မသန်စွမ်းသူများ၏ အခွင့်အရေးကို အလေးထားသည့်အနေဖြင့် နေပြည်တော်ရှိ မြို့မဈေးနှင့် ရေပန်းဥယျာဉ်တို့တွင် မသန်စွမ်းသူများအတွက် Barrier Free များကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်မှစတင်ပြီး တည်ဆောက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၀ ရက်တွင် အပြီးသတ် တည်ဆောက်ပြီးစီးပြီ ဖြစ်ပါသည်။
အဆိုပါ Barrier Free ဇုံများကို ရန်ကုန်မြို့၊ ကြည့်မြင်တိုင် မျက်မမြင်ကျောင်း၏ အကြံပြုချက်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မသန်စွမ်းသူများ လွတ်လပ်စွာ၊ သက်သောင့်သက်သာ ရှိစွာ၊ လုံခြုံမှုရှိစွာ သွားလာအသုံးပြုနိုင်ရေး ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
သို့ဖြစ်ရာ မသန်စွမ်းသူများ နေပြည်တော်သို့ လာရောက်လည်ပတ်သည့်အခါ Barrier Free ဇုံများသို့ လာရောက်လည်ပတ်နိုင်ကြကြောင်း နှိုးဆော် ဖိတ်ခေါ်အပ်ပါသည်။
မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။
ဆက်ဖတ်ရန်