• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး
"ရုပ်သေးရုပ်ကပွဲဖြင့် ဧည့်ခံဖျော်ဖြေခြင်းနှင့် ရုပ်သေးရုပ်ကပွဲသဘင်အကြောင်း ကျွန်တော်/ကျွန်မ တို့ အမြင်" ခေါင်းစဉ်ဖြင့် လျှပ်တစ်ပြက် နှုတ်မှုစွမ်းရည်ပြိုင်ပွဲ ကျင်းပ

"ရုပ်သေးရုပ်ကပွဲဖြင့် ဧည့်ခံဖျော်ဖြေခြင်းနှင့် ရုပ်သေးရုပ်ကပွဲသဘင်အကြောင်း ကျွန်တော်/ကျွန်မ တို့ အမြင်" ခေါင်းစဉ်ဖြင့် လျှပ်တစ်ပြက် နှုတ်မှုစွမ်းရည်ပြိုင်ပွဲ ကျင်းပ

06-Apr-2017
စာပေဗိမာန်, စာကြည့်တိုက်,
SPBM

ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ကြီးမှူးကျင်းပသော ရုပ်သေးရုပ်ကပွဲဖြင့် ဧည့်ခံဖျော်ဖြေခြင်းနှင့် ရုပ်သေးရုပ်ကပွဲသဘင်အကြောင်း ကျွန်တော်/ ကျွန်မတို့အမြင် ခေါင်းစဉ်ဖြင့် လျှပ်တစ်ပြက် နှုတ်မှုစွမ်းရည်ပြိုင်ပွဲကို ရန်ကုန်တိုင်း ဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ စာပေဗိမာန်ရုံး၊ စုပေါင်း အစည်းအဝေးခန်းမတွင် ၅-၄-၂၀၁၇ ရက် ဗုဒ္ဓဟူး၌ နံနက် ၁၀:၀၀ နာရီမှ ညနေ ၃:၀၀ နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ၊ ပြိုင်ပွဲ၀င် ကလေးငယ်များနှင့် မိဘများ၊  အမက(၆) ကျောက်တံတားမှ ပညာရေးမှူး၊ ကျောင်းအုပ် ကြီးနှင့် ဆရာ၊ ဆရာမများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သတင်း မီဒီယာများ စုစုပေါင်း (၁၅၅) ဦး တက်ရောက်ခဲ့ကြပါသည်။

နှုတ်မှုစွမ်းရည်ပြိုင်ပွဲတွင် ကျောင်းပေါင်းစုံမှ လာရောက်ယှဉ်ပြိုင်သူ (၁၆) ဦးရှိပြီး အထက(၁) ဒဂုံမှ စတုတ္ထတန်းဖြေဆိုထားသူ မဆုမြတ်ရတနာက ပထမဆု၊ အထက (၅) ဒဂုံမြို့သစ်အရှေ့ပိုင်းမှ၊ ပဉ္စမတန်းဖြေဆိုထားသူ မသော်တာလင်းထက်က ဒုတိယဆု၊ အမက (၆) ကျောက်တံတားမှ၊ စတုတ္ထတန်း ဖြေဆိုထားသူ မောင်ရဲရင့်အောင်က တတိယဆု၊ အမက (၆) ကျောက်တံတားမှ၊ စတုတ္ထတန်းဖြေဆိုထားသူ မထက်ဧကရီအောင်က စတုတ္ထဆု၊ အမက(၁) အင်းစိန်မှ ဒုတိယတန်း ဖြေဆိုထားသူ မပန်းရတီကျော်က ပဉ္စမဆု၊ အထက ကျောက်တံတားမှ ဆဋ္ဌမတန်းဖြေဆိုထားသူ မယွန်းနဒီခိုင်က နှစ်သိမ့်ဆု (၁)၊ အထက ကျောက်တံတားမှ ဆဋ္ဌမတန်းဖြေဆိုထားသူ မောင်မင်းခန့်အောင်ခိုင်က နှစ်သိမ့်ဆု(၂) အသီးသီး ရရှိခဲ့ကြပါသည်။

ပထမဆု-၄၀၀၀ဝိ/-၊ ဒုတိယဆု-၃၅၀၀ဝိ/-၊ တတိယဆု-၃၀၀၀ဝိ/-၊ စတုတ္ထဆု-၂၅၀၀ဝိ/-ပဉ္စမဆု-၂၀၀၀ဝိ/-၊ နှစ်သိမ့်ဆု-၁၀၀၀ဝိ/-နှုန်း ဆုချီးမြှင့်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများကို နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံကျွေးမွေးခဲ့ပါသည်။

