင်  မြန်မာစာပေအကျိုးကို  ထူးချွန် ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ် ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့်  စာရေးဆရာကြီး ဦးအံ့မောင် (အံ့မောင်) နှင့် စာပေပညာရှင်  ဆရာကြီး ဦးညွန့်မောင် (မောင်မောင်ညွန့်- မန်းတက္ကသိုလ်) တို့အား ၂၀၁၉ ခုနှစ်အတွက်  အမျိုးသားစာပေ တစ်သက်တာ ဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်လိုက်ကြောင်း သိရသည်။

ထိုနည်းတူ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီသည် ၂၀၁၉ ခုနှစ်အတွင်း ပထမ အကြိမ် ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ် ခံရသော စာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာရာ ဝတ္ထုရှည်ဆု တွင် မိုးကျော်ဇင် ရေးသားသည့် ငါးဖမ်းသမားစာအုပ်  (ကံ့ကော်ဝတ်ရည်စာပေ)၊ ဝတ္ထုတိုဆုတွင်   နတ်မောက်အနီချို  ရေးသားသည့် လမ်းဆုံးတော့ရွာ မဂ္ဂဇင်းဝတ္ထုရှည်များ စာအုပ် (လင်းလွန်းခင် စာပေတိုက်)၊ ကဗျာဆုတွင် ပန်ဒိုရာ ရေးသားသည့် ခရုပစ်လောင်ချာ စာအုပ် (နှစ်ကာလများ စာပေ)၊  စာပဒေသာဆုတွင်  ဉာဏ်ဝေ (မြစ်သာမြေ) ရေးသားသည့် နှင်းတောင်တန်းက ပန်းဥယျာဉ် စာအုပ် (ဆိပ်ကမ်းသာစာပေ)၊   ဘာသာပြန်  (သုတ) ဆုတွင် ဘိုးလှိုင်ဘာသာပြန်ဆိုသည့် ဂျဝါဟာလား နေရူး၏ လျှပ်တစ်ပြက် ကမ္ဘာ့သမိုင်းစာအုပ် (နှင်းဆီဖြူစာပေ)၊ ဘာသာပြန် (ရသ) ဆု တွင် စိန်ဝင်းစိန်ဘာသာပြန်ဆိုသည့် ဝါဆောကရုပ်သေး ဆရာလေးစာအုပ်  (လင်းလွန်း ခင်စာပေတိုက်)၊  သုတပဒေသာ (ဝိဇ္ဇာ) ဆုတွင် ဒေါက်တာဇော်နိုင်ရေးသားသည့် ၂၀ရာစု မြန်မာကဗျာများ ပြောင်းလဲဖြစ်တည်လာပုံ စာအုပ် (မိုးသောက်ပန်း စာအုပ်တိုက်)၊ သုတပဒေသာ (အသုံးချသိပ္ပံ) ဆုတွင် ဒေါက်တာလှကြည် (အာဟာရဆရာဝန်ကြီး) ရေးသားသည့် ကင်ဆာရောဂါနှင့် မြန်မာ့အစားအစာ စာအုပ် (ရှင်မတောင်စာပေ)၊ နိုင်ငံရေးစာပေဆုတွင် ဆင်ဖြူကျွန်းသန်းထွန်း ရေးသားသည့် မြန်မာ့နိုင်ငံခြားဆက်ဆံရေးများစာအုပ် (Quality Publishing House)၊ ရသစာတမ်း (အက်ဆေး) ဆုတွင် မောင်ခိုင်လတ်ရေးသားသည့် ဘုရားသခင်နဲ့ကြွေအန် ကစားသူများ အက်ဆေးစုစည်းမှု စာအုပ် (ဝန်ချတောင်စာပေ) တို့ကို ရွေးချယ်ကြောင်း သိရသည်။

အမျိုးသားစာပေ တစ်သက်တာဆုကို တစ်ဦးလျှင် ငွေကျပ်သိန်း ၅၀ ချီးမြှင့်မည်ဖြစ်ပြီး အမျိုးသား စာပေဆုများကို တစ်ဆုလျှင် ငွေကျပ်  ၂၅ သိန်း   ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ် ပညာရှင်များနှင့် ပုံနှိပ်ရေးနှင့်စာအုပ် ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူများ ပါဝင်သော ပုဂ္ဂိုလ် ၅၄ ဦးဖြင့် ဖွဲ့စည်းထားပြီး သက်ဆိုင်ရာဘာသာရပ်အလိုက်  ခွဲခြားကာ ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြုအဆင့်ဟူသောအဆင့်သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ် ခဲ့ကြကြောင်း သိရှိရသည်။

ဆုရရှိသူများသည်   ရန်ကုန်မြို့ အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်း စာပေဗိမာန်ရှိ စာပေဆုများ အုပ်ချုပ် ထောက်ပံ့မှုကော်မတီ ဖုန်း ၀၁-၃၈၇၇၂၄ နှင့် ၀၁-၃၈၁၄၄၉ သို့ အမြန်ဆုံးဆက်သွယ် ကြရန်နှင့် (၅ x  ၈)လက်မ  ရောင်စုံဓာတ်ပုံနှစ်ပုံနှင့် ပတ်စပို့  အရွယ်ရောင်စုံဓာတ်ပုံ နှစ်ပုံစီကို  ကိုယ်ရေး ရာဇဝင်အကျဉ်းချုပ်နှင့်တကွ (ကြေညာသည့်ရက်မှ တစ်ပတ်အတွင်း) ပေးပို့ရန် နှိုးဆော် ထားကြောင်း သိရသည်။

အဆိုပါ ဆုများကို ၁၃၈၂ ခုနှစ် နတ်တော် လဆန်း ၁ ရက် (စာဆိုတော်နေ့) ၂၀၂၀ ပြည့် နှစ် ဒီဇင်ဘာလ  ၁၅ ရက်  (အင်္ဂါနေ့)  တွင် ရန်ကုန်မြို့၌  ကျင်းပမည့်  အမျိုးသားစာပေ တစ်သက် တာဆု၊ အမျိုးသားစာပေဆုများ ချီးမြှင့်ပွဲအခမ်းအနားတွင် ချီးမြှင့်မည်ဖြစ်ကြောင်း  သိရသည်။






related topics

စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

05-Dec-2020
စာပေဗိမာန်,
SPBM

စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

05-Dec-2020
စာပေဗိမာန်,
SPBM

စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

05-Dec-2020
စာပေဗိမာန်,
SPBM
စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်သမိုင်းအကျဉ်း

သမိုင်းအကျဉ်း

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာပေရေချမ်းစင်
  • စာအုပ်များ
  • အခမ်းအနားများ
  • စာပေဗိမာန်
  • စာကြည့်တိုက်
  • စာမူများ
  • ပြည်သူ့လက်စွဲစာစဉ်
  • ပြိုင်ပွဲများ
  • သုတပဒေသာစာစောင်
  • ရွှေသွေး
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman