၂ဝ၁၈ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ပဏာမအဆင့် စိစစ် ရွေးချယ်ခြင်း များ ဆောင်ရွက်လျက်ရှိရာ စာပဒေသာစာပေ အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၁၉ ခုနှစ် ဇူလိုင်လ ၅ ရက် မွန်းလွဲ ၁ : ၀၀ နာရီက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
စာပဒေသာစာပေ အဖွဲ့ငယ် ပဏာမအဆင့် အစည်းအဝေးသို့ ဦးအုန်းမြင့် (မောင်ရင့်မာ-ကျောင်းကုန်း)၊ ဒေါက်တာတင်မောင်ထွေး (ဒေါက်ထွေး၊ ဆေး/မန်း)၊ ဦးရန်စိန် (မောင်စံဗြော)၊ ဦးလေးမြင့် (ရွှေဒါးမောင်လေးရည်) တို့ တက်ရောက်ခဲ့ကြပြီး ဦးမြဝင်း (မြဝင်း-ဒဿန) က ခွင့်ပန်ခဲ့သည်။
အစည်းအဝေးတွင် ၂ဝ၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် စာပဒေသာစာပေ စာမူများ ပဏာမအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။
ဆက်ဖတ်ရန်