၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်နိုင်ရေး အပြီးသတ် အဖွဲ့ကြီးအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၀ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းကမ်းချက်များ နှင့်အညီ ကျင်းပသည်။
အစည်းအဝေးသို့ ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီများဖြစ်ကြသည့် ပါမောက္ခဦးသိန်းလှိုင် (မြန်မာစာအဖွဲ့ဝင်)၊ ဒေါက်တာတင်လှိုင် (ဘိုးလှိုင်)၊ ဒေါ်ခင်ဖုဏ်းရည် (နတ်မောက်အနီချို)၊ ဦးကြည်စိုးထွန်း (ကြည်စိုးထွန်း)၊ ဦးလေးမြတ် (ကိုလေးမြတ်)၊ ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဒေါ်မြမြသန်း (မနှင်းဖွေး)၊ ဒေါက်တာမြင့်သန်း (သန္ဓေသား)၊ ဦးသိန်းစိုး (မင်းချမ်းမွန်)၊ ဦးတင့်ခိုင် (တင့်ခိုင်)၊ ဦးဇော်လင်း (လင်းအေး)၊ ဦးညီညီ (မောင်ပြည့်မင်း)၊ ဦးမင်းဆန်းဦး (မင်းထက်မောင်)၊ ဒေါ်ခင်နှင်းဦး (ခင်နှင်းဦး)၊ ဒေါ်ခင်လေးညို (မြနှောင်းညို)၊ ဦးလှကြည် (ကြည်နိုင်)၊ ဦးခင်မောင်စိုး (မောင်သာမည)၊ ဒေါက်တာ သန်းထွဋ် (လင်း-ဆေး ၁)၊ ဦးအုန်းမြင့် (မောင်ရင့်မာ-ကျောင်းကုန်း)၊ ဒေါက်တာစိုးနိုင်၊ ဦးဇော်အောင်ထွတ်၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးဌေးဝင်း (မောင်လင်းရိပ်) တို့ တက်ရောက်ခဲ့ကြပြီး ဥက္ကဋ္ဌ စည်သူဒေါက်တာသော်ကောင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း)၊ အဖွဲ့ဝင်များဖြစ်ကြသည့် စည်သူဦးတင်လှိုင် (လယ်တွင်းသားစောချစ်)၊ ဒေါက်တာကျော်ဝင်း၊ ဒေါက်တာတိုးလှ၊ ဒေါက်တာအောင်ကြီး၊ ဒေါက်တာဇော်ထွန်း၊ ဒေါက်တာခင်သန်းဦး (မမိုးမြေ)၊ ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း)၊ ဦးကျော်ဦး (ကျော်ဦး)၊ ဦးဝင်းငြိမ်း (ဝင်းငြိမ်း)၊ ဦးမောင်မောင် (ကြည်ရွှန်း)၊ ဒေါ်နန်းအိအိဇာ (နန်းဒေဝီစာပေ)၊ ဒေါက်တာညိမ်းညိမ်း (ရှင်ညိမ်းမယ်)၊ ဦးမြင့်အောင် (ဖိုးအောင်လေး) တို့နှင့် Virtual Meeting ပြုလုပ်သည်။ ဦးအေးချို (မဟာဝိဇ္ဇာ)၊ ဦးစိုးညွန့် (ရာပြည့်စာပေ)၊ ဦးမြဟန်၊ ဦးမြဝင်း (မြဝင်း-ဒဿန)၊ ဦးမြင့်စိုး (မြင့်စိုးလှိုင်)၊ ဒေါ်ဌေးဌေးမြင့် (ခင်မြဇင်)၊ ဦးအေးမောင် (အေးမောင်ကျော်)၊ ဦးရဲထွဋ် (သန်လျင်-မောင်ဝင်းဝါ)၊ ဦးသန်းဌေး (သင့်နော်)၊ ဦးမော်လင်း (မော်လင်း)၊ ဒေါက်တာသန့်လွင်မောင် (ကိုတာ)၊ ဦးကျော်နိုင် (ထက်မြက်)၊ ဒေါက်တာချောချောစိန်တို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဝင်များက ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာစာပေဆု ချီးမြှင့်နိုင်ရန် စာရေးဆရာနှင့် စာပေပညာရှင်တို့ကို မဲပေးရွေးချယ်ခဲ့ပါသည်။ ထို့နောက် ဘာသာရပ်အလိုက် အဖွဲ့ခေါင်းဆောင်များက မိမိတို့ ဘာသာရပ်အလိုက် ဆုရွေးချယ်ထားမှု အခြေအနေများကို တင်ပြပါသည်။ အဖွဲ့ငယ်များ၏ တင်ပြချက်များကို ကော်မတီဝင်အားလုံးက ကန့်ကွက်မှုမရှိ အတည်ပြုပေးခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ ၁၂ : ၃၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။