တပို့တွဲလတွင် ထမနဲထိုးကြသည့် မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ စာပေဗိမာန်၏ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပြသည့် စာပေဗိမာန်မိသားစု ထမနဲထိုးပွဲကို ၉-၂-၂၀၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ကုန်သည်လမ်း ရှိ စာပေဗိမာန်ရုံး၌ ကျင်းပခဲ့ပါသည်။ ''စာပေဗိမာန်၏စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ရန်၊ ကောင်းမွန်သည့်လုပ်ငန်းတစ်ခုကို အစဉ်အလာကောင်းတစ်ရပ်အဖြစ် အစပျိုးရန်" ဟူသည့် ရည်ရွယ်ချက်တို့ဖြင့် ကျင်းပသော စာပေဗိမာန် မိသားစု ပထမအကြိမ် ထမနဲထိုးပွဲသို့ စာပေဗိမာန်မှ အရာထမ်း၊ အမှုထမ်းများ အားလုံး စည်းလုံးညီညွတ်ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြ ပါသည်။
မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။
ဆက်ဖတ်ရန်