၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၆ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင် သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ၂၀၁၆ ခုနှစ်အတွင်း ပထမအကြိမ် ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၂) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၇ ခုနှစ် ဇူလိုင်လ (၂၅) ရက်တွင် စာအုပ် (၃၇) အုပ် ထပ်မံရရှိခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်း ဖော်ပြ ပေးထားပါသည်။
(၁) ရယ်မောခြင်းပေါင်းချုပ် - မင်းလူ၊ (၂) သမီးလေးဖတ်ဖို့ လက်ရွေးစင် (၁) - ကောင်းသန့်၊ (၃) သမီးလေးဖတ်ဖို့ လက်ရွေးစင် (၂) - ကောင်းသန့်၊ (၄) သမီးလေးဖတ်ဖို့ လက်ရွေးစင် (၃) - ကောင်းသန့်၊ (၅) သမီးလေးဖတ်ဖို့ လက်ရွေးစင် (၄) - ကောင်းသန့်၊ (၆) ယဉ်ကျေးမှုမြို့တော်မှ မြန်မာ့ရိုးရာ လုပ်ငန်း ဆယ်ပွင့်ပန်း - နတ်မောက်ထွန်းရှိန်၊ (၇) အချစ်စစ် အချစ်မှန်ဆိုသည်မှာ - ဝင်းငြိမ်း၊ (၈) အကောက်အခွန်ဝန်ဆောင်မှုအကြောင်း သိကောင်းစရာ - ညီညီအောင်၊ (၉) ငြင်းချက်အတွက် မှတ်စုကြမ်း - ဦးသက်ထွန်း၊ (၁၀) ကဏ္ဍစုံလင်မေးဖြေကို မြင် - ဦးအေးကို၊ (၁၁) ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေ - ဦးတင်ဝင်း (ငြိမ်း)၊ (၁၂) ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ - သုတေသီခင်ဝင်းမြင့်၊ (၁၃) မြန်မာနိုင်ငံပထမဦးဆုံးတီထွင်မှု - ဦးအေးကို၊ (၁၄) ကျွန်တော့်မှတ်တမ်း ကျွန်တော့်မှာတမ်း-၁ - အေးစန်း (သာယာ၀တီသုံးဆယ်)၊ (၁၅) အစ္စလာမ်မစ်ဂျီဟတ်ဒစ်တို့ရဲ့ အကြမ်းဖက်အန္တရာယ် - မောင်သွေးချွန်၊ (၁၆) ရာဇသတ်ကြီးဥပဒေ - ဦးတင်ဝင်း (ငြိမ်း)၊ (၁၇) အမျိုးသားနိုင်ငံရေး - မောင်သွေးချွန်၊ (၁၈) ဟောရေး၊ ပြောရေး၊ ကုသိုလ်ရေး (တရားတော်များ) - အရှင်ခေမာစာရ၊ (၁၉) HR ကို အခုမှစတင်ပြီးလေ့လာကြသူများအတွက် လွယ်ကူလေ့လာရန် HRM - စောကယ်ရီဝင်း၊ (၂၀) ကမ်းလက်များဆုရ၀တ္ထုတိုပေါင်းချုပ် အမှတ် (၃) - ကလောင်စုံ၊ (၂၁) ကမ်းလက်များဆုရ ၀တ္ထုတို ပေါင်းချုပ်အမှတ် (၄) - ကလောင်စုံ၊ (၂၂) ကမ်းလက်များဆုရ၀တ္ထုတိုပေါင်းချုပ် အမှတ် (၅) - ကလောင်စုံ၊ (၂၃) တောင်ကြီးညီလာခံ၊ ဖက်ဒရယ်မူနှင့် ပြည်နယ်ပြည်မညီလာခံ - ဒေါက်တာကျော်ဝင်း (သမိုင်းပါမောက္ခ-ငြိမ်း)၊ (၂၄) ငြိမ်းချမ်းရေး၊ နိုင်ငံရေးလှုပ်ရှားမှုများ နှင့် စာပေလက်ရာများ - ဒဂုန်တာရာ၊ (၂၅) အားလုံးသမ္မတနှင့် အခြား၀တ္ထုတိုများ - မြတ်ကိုကို (ရုက္ခ)၊ (၂၆) မရဏ အနမ်း - စိုင်းဝီရလင်းခံ့၊ (၂၇) ဒီမိုကရေစီအစိုးရအတွက် စိန်ခေါ်ချက် အင်တာဗျူးများ - မိုးအောင်လင်းနိုင်၊ (၂၈) သုခဝပ်ကျင်းရသစာတမ်းများ - ဇော်ထွဋ်၊ (၂၉) ၂၀၁၆ မောင်တောဂျီဟက် - ငြိမ်းချမ်းသာ၊ (၃၀) အခွန်အကောက်ဥပဒေ ၂၀၁၆ - ဦးတင်ဝင်း (ငြိမ်း)၊ (၃၁) သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ - ဦးတင်ဝင်း (ငြိမ်း)၊ (၃၂) မြန်မာနိုင်ငံတရားစီရင်ထုံးပေါင်းချုပ်တရားမ အတွဲ (၁) - ဦးသောင်းထွန်း၊ (၃၃) စံတော်ချိန်ဆောင်းပါးများ - ပန်ချီလှတင်ထွန်း၊ (၃၄) ၀တ္ထုတိုများ ၁+၂+၃ - ကျော်စွာထက်၊ (၃၅) ရည်ညွှန်းသူတို့၏ ဂုဏ်ပြုမော်ကွန်းများ - ဘဒ္ဒန္တဓမ္မစာရ (၃၆) ဒရူးဒ်ရှရီးဖ်၊ စူရဟ်ဖွာသိဟဟ်စူရဟ်ယားစီန် - ဦးစိုးလွင် (မဟ်မူဒီ)၊ (၃၇) အစ္စလာမ်၏ တမန်တော်မုဟမ္မဒ် - သိန်းဝင် (မြန်မာပြန်)