• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

စာပေဗိမာန်

  1. TAGGED AS
  2. စာပေဗိမာန်

စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

27-Sep-2016
အခမ်းအနားများ, စာပေဗိမာန်,
SPBM
အမျိူးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်မှုဖြင့် ဦးနုနှင့် စာပေပညာရှင်များ ဦးဆောင်၍ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကြီး Burma Translation Society ကို ၁၉၄၇ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၄၈ ခုနှစ်၊ မေလတွင် အသင်းကြီးကို ပြည်လမ်းရှိ အမှတ် (၃၆၁) ဆိုရန်တိုဗီလာအဆောက်အအုံသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ယင်းအဆောက်အအုံကို စာပေဗိမာန် Palace of Literature ဟု မြန်မာဆန်ဆန် ကျက်သရေရှိစွာ ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်တွင် စာပေဗိမာန်သည် ၆၉နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် စာပေဗိမာန် ၆၉ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ၂၆-၈-၂၀၁၆ ရက်တွင် စာပေဗိမာန်၌ ကျင်းပခဲ့ရာ နံနက် ၅း၀၀ နာရီတွင် ဒဂုံမြို့နယ်၊ စိန်ရတနာစာသင်တိုက်မှ သံဃာတော်များက စာပေဗိမာန် ဘုရားခန်းအတွင်းရှိ ဥဒ္ဒိဿစေတီဖြစ်သော ဘုရားဆင်းတုတော်များကို အနေကဇာတင်ကြသည်။ ထို့နောက် သံဃာတော်များအား အရုဏ်ဆွမ်းကပ်လှူကြပြီး စာတည်းမှူးချုပ်နှင့် ဝန်ထမ်းများက သံဃာတော်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြ၍ ပရိတ်တရားတော်များ နာယူမူဇော်ကြသည်။ ထို့နောက် သံဃာတော်များအား ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှဝေကြသည်။

နေ့လည်ပိုင်းတွင် အခမ်းအနား ဆက်လက်ကျင်းပရာ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်ဝန်ထမ်းများကို မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးပြီး ပျော်ပွဲရွင်ပွဲများနှင့် ကံစမ်းမဲဖောက်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။ အခမ်းအနားတွင် ဝန်ထမ်းများ၏ စာပေလက်ရာ "ရောင်စုံကမ္ဘာနံရံကပ်စာစောင်" ကို ပြသခဲ့ရာ အခမ်းအနားတက်ရောက်သူများက စိတ်ဝင်စားစွာ ဖတ်ရှုခဲ့ကြသည်။

မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကြီး စတင်တည်ထောင်စဉ်ကပင် ဘာသာပြန်လုပ်ငန်းနှင့် စာပေဖွံ့ဖြိုးရေးလုပ်ငန်းကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ စာပေဗိမာန်ဟု အမည်ပြောင်းလဲခဲ့သော်လည်း စာပေဗိမာန်သည် ယင်းအစဉ်အလာကောင်းများကို ထိန်းသိမ်းအကောင်အထည်ဖော်လျက်ရှိသည်။ စာပေဗိမာန်မျိူးဆက်သစ်ဝန်ထမ်းများနှင့် ပြည်သူများက စာပေဗိမာန်၏ အစဉ်အလာကောင်းများကို အမှတ်တရ ရှိစိမ့်သောငှာ စာပေဗိမာန် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားများကို အစဉ်အလာမပျက် နှစ်စဉ် ကျင်းပသွားမည်ဖြစ်သည်။

related topics

နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

27-Sep-2016
အခမ်းအနားများ, စာပေဗိမာန်,
SPBM

စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

27-Sep-2016
အခမ်းအနားများ, စာပေဗိမာန်,
SPBM

စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

27-Sep-2016
အခမ်းအနားများ, စာပေဗိမာန်,
SPBM
စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်သမိုင်းအကျဉ်း

သမိုင်းအကျဉ်း

  • popular
  • ၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု လူငယ်စာပေ အဖွဲ့ငယ် (အတည်ပြုအဆင့်) အစည်းအဝေး ကျင်းပ

    04-Sep-2019
  • တစ်ပတ်အတွင်းရောင်းအားအကောင်းဆုံးစာအုပ်စာရင်းနှင့် တစ်ပတ်အတွင်းအသစ်ထွက်ရှိသောစာအုပ်စာရင်း

    06-Nov-2018
  • တစ်ပတ်အတွင်းရောင်းအားအကောင်းဆုံးစာအုပ်စာရင်းနှင့် တစ်ပတ်အတွင်းအသစ်ထွက်ရှိသောစာအုပ်စာရင်း

    30-Nov-2018
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်နိုင်ရေး အပြီးသတ် အဖွဲ့ကြီးအစည်းအဝေး ကျင်းပ

    16-Nov-2018
  • တစ်ပတ်အတွင်းရောင်းအားအကောင်းဆုံးစာအုပ်စာရင်းနှင့် တစ်ပတ်အတွင်းအသစ်ထွက်ရှိသောစာအုပ်စာရင်း

    21-Nov-2017
  • ၂၀၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အင်္ဂလိပ်စာပေ အဖွဲ့ငယ် အစည်းအဝေးကျင်းပ

    31-May-2017
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • သုတပဒေသာစာစောင်
  • ပြိုင်ပွဲများ
  • ရွှေသွေး
  • အရောင်းဌာန
  • စာပေဗိမာန်
  • စာအုပ်များ
  • ပုံနှိပ်ရေး
  • စာကြည့်တိုက်
  • စာပေရေချမ်းစင်
  • စာမူများ
books
  • ၁-၄-၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၃)ထွက်ရှိ

    31-Mar-2023
  • ၂၀၂၃ ခုနှစ်၊ မတ်လ (၂၄) ရက်ထုတ် အတွဲ (၇၆) ၊ အမှတ်(၁၂) ပြန်တမ်းစာစောင် e-book

    29-Mar-2023
  • ၁၅- ၃- ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၂) e-book

    28-Mar-2023
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2023 Sarpay Beikman - ALL RIGHTS RESERVED

Powered By Myanmar Links