၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၆ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင် သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ၂၀၁၆ ခုနှစ်အတွင်း ပထမအကြိမ် ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၂) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၇ ခုနှစ် ဇွန်လ (၃၀) ရက်တွင် စာအုပ် (၃၄) အုပ် ထပ်မံရရှိခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်း ဖော်ပြ ပေးထားပါသည်။
(၁) မာရီအန်တွိုင်းနက် - ကလောင်စုံ၊ (၂) ဂျူးလိယက်ဆီဇာ - ကလောင်စုံ၊ (၃) အယ်လက်ဇန်းဒါး - ကလောင်စုံ၊ (၄) မာရီကျူရီ - ကလောင်စုံ၊ (၅) ဖရန့်ခ်လွိုက်ဒ်ရိုက်ထ် - ကလောင်စုံ၊ (၆) ကိုယ်တို့မြို့နဲ့ အရေးအသားတချို့ - သားဦး၊ (၇) ဩဇာအာဏာ - ကောင်းသာ၊ (၈) နယ်စည်းမထား မိန်းမသား - မသီတာ (စမ်းချောင်း)၊ (၉) သစ်လှတောနှင့် အခြား၀တ္ထုတိုများ - အောင်စိုး၊ (၁၀) အက်ရာများ - ကိုထက် (ရေဦး)၊ (၁၁) ဗွီဒီယိုလုပ်ငန်း ဆိုင်ရာ နည်းဥပဒေများ - တင်ဝင်း (ဦး/ညွှန်မှူး-ငြိမ်း)၊ (၁၂) ပင်စင်ဆိုင်ရာ စည်းမျဉ်း နည်းဥပဒေများအကြောင်း သိကောင်းစရာ - တင်ဝင်း (ဦး/ညွှန်မှူး-ငြိမ်း)၊ (၁၃) သမ္မတသစ် ထုဆစ်ရမည့် အနာဂတ်နိုင်ငံတော်နှင့် အခြားဆောင်းပါးများ - သန်းဖြိုးနိုင်- ရန်ကြီးအောင်၊ (၁၄) နတ်သမီးပုံပြင်များ စနိုးဝှိုက်နှင့် လူပုလေး ခုနစ်ယောက် Level-1 - ပန်းဆက်လမ်း စာတည်းအဖွဲ့၊ (၁၅) နတ်သမီးပုံပြင်များ စနိုးဝှိုက်နှင့် လူပုလေး ခုနစ်ယောက် Level-2 - ပန်းဆက်လမ်းစာတည်းအဖွဲ့၊ (၁၆) ရှမ်းဘာသာအဘိဓာန်-ပတွဲ - လုံးစိုင်းဖ (တိုက်ကြီး) - (၁၇) ရှမ်းဘာသာအဘိဓာန်-ဒုတွဲ - လုံးစိုင်းဖ (တိုက်ကြီး) - (၁၈) Hsai Taung Nights and Other Stories – Nyo Htun Lu၊ (၁၉) ရန်ကုန်တိပိဋကဓရဆရာတော် (Ph.D) ၏ ကျမ်းလေးစောင်တွဲ အနှစ်ချုပ် - ဒေါက်တာအောင်ကျော် (သွားဆရာဝန်)၊ (၂၀) တရားမ လက်တွေ့ အသုံးချ မှတ်စုများ (၂၂) - ဦးထင်ဇော် (ညွှန်မှူး-ငြိမ်း)၊ (၂၁) ကျွန်ပန်းခက် နန့်လူတရွီ ရခိုင်ကဗျာစု - ဟေမန်ခိုင် (တိမ်ညို)၊ (၂၂) ၂၁ ရာစုကို တရုတ်ပိုင်စိုးမည်လော - သန်းစိုးနိုင်၊ (၂၃) ARTIFICIAL VIRGIN – Eaint Kyi Phyu Khin၊ (၂၄) ဆီမပါသောဟင်းလျာများ ချက်ပြုတ်နည်း - အန်တီမီးမီး၊ (၂၅) အင်္ဂလိပ်လို ဖတ်မယ်ပြောမယ် (၂) – Saya Harry Khoo၊ (၂၆) မြန်မာ့သတ္တုတွင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ - တင်ဝင်း (ဦး/ညွှန်မှူး-ငြိမ်း)၊ (၂၇) အခကြေးငွေပေးချေရေးဥပဒေ (၂၀၁၆ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် - ၁၇) - တင်ဝင်း (ဦး/ညွှန်မှူး-ငြိမ်း)၊ (၂၈) အီလက်ထရောနစ်ဥပဒေ - တင်ဝင်း (ဦး/ညွှန်မှူး-ငြိမ်း)၊ (၂၉) မြန်မာနိုင်ငံ မြေစာရင်းလက်စွဲ ဥပဒေ - တင်ဝင်း (ဦး/ညွှန်မှူး-ငြိမ်း)၊ (၃၀) ဗုဒ္ဓ၏ အောင်မြင်ရေး လမ်းညွှန်ချက်များ (ဒုတိယတွဲ) - မင်းနန် (မော်ကျွန်း)၊ (၃၁) နှင်းမုန်တိုင်းထဲ က ၂၆ ရက် - အောင်မှိုင်းဆန်း၊ (၃၂) ဘ၀နှင့်ဓမ္မ - ဦးအောင်သွင်၊ (၃၃) UNTIL THE SEA RUNS DRY and Other Short Stories – Eaint Kyi Phyu Khin၊ (၃၄) ခေါင်းဆောင်များ၏ ခေါင်းဆောင်မှု - ဗိုလ်မှူးချုပ်မြင့်ကိုကို (ငြိမ်း)