နှုတ်မှုစွမ်းရည်ပြိုင်ပွဲဖြစ်မြောက်ရေးအတွက်  သင်္ဃန်းကျွန်းမြို့နယ် အောင်ရတနာကံဝင်းကျောင်းမှ ဆရာတော်ဦးနာရဒက ငွေကျပ်တစ်သိန်း ခုနစ်သောင်း၊ လှိုင်မြို့နယ် (၁၁) ရပ်ကွက်၊ စံပယ်ခြံ(၃) လမ်းနေဦးရဲဝင်းနှင့် ဦးရဲဝေ (မြန်မာစာ) က ငွေကျပ်နှစ်သိန်းနှစ်သောင်း၊  စမ်းချောင်းမြို့နယ်၊ ညောင်တုန်းလမ်း၊ အိမ်အမှတ် (၅၁)နေ ဒေါ်၀င်းသန္တာက ငွေကျပ်ငါးသောင်းတို့ကို စေတနာ ထက်သန်စွာ လှူဒါန်းခဲ့ရာပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က လက်ခံရယူပြီး အလှူရှင်များနှင့် မေတ္တာစေတနာထက်သန်စွာဖြင့် ရုပ်သေးရုပ်အကဖြင့် ဖျော်ဖြေပေးသော စိမ်းလန်းစိုပြေ ရုပ်သေးရုပ်အကအဖွဲ့တို့အား ဒုတိယညွှန်ကြားရေးမှူးချုပ်က ကျေးဇူးတင်ဂုဏ်ပြုလွှာ မှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ပါသည်။

နှုတ်မှုစွမ်းရည်ပြိုင်ပွဲ အခမ်းအနားအပြီးတွင် ပြိုင်ပွဲတွင်ဆုရကလေးများ၊ အကဲဖြတ် အမှတ်ပေး ဒိုင်များနှင့် အလှူရှင်များစုပေါင်း၍အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။




related topics
စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

06-Apr-2017
စာပေဗိမာန်, စာကြည့်တိုက်,
SPBM
စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

06-Apr-2017
စာပေဗိမာန်, စာကြည့်တိုက်,
SPBM
စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

06-Apr-2017
စာပေဗိမာန်, စာကြည့်တိုက်,
SPBM
စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်သမိုင်းအကျဉ်း

သမိုင်းအကျဉ်း

  • popular
  • ၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု လူငယ်စာပေ အဖွဲ့ငယ် (အတည်ပြုအဆင့်) အစည်းအဝေး ကျင်းပ

    04-Sep-2019
  • တစ်ပတ်အတွင်းရောင်းအားအကောင်းဆုံးစာအုပ်စာရင်းနှင့် တစ်ပတ်အတွင်းအသစ်ထွက်ရှိသောစာအုပ်စာရင်း

    06-Nov-2018
  • တစ်ပတ်အတွင်းရောင်းအားအကောင်းဆုံးစာအုပ်စာရင်းနှင့် တစ်ပတ်အတွင်းအသစ်ထွက်ရှိသောစာအုပ်စာရင်း

    30-Nov-2018
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်နိုင်ရေး အပြီးသတ် အဖွဲ့ကြီးအစည်းအဝေး ကျင်းပ

    16-Nov-2018
  • တစ်ပတ်အတွင်းရောင်းအားအကောင်းဆုံးစာအုပ်စာရင်းနှင့် တစ်ပတ်အတွင်းအသစ်ထွက်ရှိသောစာအုပ်စာရင်း

    21-Nov-2017
  • ၂၀၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အင်္ဂလိပ်စာပေ အဖွဲ့ငယ် အစည်းအဝေးကျင်းပ

    31-May-2017
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • အခမ်းအနားများ
  • သုတပဒေသာစာစောင်
  • စာကြည့်တိုက်
  • ပုံနှိပ်ရေး
  • စာပေဗိမာန်
  • စာအုပ်များ
  • ပြိုင်ပွဲများ
  • စာမူများ
  • စာပေရေချမ်းစင်
  • ရွှေသွေး
books
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

    19-Jan-2023
  • ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်ထုတ် အတွဲ (၇၆) ၊ အမှတ် (၂) ပြန်တမ်းစာစောင်e-book

    18-Jan-2023
  • ၁၄ - ၁ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၂) e-book

    16-Jan-2023
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2023 Sarpay Beikman - ALL RIGHTS RESERVED

Powered By Myanmar Links