၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၆ ခုနှစ်အတွင်း ပထမအကြမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၆ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၆) ရက်တွင် စာအုပ် (၁၉) အုပ် ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့် ရက်များကိုလည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) လမ်းခုလတ်၀တ္ထုတိုများ - ရဲဝင့်သူ၊ (၂) ရဂုံအတွင်းမှ သင်းပျံ့မွှေးထုံ ပန်းမျိုးစုံကဗျာများ - ပဲခွပ်မှူး (အောင်လံ)၊ (၃) လယ်တောထဲက မိန်းကလေး - အိမ့်ချမ်းမြေ့၊ (၄) ငှက်ကလေးဘယ်ဆီပျံသန်းနေ မဂ္ဂဇင်း၀တ္ထုတိုများ - နတ်ရဲ (ရူပဗေဒ)၊ (၅) လိမ္မော်ခင်းစိုက်သူ - ညိုဦးလွင်(ကဗျာများ)၊ (၆) နှလုံးသားကို အလှဆင်ကြပါ ဆောင်းပါးများ - မြန်မာ့အသံ သိန်းဟန်၊ (၇) ထိုင်ခုံလေးတစ်ခုံနှင့် အတွေးအမြင်ဆောင်းပါးများ - ဇော်နောင်ဟိန်း (Guitar)၊ (၈) ချယ်ရီပွင့်ချိန် ခွမ်ကြွဲ ခွာဒို ခေါင်ရည်ချိုမြ တောင်ဇလပ်တို့အလှနှင့် ရွှေရောင်နေ့ရက်များနှင့်ဟုမ္မလင်း - သမုတိသစ္စာ၊ (၉) သီပေါမင်း၏ ဘ၀နေဝင်ချိန်နှင့် အခြားသုတ-ရသစာစုများ - နန္ဒာမောင်၊ သံဖြူဇရပ်၊ (၁၀) မုဆိုးခြံရွာက သူရဲကောင်း မင်းခေါင်နော်ရထာ (ဗိုလ်တွန်) - ရွေဘိုဘာမထီခင်အောင်၊ (၁၁) ရာဇပလ္လင်ထက်မှာ ငါးနှစ်တာ - သန်းဌေး၊ (၁၂) နည်းပညာအခြေခံ လယ်ယာဖွံ့ဖြိုးရန် - ဆင်းသီဟ၊ (၁၃) A Guide to Educational Terms - ဦးထွန်းဦးကျော်၊ (၁၄) မြူမှုန်လေလား လွမ်းငွေ့လားနှင့် ငယ်လက်ရာ၀တ္ထုတိုများ - မင်းရွှေသိန်း (ဇင်းကျိုက်)၊ (၁၅) ကိုတံငါ ရေချိုအင်း ရသစုံ ၀တ္ထုတိုများ - မင်းရိုးယဉ်၊ (၁၆) လွမ်းခဲ့ဖူးသလိုလိုနှင့် မဂ္ဂဇင်း၀တ္ထုများ - မောင်မိုးယံ၊ (၁၇) ပျက်ပြယ်သည့် သဘောတူညီချက်များနှင့် ပဋိညာဉ်များအား ပယ်ဖျက်ခြင်းဥပဒေဆိုင်ရာ သိကောင်းစရာများ - ဦးမောင်မောင်အုန်းမြိုင် (ဘီအက်(စ်)စီ၊ အာ(ရ်)အယ်(လ်))၊ (၁၈) သံယောဇန အတ္ထုပ္ပတ္တိ - အောင်ဆင့်၊ (၁၉) ကမောက်ကမ စီးပွားရေး၊ စည်းလွတ်ဝါးလွတ် အုပ်ချုပ်ရေး၊ အကွပ်မဲ့ကြမ်း ပရမ်းပတာ နိုင်ငံရေး၊ နှင့် ဒီမိုကရေစီလှုပ်ရှားမှု ၈၈၈၈ လူထုအရေးတော်ပုံ - ပန်းတနော် ခင်မောင်မြင့်