• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက် တွင် စာအုပ် (၂၂) အုပ် ထပ်မံရရှိ

28-Dec-2016
စာပေဗိမာန်,
SPBM

၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၆ ခုနှစ်အတွင်း ပထမအကြမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၆ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်တွင် စာအုပ် (၂၂) အုပ် ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့် ရက်များကိုလည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။

(၁) မီးအိမ်ရှင်နှင့် ရသ ၀တ္ထုစာစုများ - အိမ်ခေတ်မှူး၊ (၂) လူရည်ချွန်တစ်ဦး၏ ခယောင်းလမ်း - ရည်မွန်အောင်၊ (၃) ကလေးတို့ဖတ်ဖို့ ၁၀၀၁ ည ပုံပြင်များ - တက္ကသိုလ်ရွှေရီဝင်း၊ (၄) ဒေသနာနယဆေးပညာနှင့် သိပ္ပံအမြင် (ခန္ဓာဗေဒ) - သုခမိန်စိုး၊ (၅) ဆိုင်းဘုတ်နိုင်ငံနှင့် အခြားအထွေထွေဆောင်းပါးများ - ဘိုကြီး၊ (၆) ပညာခေတ်လူငယ်များနှင့် ဝိဘဇ္ဇဗုဒ္ဓဝါဒ - စိန်တလုံး (တင်စိန် မီးရထား)၊ (၇) မောင်ညီပုနှင့် ထူးဆန်းသောပန်းကန်ပြားပျံနှင့် ပုံပြင်များ - တက္ကသိုလ်ရွှေရီဝင်း၊ (၈) အောင်မြင်သူတို့၏ တစ်ပိုင်းတစ်စပုံရိပ်များ - ဒေါက်တာငွေစိုး၊ (၉) ကာရံမပါ ကဗျာမပြီ ကထာမည်၏ ကဗျာရေးမလား ကထာရေးမလား ဆန်းသစ်ကဗျာရေးဖွဲ့နည်း - သိပ္ပံ-ညိုထွေး (ဦးညိမ်းဝင်း)၊ (၁၀) မြန်မာ့ရင်မှ ဂျပန့်သွေး ဘ၀သရုပ်ဖော် လုံးချင်း၀တ္ထု - ရန်ကင်းမောင်မြတ်နိုး၊ (၁၁) ကလေးတို့ရဲ့ရတနာ ပုံပြင်ကဗျာများ - လူမွန် (ပခုက္ကူ)၊ (၁၂) REFLECTIONS  of a DIRECTOR-GENERAL (Medical Research) – Aung Than Batu၊ (၁၃) လှိုက်စားတတ်သော စိတ်တစ္ဆေနှင့်အခြား၀တ္ထုတိုများ - ဆောင်းလုလင်၊ (၁၄) ကလေးတို့အတွက် ဆယ့်နှစ်လရာသီစာပန်းချီနှင့် သိမှတ်စရာအဖြာဖြာ - ခင်သစ်မြိုင်၊ (၁၅) ရွှေမြန်မာကလေးကဗျာများ - သူရဇော်၊ (၁၆) နှလုံးသားမှာ မျက်ရည်နှင့် မင်္ဂလာမောင်မယ် ကျန်းမာရေး စကားဝိုင်းများ (၇) - ဒေါက်တာလွင်သန့် (ဆေး-၂)၊ (၁၇) ရိုးသားကြိုးစား၍ သန်းကြွယ်သူဌေးကြီးဖြစ်လာသည့် မုံရွာဦးသိန်းထိုက်၏ ဘ၀ခရီးနှင့် အောင်မြင်နည်း အတွေ့ အကြုံများ - တက္ကသိုလ်စိန်တင်၊ (၁၈) မြန်မာ့လွတ်လပ်ရေးတိုက်ပွဲနှင့် ရခိုင်အမျိုးသား ခေါင်းဆောင် ဦးညိုထွန်း - တက္ကသိုလ်စိန်တင်၊ (၁၉) သစ်သီးများနှင့် ကျန်းမာရေး - ဒေါက်တာ ခင်မောင်လွင် (FAME)၊ (၂၀) ပဲခူးဟောင်းပုံရိပ် - မောင်ယဉ်လှိုင်း (ပျဉ်းမမြိုင်)၊ (၂၁) ပျူဒီဇိုင်းများက ပြောသော ပျူအတွေးများ - ဆန်နီငြိမ်း၊ (၂၂) အင်းသားစကား၊ အင်းသားဓလေ့ - မောင်ရွှေနွယ် (အင်းလေး)



related topics
စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

28-Dec-2016
စာပေဗိမာန်,
SPBM
စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

28-Dec-2016
စာပေဗိမာန်,
SPBM
စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

28-Dec-2016
စာပေဗိမာန်,
SPBM
စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်သမိုင်းအကျဉ်း

သမိုင်းအကျဉ်း

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • အခမ်းအနားများ
  • စာပေဗိမာန်
  • စာမူများ
  • စာအုပ်များ
  • ပုံနှိပ်ရေး
  • အရောင်းဌာန
  • စာပေရေချမ်းစင်
  • စာကြည့်တိုက်
  • ပြိုင်ပွဲများ
  • သုတပဒေသာစာစောင်
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman