၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၇-၁၁-၂၀၁၉ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ Sule Shangri-La Hotel ၌ ကျင်းပသည်။
နိုင်ငံတော်သမ္မတကြီးအား စာပေဗိမာန်၏ လုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ၂၇-၁၁-၂၀၁၉ ရက် မွန်းလွဲ ၁ : ၀၀ နာရီက ကျောက်တံတားမြို့နယ် ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့်ရှိ စာပေဗိမာန်အဆောက်အအုံဒုတိယထပ်ရှိ ခန်းမ၌ ကျင်းပသည်။
စာပေစကားဝိုင်း ပထမပိုင်းတွင် ၂၀၁၈ ခုနှစ် အမျိုးသားစာပေဆု ရရှိသူ ၁၀ ဦးအနက်မှ လေးဦးက စာပေရေးရာများကို ဝိုင်းဖွဲ့ဆွေးနွေးကြသည်။ ၂၀၁၈ ခုနှစ် အမျိုးသားစာပေဆု ရရှိခဲ့သော ၎င်းတို့၏စာအုပ်များနှင့် ပတ်သက်သည့် မည်သို့ရေးဖွဲ့ခဲ့ပုံ၊ မည်သို့ကြိုးစားခဲ့ပုံများကို ပြောဆိုဆွေးနွေးခဲ့ကြသည်။