• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေး

  1. TAGGED AS
  2. ရွှေသွေး
(၁၅-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၂ ထွက်ရှိ

(၁၅-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၂ ထွက်ရှိ

17-Oct-2016
ရွှေသွေး,
SPBM

ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးက ရွှေသွေးဂျာနယ် ကို အပတ်စဉ် စနေနေ့တိုင်းထုတ်ဝေလျက်ရှိရာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက် (စနေနေ့) တွင် ရွှေသွေးဂျာနယ် အတွဲ (၄၈)၊ အမှတ် (၄၂) ထွက်ရှိခဲ့ပြီးဖြစ်ပါသည်။ ၎င်းဂျာနယ်တွင် မိခင့်စကား နားမထောင်သောကြောင့် အသက်အန္တရာယ်နှင့် ကြုံတွေ့ရပုံကို ကလေးများ သတိပြုဆင်ခြင်နိုင်အောင် မျက်နှာဖုံးဇာတ်လမ်းဖြင့် တင်ဆက်ထားပါသည်။ ထို့အပြင် စားဖွယ်စုံသော်လည်း ထိတ်လန့်ဖွယ်ရာ၀န်းကျင် ထက် လုံခြုံစိတ်ချရသော ၀န်းကျင်သည်သာ အကောင်းဆုံးဖြစ်ကြောင်း ဖော်ကျူးထားသည့် ဇာတ်လမ်း ကိုလည်း ဖတ်ရှုရမည် ဖြစ်ပါသည်။ စာဖတ်ခြင်းကြောင့် အသိအလိမ္မာတိုးကာ လောကကို အလှဆင်နိုင် ကြောင်း ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့် ဇာတ်လမ်းလည်း ပါရှိပါသည်။ ကူညီချင်စိတ်မရှိဘဲ အမြတ်ထုတ်လိုလျှင်  အကျိုးမဲ့တတ်ပုံကိုလည်း ဟာသစွက်၍ သင်ခန်းစာပေး ဇာတ်လမ်းလည်း ပါရှိပါသည်။
ရွှေသွေးသုတကဏ္ဍတွင် သီတင်းကျွတ်လပြည့်နေ့နှင့် အဘိဓမ္မာအခါတော်နေ့အကြောင်းကို စုံစုံ လင်လင် ဖတ်ရှုနိုင်ပြီး စည်းကမ်းမဲ့အမှိုက်ပစ်ခြင်း၏ အကျိုးဆက်ကို ကလေး၀တ္ထုဖြင့် သင်ခန်းစာယူဖွယ် တင်ဆက်ထားပါသည်။
ထို့အပြင် အင်္ဂလိပ်ဘာသာစကား လေ့လာရာ၌ အထောက်အကူ ဖြစ်စေရန် လွယ်ကူ၍ အသုံး၀င်သော ပြုမူဆောင်ရွက်ပုံ ကြိယာအမျိုးမျိုးကို ရွှေသွေးဝေါဟာရကဏ္ဍတွင် ဖတ်ရှုလေ့လာနိုင်ပါသည်။ အပြောအင်္ဂလိပ်စကား ကျွမ်းကျင်စေရန် ရာသီဥတုအကြောင်း စကားစမြည် ပြောဆိုပုံကို ရွှေသွေးစကားဝိုင်းကဏ္ဍတွင် လေ့လာမှတ်သားနိုင်ပြီး အခြေခံသဒ္ဒါ ပိုင်နိုင်ရေးသည်လည်း အရေးကြီးသဖြင့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် 'Good' ၏ မူရင်း အသုံးအပြင် သဒ္ဒါစည်းမျဉ်းဆိုင်ရာ တည်ဆောက်ပုံတို့ကိုပါ ပြည့်ပြည့်စုံစုံ တင်ဆက်ထားရာ ကလေးတို့အကြိုက်တွေ့မည်မှာ သေချာပါသည်။        

(၁၅-၁၀-၂၀၁၆) ရက်တွင် ထွက်ရှိခဲ့သည့် ရွှေသွေးဂျာနယ်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် (သပြေကုန်းဈေး) ရှိ စာပေဗိမာန်စာအုပ်အရောင်းဆိုင်တို့နှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များ တွင် ၀ယ်ယူရရှိနိုင်ပါသည်။ မူရင်းဈေးနှုန်းမှာ ၂၅၀ိ/- ဖြစ်ပါသည်။



related topics

ရွှေသွေးဂျာနယ် အ­­တွဲ (၄၈)၊ အမှတ် (၃၉)၊ ­၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၄ ရက်ထုတ် ဂျာနယ်ကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန် စာအုပ်ဆိုင်တွင် ရောင်းချ

17-Oct-2016
ရွှေသွေး,
SPBM

အတွဲ (၄၈)၊ အမှတ် (၄၀)၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁ ရက်ထုတ် ရွှေသွေးဂျာနယ်ကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန် စာအုပ်ဆိုင်တွင် ရောင်းချ

17-Oct-2016
ရွှေသွေး,
SPBM

(၂၂-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၄၈)၊ အမှတ် (၄၃) ထွက်ရှိ

17-Oct-2016
ရွှေသွေး,
SPBM
စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်သမိုင်းအကျဉ်း

သမိုင်းအကျဉ်း

  • popular
  • ၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု လူငယ်စာပေ အဖွဲ့ငယ် (အတည်ပြုအဆင့်) အစည်းအဝေး ကျင်းပ

    04-Sep-2019
  • တစ်ပတ်အတွင်းရောင်းအားအကောင်းဆုံးစာအုပ်စာရင်းနှင့် တစ်ပတ်အတွင်းအသစ်ထွက်ရှိသောစာအုပ်စာရင်း

    06-Nov-2018
  • တစ်ပတ်အတွင်းရောင်းအားအကောင်းဆုံးစာအုပ်စာရင်းနှင့် တစ်ပတ်အတွင်းအသစ်ထွက်ရှိသောစာအုပ်စာရင်း

    30-Nov-2018
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်နိုင်ရေး အပြီးသတ် အဖွဲ့ကြီးအစည်းအဝေး ကျင်းပ

    16-Nov-2018
  • တစ်ပတ်အတွင်းရောင်းအားအကောင်းဆုံးစာအုပ်စာရင်းနှင့် တစ်ပတ်အတွင်းအသစ်ထွက်ရှိသောစာအုပ်စာရင်း

    21-Nov-2017
  • ၂၀၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အင်္ဂလိပ်စာပေ အဖွဲ့ငယ် အစည်းအဝေးကျင်းပ

    31-May-2017
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • ရွှေသွေး
  • ပုံနှိပ်ရေး
  • ပြိုင်ပွဲများ
  • စာမူများ
  • စာပေရေချမ်းစင်
  • စာပေဗိမာန်
  • အရောင်းဌာန
  • သုတပဒေသာစာစောင်
  • ပြည်သူ့လက်စွဲစာစဉ်
  • စာကြည့်တိုက်
books
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

    19-Jan-2023
  • ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်ထုတ် အတွဲ (၇၆) ၊ အမှတ် (၂) ပြန်တမ်းစာစောင်e-book

    18-Jan-2023
  • ၁၄ - ၁ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၂) e-book

    16-Jan-2023
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2023 Sarpay Beikman - ALL RIGHTS RESERVED

Powered By Myanmar Links