၂၀၁၆
ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး
၂၀၁၆ ခုနှစ်အတွင်း ပထမအကြမ်ထုတ် စာအုပ်များကို စာပေဆုများ
အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊
ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို
နိုင်ငံပိုင်သတင်းစာများ၊
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ
နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၆ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်တွင် စာအုပ် (၂၂) အုပ် ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့် ရက်များကိုလည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) မီးအိမ်ရှင်နှင့် ရသ ၀တ္ထုစာစုများ - အိမ်ခေတ်မှူး၊ (၂) လူရည်ချွန်တစ်ဦး၏ ခယောင်းလမ်း - ရည်မွန်အောင်၊ (၃) ကလေးတို့ဖတ်ဖို့ ၁၀၀၁ ည ပုံပြင်များ - တက္ကသိုလ်ရွှေရီဝင်း၊ (၄) ဒေသနာနယဆေးပညာနှင့် သိပ္ပံအမြင် (ခန္ဓာဗေဒ) - သုခမိန်စိုး၊ (၅) ဆိုင်းဘုတ်နိုင်ငံနှင့် အခြားအထွေထွေဆောင်းပါးများ - ဘိုကြီး၊ (၆) ပညာခေတ်လူငယ်များနှင့် ဝိဘဇ္ဇဗုဒ္ဓဝါဒ - စိန်တလုံး (တင်စိန် မီးရထား)၊ (၇) မောင်ညီပုနှင့် ထူးဆန်းသောပန်းကန်ပြားပျံနှင့် ပုံပြင်များ - တက္ကသိုလ်ရွှေရီဝင်း၊ (၈) အောင်မြင်သူတို့၏ တစ်ပိုင်းတစ်စပုံရိပ်များ - ဒေါက်တာငွေစိုး၊ (၉) ကာရံမပါ ကဗျာမပြီ ကထာမည်၏ ကဗျာရေးမလား ကထာရေးမလား ဆန်းသစ်ကဗျာရေးဖွဲ့နည်း - သိပ္ပံ-ညိုထွေး (ဦးညိမ်းဝင်း)၊ (၁၀) မြန်မာ့ရင်မှ ဂျပန့်သွေး ဘ၀သရုပ်ဖော် လုံးချင်း၀တ္ထု - ရန်ကင်းမောင်မြတ်နိုး၊ (၁၁) ကလေးတို့ရဲ့ရတနာ ပုံပြင်ကဗျာများ - လူမွန် (ပခုက္ကူ)၊ (၁၂) REFLECTIONS of a DIRECTOR-GENERAL (Medical Research) – Aung Than Batu၊ (၁၃) လှိုက်စားတတ်သော စိတ်တစ္ဆေနှင့်အခြား၀တ္ထုတိုများ - ဆောင်းလုလင်၊ (၁၄) ကလေးတို့အတွက် ဆယ့်နှစ်လရာသီစာပန်းချီနှင့် သိမှတ်စရာအဖြာဖြာ - ခင်သစ်မြိုင်၊ (၁၅) ရွှေမြန်မာကလေးကဗျာများ - သူရဇော်၊ (၁၆) နှလုံးသားမှာ မျက်ရည်နှင့် မင်္ဂလာမောင်မယ် ကျန်းမာရေး စကားဝိုင်းများ (၇) - ဒေါက်တာလွင်သန့် (ဆေး-၂)၊ (၁၇)
ရိုးသားကြိုးစား၍ သန်းကြွယ်သူဌေးကြီးဖြစ်လာသည့် မုံရွာဦးသိန်းထိုက်၏
ဘ၀ခရီးနှင့် အောင်မြင်နည်း အတွေ့ အကြုံများ - တက္ကသိုလ်စိန်တင်၊ (၁၈) မြန်မာ့လွတ်လပ်ရေးတိုက်ပွဲနှင့် ရခိုင်အမျိုးသား ခေါင်းဆောင် ဦးညိုထွန်း - တက္ကသိုလ်စိန်တင်၊ (၁၉) သစ်သီးများနှင့် ကျန်းမာရေး - ဒေါက်တာ ခင်မောင်လွင် (FAME)၊ (၂၀) ပဲခူးဟောင်းပုံရိပ် - မောင်ယဉ်လှိုင်း (ပျဉ်းမမြိုင်)၊ (၂၁) ပျူဒီဇိုင်းများက ပြောသော ပျူအတွေးများ - ဆန်နီငြိမ်း၊ (၂၂) အင်းသားစကား၊ အင်းသားဓလေ့ - မောင်ရွှေနွယ် (အင်းလေး)