၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၆ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင် သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ၂၀၁၆ ခုနှစ်အတွင်း ပထမအကြိမ် ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၂) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၇ ခုနှစ် ဧပြီလ (၆) ရက်တွင် စာအုပ် (၈၂) အုပ် ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့် ရက်များကိုလည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) ခေတ်သစ်တွေးခေါ်၀ဂ္ဂစက် + အာယစက်များအကြောင်း - ဦးကျော်ညွန့် (ကောကနု)၊ (၂) စီးပွားဖြစ်အလှစိုက်ပန်းမန်များတွင် ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ရောဂါ များ ကာကွယ်နှိမ်နင်းနည်း - ဒေါက်တာကိုကို (စိုက်ပျိုးရေး)၊ (၃) ရေဆန်လမ်းမှအိမ်အပြန် - ခင်ခင်ဝင်း၊ (၄) ပုံနှိပ်သမား - မင်းယု၊ (၅) စာဖတ်ခြင်းအနှစ်သာရနှင့် စိတ်အားဖြည့် ဘာသာပြန်ရသများ - တက္ကသိုလ်တာရာလင်း၊ (၆) ကန္တာရခရီးလမ်းဂမ္ဘီရခရီးသည် (ဖြစ်ရပ် မှန်) - ပါမောက္ခဒေါက်တာထွန်းလင်း၊ (၇) နေ့စဉ်စားသုံးနေသော ဟင်းသီးဟင်းရွက်များ၏ ထူးခြားသော ဆေးဖက်ဝင်အာနိသင်များ - ကြည်လွင်မြင့် (မုဒြာ)၊ (၈) အဆိုအချေအတွက် မှတ်စုကျမ်း - ဦးသက်ထွန်း၊ (၉) အစားအစာနှင့် ကျန်းမာရေး - မင်းကျော်ဝင်း၊ (၁၀) မဏိဇောတဓမ္မရသအတွဲ - ၂ - ဒေါက်တာ အရှင်ဇောတိက၊ (၁၁) ခေတ်သစ်မေသို့ - ဧကရီပြုံး၊ (၁၂) ဂျပန်လိုအောင်မြင်မှုကြီး တွေရအောင် မင်းကောကြိုးစားနိုင်မလား - ဖြိုးသိန်းဟန်၊ (၁၃) သဘာ၀လွန်ဖြစ်ရပ်များ ကစားစရာထဲက ဝိဉာဉ် - ဝီလျံသီဟမင်း၊ (၁၄) ရင်တွင်းခံစား သီကုံးကဗျာများ - ဝင်းသူ (နန်းတော်ရှေ့)၊ (၁၅) တွေးမိမြင်မိသမျှရေးလိုက်ပြီ (ပထမတွဲ) - မောင်သင်း (ပြည်ထောင်စု)၊ (၁၆) တွေးမိမြင်မိသမျှရေးလိုက်ပြီ (ဒုတိယတွဲ) - မောင်သင်း (ပြည်ထောင်စု)၊ (၁၇) စွယ်တော်ရွက်ဟောင်းလေး - လင်းဆေး၊ (၁၈) အာဏာလမ်းခွဲနှင့် အခြားဆောင်းပါးများ - ကောင်းဆက်နိုင်၊ (၁၉) ဘ၀အတွက် စစ်တုရင်နည်းဗျူဟာ - မောင်မောင်လွင် (စစ်တုရင်)၊ (၂၀) မွန်လူမျိုး တိမ်ကောခြင်းနှင့်ပြန်လည်ရှင်သန်ခြင်း - နိုင်ပန်းသာ၊ (၂၁) ပေါလ်အော်စတာ၏ပိတ်ထားတဲ့အခန်း - ဒီနိုဗို၊ (၂၂) အလံနီကွန်မြူနစ် ပါတီခေါင်းဆောင် သခင်စိုး၏ အိမ်ထောင်ရေးရာဇဝင် - သန်းဝင်းလှိုင်၊ (၂၃) ဆင်းရဲခြင်း လွတ်ကင်းအောင်နှင့် ဘ၀အတွေ့အကြုံ စာစုများ - လှကျော်ဇော၊ (၂၄) မျက်ဝန်းသုံးဆယ် အချစ်ကဗျာများ - မျိုးမောရ၊ (၂၅) ၂၁ ရာစုကို တရုတ်ပိုင်စိုးမည်လော - သန်းစိုးနိုင်၊ (၂၆) ဘိန်းဘုရင်ခွန်ဆာကို ခြေရာခံခြင်း - မောင်ရင်၊ (၂၇) မြန်မာနိုင်ငံနောက်ထပ် လူသတ်ကွင်း ပြင်များဖြစ်အုံးမလား - ရဲကျော်မြင့်၊ (၂၈) သင်္ဘောသား ဆီလောင်းအသစ်များအတွက် စက်ခန်းအတွင်းရှိ သိရှိထားသင့်သော ဗဟုသုတများ - အောင် (ရေကြောင်းအင်ဂျင်နီယာ)၊ (၂၉) Facebook မင်္ဂလာအတွေးများ - အရှင်စန္ဒာသီရိ၊ (၃၀) သူနဲ့ကျွန်မ ၂၄ နာရီ - လရောင်ကျူးရင့်၊ (၃၁) ဂန္ဒီ (သို့မဟုတ်) မဟာလူသား - မင်းပုည၊ (၃၂) ဂလူးကိုစ် - လွန်းဆက်မြတ်နိုး၊ (၃၃) ဇ ကလေး မျက်ခွက်ဘုတ်အုပ်ပေါ်က ဟာသများ - ဇ ကလေး၊ (၃၄) ထင်ရှားသောမြန်မာစာဆို ရဟန်းတော်များ (ပုဂံ၊ ပင်းယ၊ အင်း၀) -ဓမ္မာစရိယ အရှင်ကဉ္စန၊ (၃၅) အဝတ်တစ်ခု နှစ်ပေါင်းများစွာဆောင်းပါးအက်ဆေးများ စုစည်းမှု - လင်းနေ(နမော)၊ (၃၆) ပြောင်းလဲချိန်တန်ပြီဆောင်းပါးများ - ရှေ့နေမောင်ကံ၊ (၃၇) စာဖတ်ချင်အောင် ဘယ်လို ရေးခဲ့ကြသလဲ - မမိုးမြေ၊ (၃၈) လူထုချစ်သော ထိုင်းဘုရင်မင်းမြတ် - သန်းဝင်းလှိုင်၊ (၃၉) ဆီမပါသော ဟင်းလျာများ ချက်ပြုတ်နည်း - အန်တီမီးမီး၊ (၄၀) ၁၉၄၉ ကာလ ရောင်စုံ သူပုန်ခေတ်ခေါင် ပြည်တွင်းစစ် နောက်ခံသမိုင်းနှင့် ပြည်တွင်းစစ်ကြီးတွင် ချင်းတပ်ရင်းများ ပေးဆပ်မှု - ဒုဗိုလ်မှူးကြီးဟရန်ထီယို၊ (၄၁) ပြည်သူသည်သာ နိုင်ငံ့နှလုံးအိမ် - ကြည်ကြင်၊ (၄၂) မြန်မာဥပဒေဝေါဟာရ အဘိဓာန်အသစ် - ဦးသန်းထိုက်၊ (၄၃) ခရီးသစ်ကဗျာများ ကျော်ကျော်ခိုင်၊ (၄၄) ခပ်ဖိုင့်ဖိုင့်အရုပ်ကလေး - သျှင်မ၊ (၄၅) မင်းစေတဲ့မြား - သျှင်မ၊ (၄၆) နှစ်ဖက်လှ စာပန်းချီ - လရောင်ကျူးရင့်၊ (၄၇) မှော်ဝင်နှင်းဆီ - လရောင်ကျူးရင့်၊ (၄၈) အမုန်းချိုချို - မဟူရာ (လွိုင်ကော်)၊ (၄၉) သတ္တိမရှိသောသူ၏မယား သတ္တိမရှိသောသား၏ အမေ - မဟူရာ (လွိုင်ကော်)၊ (၅၀) ပြည့်တန်ဆာဟု အမည်တွင်သူများအကြောင်း - သွန်းနေစိုး၊ (၅၁) ပင်လုံညီလာခံ - ကျော်ငြိမ်း၊ (၅၂) ရေနွေးဖန်ဖန် ရေချိုချို (သံမြင်းတစ်ကောင်ရဲ့ ရေသောက်လမ်း) - ကိုခါး (ကွမ်းခြံကုန်း)၊ (၅၃) ထီလာ (သို့မဟုတ်) သွေးနဲ့ ရေးတဲ့မြေ - ကပ္ပတိန်၀န၊ (၅၄) သွေးနဲ့ရေးတဲ့ သံယောဇဉ် စစ်မြေပြင်မှ ဖြစ်ရပ်ဆန်းကြယ်များ - ဇေယျကျော်ထင်၊ (၅၅) ပါရီက အလွမ်းကဗျာ - ဦးတာ (ပါရီ)၊ (၅၆) ပိတ်စအရုပ်ကလေးများ အပါအဝင် - သဲစုမွန်၊ (၅၇) ခံတွင်းမြိန်စရာ နိုင်ငံတကာ ထမင်းနှင့်ဟင်းတွဲချက်နည်းများ - စားဖိုမှူးကြီး ဦးသိန်းတန်၊ (၅၈) ဖတ်လိုက်ကြစို့ - မိုးသျှန်း၊ (၅၉) ကျွန်တော်ပြည်ကျော် ပြည်တော်ပြန်ခဲ့ - ဟိန်းနိုင် (မန္တလေး)၊ (၆၀) ကရင်ရာဇဝင် သမိုင်းသစ် ပထမတွဲ- အပိုင်း(၃) - အရှင်ဝေပုလ၊ (၆၁) သိမှတ်ကြစရာအတည် - မောင်ချိုမင်း (ကန္တာရ၀တီ)၊ (၆၂) လက်တွေ့ အသုံးချအကြောပညာ - သမားတော်ကြီး ဦးသောင်းနိုင်၊ (၆၃) ဖန်ပြာခွက်နှင့် ကျောက်စက်ရေ ကဗျာများ - မောင်ကြူးရင့်၊ (၆၄) တကယ့်ပညာရှင် - မောင်သာစည်၊ (၆၅) အသောက မင်းကြီး၏ ဘ၀နှင့်ဆန္ဒ - လင်းနေ (နမော)၊ (၆၆) ရဟန်းနှင့် နန်းတော်ရှေ့ဝါကျများ - ဓမ္မဂင်္ဂါ၊ (၆၇) အရူးတို့တိုင်းပြည် - ယဉ်ထွန်း၊ (၆၈) အရုပ်ကလေးနှင့် ရသစုံ၀တ္ထုတိုများ - ဗိုလ်ရွှေ မင်းသိမ်း၊ (၆၉) နယ်ဘက် ကျေးဘက်မှ ၀တ္ထုများ - မြင့်သန်း၊ (၇၀) ကမ္ဘောဇမင်းသမီးလေး စဝ်စန္ဒာ - မောင်သန်းဆွေ (ထားဝယ်)၊ (၇၁) မားကက်တင်း - နေမျိုးဆက်လူ၊ (၇၂) ပိဋကတ်မြန်မာပြန်လမ်းညွှန် - ဘဒ္ဒန္တသာသနာ၀ရ၊ (၇၃) CONFLICT AND PEACE – Mote Oo Education၊ (၇၄) ကျေးဇူးဆပ်မော်ကွန်း - လက်ယာမေတ္တာတံခွန်နှင့်ကိုဦး (မဟာဒါန်)၊ (၇၅) မြန်မာ့မော်ဒန် ပန်းချီဒုတိယမျိုးဆက်ကို ဦးဆောင်သူများ - ဝင်းဖေ၊ ပေါ်ဦးသက်၊ ခင်မောင်ရင်၊ (၇၆) ဘ၀ရှင်သန်ရေးအဆိုအမိန့်များ လီကွမ်ယု - ဘိုးဟန်၊ (၇၇) စီမံခန့်ခွဲရေး အဆိုအမိန့်များ လီကွမ်ယု - ဘိုးဟန်၊ (၇၈) နောက်ဆုံးရသတင်းနှစ်ပုဒ်နဲ့ ဆက်စပ်သတင်း ပုံရိပ်များ - မောင်သစ်လွင် (လူထု)၊ (၇၉) ထူးဆန်းတဲ့အိတ်ကလေးနှင့် ချစ်စရာပုံပြင်များ - သပြေ (ကိုရီးယား)၊ (၈၀) သမိုင်းမြက်ခင်းကို မြင်းစီးဖြတ်ခြင်း - ကျော်ဝင်း၊ (၈၁) စိတ်ကို သင်ခြင်း (သို့မဟုတ်) နှလုံးသားထဲရောက်အောင် သင်ကြားခြင်း - မောင်လင်း၊ (၈၂) အတုလဖြတ်ထုံး - ဦးကျော် (မြန်မာ့သမိုင်းအဖွဲ့ဝင်)