၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ဝတ္ထုရှည် ဘာသာရပ်အတွက် ပဏာမအဆင့် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၁ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ဝတ္ထုရှည် ဘာသာရပ် စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဦးတင့်ခိုင် (တင့်ခိုင်)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း)၊ ဒေါ်မြမြသန်း (မနှင်းဖွေး)၊ ဒေါက်တာသန်းထွဋ် (လင်း-ဆေး ၁)၊ ဦးသန်းအုန်း (မောင်ဇေယျာ) တို့ တက်ရောက်ခဲ့ကြပြီး စည်သူဦးတင်လှိုင် (လယ်တွင်းသားစောချစ်) က ခွင့်ပန်ခဲ့သည်။
အစည်းအဝေးတွင် ၂၀၁၉ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော ဝတ္ထုရှည် ဘာသာရပ်ဆိုင်ရာ စာအုပ်များကို ပဏာမအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေများနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရှိရသည်။
၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့် အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်သွားမည်ဟု သတင်းရရှိသည်။
မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။
ဆက်ဖတ်ရန်