၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၆ ခုနှစ်အတွင်း ပထမအကြမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ၂၀၁၆ ခုနှစ်အတွင်း ပထမအကြိမ် ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၂) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၁၃) ရက်တွင် စာအုပ် (၆၆) အုပ် ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့် ရက်များကိုလည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) သူ့ပခုံးထက်က တတ်တူးလေး - လွန်းထားထား(ဆေးတက္ကသိုလ်)၊ (၂) စိတ်ချမ်းသာ ကိုယ်ချမ်းသာ စာရတနာ - နှစ် (၁၀၀) ကိုသံချောင်း၊ (၃) အပါယ်လေးရွာ - နှစ် (၁၀၀) ကိုသံချောင်း၊ (၄) ရွှေအိုရောင်ဂန္ထဝင် - ရွှေဘဝင်၊ (၅) သားစားကြူးတဲ့ ဖုတ်သရဲနဲ့ မဖဲဝါ - ဧကန်မင်း၊ (၆) လေးမြတ်ကြည်ညို ရှေးစာဆို ကဗျာများ - သုကိုကို (ကျုံမငေး)၊ (၇) ညီမူရာ စကားဝိုင်း - ချစ်ဦးညို၊ (၈) မ - ခင်မျိုးချစ်၊ (၉) တွေးမြင်ခံစားဒဿနများ - နန်းမိုခမ်း၊ (၁၀) သားတို့အတွက် အမွေတန်ဖိုးထိုက်သော အတွေးဘဏ္ဍာတိုက် - ဟိန်းလတ်၊ (၁၁) ကြေကွဲပွင့်တို့ ငိုရှိုက်သံ - လှိုင်းကြာဖြူ (လားရှိုး)၊ (၁၂) မမေ့နိုင်ဘူးကွယ် ငယ်ချစ်ဆွေ - အလင်းသစ်၊ (၁၃) ဖိလစ်ပိုင်အမျိုးသားအာဇာနည် ဒေါက်တာရီဇော် - မြတ်ငြိမ်း (၁၄) ကမ္ဘာဦးကျမ်းထဲက… ချစ်သူ့ မျက်နှာ - လူပန့်ငယ်၊ (၁၅) မသိန်းရှင်ဆီပို့ပေးပါ - နိုင်ဝင်းဆွေ၊ (၁၆) ကျော်ကြားထင်ရှား ရဟန္တာထေရီများနှင့် ဗုဒ္ဓသမီးတော်များ - သန်းထွန်း (လှည်းကူး)၊ (၁၇) အဘယ်ကြောင့်ပါလီမန် ဒီမိုကရေစီကျဆုံးရသလဲ ဘာကြောင့်ကျွန်တော်နှုတ်ထွက်ရသလဲ - ဦးထွန်းဖေ၊ (၁၈) အလေ့အကျင့်၏ ပါဝါစွမ်းအား - ကြည်ရွှန်း၊ (၁၉) ကမ္ဘာကျော် သားအဖ (မြန်မာကဗျာများ)- သားသခင် (မကွေး)၊ (၂၀) အင်း၀မြို့ရောက် သံတမန်တစ်ဦး၏ ကိုယ်တွေ့မှတ်တမ်း - အောင်မြင့်စိန်၊ (၂၁) စူပါ ပါဝါတို့၏ မဟာဗျူဟာနှင့် မြန်မာ့ပထဝီနိုင်ငံရေး - နေဇင်လတ်၊ (၂၂) လေထီးဆင်းသမ္မတကြီး မန်းဝင်းမောင် - မောင်စင်ကြယ်၊ (၂၃) ကမ္ဘာ့ အရက်စက်ဆုံးအာဏာရှင် အဒေါဖ်ဟစ်တလာ - ကလောင်စုံ၊ (၂၄) အစ္စလာမ့် အလှတရားများမှ … - ဆရာဦးခင်မောင် (ပုသိမ်)၊ (၂၅) အမေ့ရဲ့မေတ္တာ ထုထည်နှင့် ပီတိစားသူများရဲ့ ရွှေရောင်အိပ်မက်ကဗျာများ - ခိုင်နန်းစံ၊ (၂၆) ပျံသန်းဖို့အိပ်မက်များ - မင်းစိုးသန်း (မြန်မာပြန်)၊ (၂၇) လူနှင့် အခြားသိပ္ပံ ၀တ္ထုတိုများ - ကျော်စိန်မင်း၊ (၂၈) တာရာမဂ္ဂဇင်းလက်ရွေးစင်၀တ္ထုတိုများ - ကလောင်စုံ၊ (၂၉) ကမ္ဘာတစ်ခြမ်း ထမ်းထားသူများ - ကလောင်စုံ၊ (၃၀) မြန်မာ့အသံ … သီချင်းများ အတွဲ (၁၁) … - ပြန်ကြားရေးဝန်ကြီးဌာန၊ (၃၁) မြန်မာ့အသံ … သီချင်းများ အတွဲ (၁၂) …. - ပြန်ကြားရေး ဝန်ကြီးဌာန၊ (၃၂) ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းရေးလုလင်) ရဲ့ ပြည်ထောင်စုသား မွတ်စလင်မ်များ (သို့မဟုတ်) သမိုင်းတု သမိုင်းလိမ် သမိုင်းရေး လုပ်ကြံစော်ကားမှုများ - မောင်သွေးချွန်၊ (၃၃) အကြီးကြီးတွေ မပြောကြေး ကဗျာစုစည်းမှု - ကလောင်စုံ၊ (၃၄) မျက်နှာဖုံးများနှင့်လူ (လက်ရွေးစင် ၀တ္ထုတို စုစည်းမှု)- ကလောင်စုံ၊ (၃၅) ကတိစကားလေး တစ်ခွန်း - အောင်ကိုဦး (UMK)၊ (၃၆) နူးညံ့သော လက်နက်များ -၂ - သားသခင် (မကွေး)၊ (၃၇) ကြီးပွားချမ်းသာရေး လက်တွေ့အသုံးချကိုယ်ကျင့်မင်္ဂလာ (၂) - မသန်းသန်း (မန်းတက္ကသိုလ်)၊ (၃၈) ဦးသော်ကောင်း၏ စကားသံများ - ကလောင်စုံ၊ (၃၉) ၀တ္ထုတိုများ - မိုးမိုး (အင်းလျား)၊ (၄၀) ဝဋ်ကြွေးခံ ရဟန္တာနှင့် ထိပ်လန့်ဖွယ်ပြိတ္တာ တစ္ဆေများ - ဧကန်မင်း၊ (၄၁) ကျန်းမာပါစေ ကမ္ဘာမြေ အပိုင်း (၂) ရေထု - ဒေါ်အေးအေးဦး (ကျောက်တံခါး)၊ (၄၂) မဟာလူသားမြတ်ဗုဒ္ဓ - မောင်ညီညွတ်၊ (၄၃) ပြစ်မှုဆိုင်ရာ အယူခံမှု၊ ပြင်ဆင်မှုဥပဒေ၊ စီရင်ထုံးများ - ကျော်မောင်မောင်၊ (၄၄) ဒုတိယအသံက ဝေဖန်ခြင်း - မြသန်းတင့်၊ (၄၅) မိုးကြိုးတောင်တိုင်ပွဲ - လင်းတည်ဦး၊ (၄၆) အောက်မေ့တသ အမှတ်တရစာ - လူထုဒေါ်အမာ၊ (၄၇) ၂၁ ရာစုအတွက် ကြိုတင်ခန့်မှန်းခြင်း နောင်နှစ် (၁၀၀) အတွင်း ကမ္ဘာကို ကိုင်လှုပ်မည့် အပြောင်းအလဲများ - အောင်လှိုင်၊ (၄၈) ငါ့ ဂီတကဗျာများ - မောင်သစ်ဝေ (မြင်းခြံ)၊ (၄၉) ရှီကျင်ပင်းနဲ့ တရုတ်တို့ရဲ့ အိပ်မက် - မောင်ရန်ပ၊ (၅၀) အံ့ဖွယ်ငှက်နှင့် နိုင်ငံတကာပုံပြင်များ - မောင်မဟာ၊ (၅၁) စံပြ အင်္ဂလိပ်စာ စာစီစာကုံးနှင့် ပေးစာများ - ဦးတင့်ထွန်း(B.A)၊ (၅၂) မုန်တိုင်းကြားက အဖြူရောင်သက်တံ ကဗျာရွတ်ပွဲတော် - ကလောင်စုံ၊ (၅၃) လက်ရွေးစင်၀တ္ထုတိုများ - ၁ - မောင်ညိုပြာ၊ (၅၄) ကာလီဂူလာ - ဒီနိုဗို၊ (၅၅) ပြောရမှာပေါ့ မခင်ကျော့ရယ် - သော်တာဆွေ၊ (၅၆) သခင်ကိုယ်တော်မှိုင်းနှင့် ကဗျာ - မောင်ဟုန်ဝမ် (ကထိက)၊ (၅၇) နံနက်ယံဝတ်ပြုခြင်း ကျွန်ုပ်တို့ကဲ့သို့သောသူများ - ဦးစောထီမသေ၊ (၅၈) ကော်ဖီဆိုင် - နွေဇော်ဦး (မန္တလေး)၊ (၅၉) မာန် - ဒေါက်တာဖြိုးသီဟ၊ (၆၀) တုနိုင်းမမီနှင့် မိခင်မေတ္တာဖွဲ့ရသစာစုများ - ဆန်းညွန့် (ဓမ္မာစရိယ)၊ (၆၁) ဝန်ကြီးမောင်ဩနှင့် အမှတ်ရစရာ စာစုများ - မောင်ဩ၊ (၆၂) မျောက်တစ်အုပ်နဲ့ ဦးထုပ်သည် ကလေးတို့အတွက် စဉ်းစားဆင်ခြင်ဖွယ် ပုံပြင်များ - ဖိုးမောင်၊ (၆၃) အုပ်ချုပ်ရေးဆိုင်ရာ အဆိုအမိန့်များလီကွမ်ယု - ဘိုဟန်၊ (၆၄) လူပင်စိုက်ပျိုးလူ့အကျိုးမြတ်နိုးသယ်ဆောင်ကြ လူငယ်နှင့် ပရဟိတ - အောင်ကျော်ဆန်း၊ (၆၅) မိုင်းယောင်ဝှေ (ခေါ်) ညောင်ရွှေရာဇဝင်တော်ကြီး (၁၈၄၇-၁၉၂၆) - အမတ်ထောက်ဦးငြိမ်း၊ (၆၆) လူ့ဘ၀အစမှ အဆုံးတိုင် မြန်မာတို့၏ ဓလေ့ထုံးစံများ - ခင်မောင်သန်း (စိတ်ပညာ)၊ ဒေါက်တာ ကေသီနိုင်