၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၈ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင် သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ၂၀၁၈ ခုနှစ်အတွင်း ပထမအကြိမ် ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၂) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်တွင် စာအုပ် (၁၈၇) အုပ် ထပ်မံရရှိခဲ့ ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) ခေါင်းဆောင်ကောင်းတို့၏ စီမံခန့်ခွဲမှု အတတ်ပညာ - ဆရာထိန်လင်း (BE.Mechanical) Y.I.T၊ (၂) တီထွင်ဖန်တီးရှင် ၁၀၀ - မိုးသိမ်း၊ (၃) လူငယ်ဖတ်ရေးဖြတ်တွေးများ - သန်းထိုက် (ရွှေရိပ်)၊ (၄) ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ်ကာလများအတွင်း တစ်အိမ်ထဲအတူ နေထိုင်ခဲ့သူ ဒေါ်ခင်ခင်ဝင်းနှင့် ဘ၀ခရီးလမ်းကို ပုံစံအမျိုးမျိုးဖြင့် ဖြတ်သန်းနေကြသူများ - ကလောင်စုံ၊ (၅) သမ္မာကျမ်းစာ (ဓမ္မသစ်ကျမ်း) နောက်ခံသမိုင်းနှင့် အဓိပ္ပာယ်ရှင်းလင်းချက် - ဂျိုးဇက်ကုန်းဇမှုန်း (ခ) ဝင်းလှိုင်ဦး၊ (၆) ဓားသမား၏ စာပေါင်းချုပ် (၂) - တိုက်စိုး၊ (၇) တိုက်ပွဲ ၁၀၀ အောင်ပွဲ ၁၀၀ (ပထမအုပ်) - ထွန်းသစ်၊ (၈) မြန်မာ၀တ္ထုတို - ကလောင်စုံ၊ (၉) ဒီမိုကရေစီ ရှာပုံတော် - ဦးမြတ်လှ (ဘီအေ၊ ဘီအယ်လ်)၊ (၁၀) တပင်ရွှေထီးနှင့် - သန်းထွန်း (လှည်းကူး)၊ (၁၁) ဘ၀ကို ထိန်းကျောင်း ပဲ့ပြင်ပေးသည့် စာပေအမွေ အနှစ်များ သားအောင်မြင့်မှတ်စု - သားအောင်မြင့် (ဖားကန့်)၊ (၁၂) ဝီလီယံကော်နင် မြန်မာသဒ္ဒါကောက်ကြောင်း - ကိုလေး၊ (၁၃) စံအဖြစ် ကျန်ရစ်လေသူ - အရှင်စန္ဒိမာလင်္ကာရ မောင်စံလေး(သထုံ)၊ (၁၄) ခါးနာခြင်းအတွက် အိမ်တွင်းကုထုံးနှင့် သိမှတ်ဖွယ်ရာကျန်းမာရေး အဖြာဖြာ - ပေါက်ပေါက်၊ (၁၅) ကျန်းဂီး ဝီရသူနဲ့ ဝိုင်ရသူ သရော်စာနှင့် ရသဆောင်းပါးများစုစည်းမှု - ဌေးဝင်း၊ မင်းမင်းဇော်မောင်၊ (၁၆) ၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတွင်းကပြင်ဆင်ရန်နှင့် ပယ်ဖျက်ရန် ဥပဒေများ - U Myo (Law)၊ (၁၇) ခရမ်းရောင်ထင်းချောင်းတွေရဲ့ ဇာတ်ဝင်ခန်း ရသစာတမ်းများ - လူနှင်းချို (မတ္တရာ) ရင်ရိုး၊ (၁၈) တံတိုင်းခြားနေတဲ့ အခါ - လင်းလက်ကြယ်စင်၊ (၁၉) အိပ်မက်ဆိုး ၀တ္ထုတိုများ - ကြူးနှစ်၊ (၂၀) ခင်သန်းကြီးရဲ့ မျက်လုံးတွေ - နေမျိုး၊ (၂၁) ဝေဖန်ရေးနဲ့ ကျွန်တော် အပါအဝင်ဆောင်းပါးများ - မောင်သာနိုး၊ (၂၂) အနုပညာသစ္စာတရား - ဇော်ဇော်အောင်၊ (၂၃) ကလေးများအတွက် သုတရတနာသိုက် (၇) - ပဉ္စဂံစာတည်းအဖွဲ့၊ (၂၄) စစ်ဘုရင်၊ သူရဲကောင်း ဘုရင့်နောင် ဒုတိယမြန်မာနိုင်ငံတော်မော်ကွန်း - နေစိုးထက်၊ (၂၅) သူတို့တိုက်ခဲ့သော BCP နှင့် တိုက်ပွဲများ အမှတ် (၁) - သောင်းဝေဦး၊ (၂၆) ရသဝတ်ရုံ - ညိုမှိုင်းဝေ၊ သွန်းသက်နှင်း၊ ဧကန်၊ (၂၇) မနီလွိုင်း ငရဲရွာအလွန် - မောင်စင်ကြယ်၊ (၂၈) တေးသီငှက်တို့ခြေရာများ တစ်မျက်နှာ၀တ္ထုတိုများ - ကလောင်စုံ၊ (၂၉) မြန်မာနိုင်ငံဖြစ်တည်လာခြင်းသမိုင်း အဆက်ဆက်နှင့် ဗဟုသုတ ဒိုင်ယာရီ - နန်းအောင်လှိုင် (လှိုင်)၊ (၃၀) ဘာသာစကားလေ့လာမှု - ဒေါက်တာကိုလေး၊ (၃၁) ကမ္ဘာကို ကိုင်လှုပ်ခဲ့သည့် ကမ္ဘာကျော်စစ်ဗိုလ်ချုပ်ကြီးများ - နေစိုးထက်၊ (၃၂) လက်ရွေးစင်ရသစာတမ်းများ အမှတ် (၃) - ငွေလအမြုတေ၊ (၃၃) နှင်း - ဆွေရည်လင်း၊ (၃၄) သူခိုးတိုင်းပြည် ကဗျာစုစည်းမှု - ညို့သစ်ငယ်၊ (၃၅) သက်တန့်ကမ္ဘာ - ရှင်မင်း (ပြည်)၊ (၃၆) ကဗျာမိုးကောင်းကင် - စိုးမြတ်နွယ်၊ (၃၇) Poems On Myanmar Contemporary Scenes – SELECTED POEMS by LOKETHAR၊ (၃၈) မိခင်နှလုံးသားနှင့် ရသ၀တ္ထုတိုများ - ဟိန်းအောင်ကျော်၊ ကိုကို (B.Ags.Sc)၊ (၃၉) အချစ်၊ မျှော်လင့်ချက်နှင့် ယုံကြည်မှု ဘာသာပြန် ရသစာစုများ - ကျော်မြင့် (မြောင်းမြ) မာန်သစ်၊ (၄၀) အတိမ်းအစောင်းမခံသော နှစ်များ - ဒိုဂျေဆန်း (မြန်မာပြန်)၊ (၄၁) ဥဒ္ဓိစ္စကမ်းခြေ နှင့် အခြားစကားပြေများ - ပြည်သစ်ဟန်၊ (၄၂) ရှုမ၀မဂ္ဂဇင်းရွှေအိုရောင်ကာလ နှစ်ဆယ်ရာစု နိုင်ငံရပ်ခြား၀တ္ထုတိုများ - ကလောင်စုံ၊ (၄၃) ကောင်းကင်ရဲ့ဖတ်စာနှင့် ၀တ္ထုတိုအခင်းအကျင်း - ဇွန်ဝေ (ဟင်္သာတ)၊ (၄၄) လက်တွေ့အသုံးဝင်သော မိဘအုပ်ထိန်းမှု ကလေးသူငယ်များ၏ ပြဿနာ ဖြေရှင်းနည်းများ - မိုးဇော်ဦး (မြန်မာပြန်)၊ (၄၅) ချစ်လို့ရေးတာဖတ်ပါ - ဒေါက်တာစိုးသန်း၊ (၄၆) နှစ်ဆယ်ရာစု အာကာသစူးစမ်းမှုသမိုင်း - သန်းဝင်းလှိုင်၊ (၄၇) ၀တ္ထုပဒေသာပေါင်းချုပ် - ပီ-မိုးနင်း၊ (၄၈) အတွင်းရေးမှူး (၁) - မှော်ဝန်းသား ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း)၊ (၄၉) ခေါင်းဆောင်များပြုမိတတ်သည့် ထိပ်တန်းအမှားဆယ်ချက် - ထွန်းတင့်အောင်၊ (၅၀) ထိုင်းဘုရင် ဘူမိဘောအဒူလျာဒက် (သို့မဟုတ်) ပထဝီမြေပြင်ရဲ့စွမ်းအား - မင်းစိုးသန်း (မြန်မာပြန်)၊ (၅၁) အနားမညီသော တြိဂံအမှတ် (၂) ရသကဗျာများ - မင်းထွန်းမင်း၊ အာကာမျိုး၊ မိုးကျော်စိုး (မကွေး)၊ (၅၂) မိဘကျေးဇူး အသက်ပေး ဆပ်သည့်သားနှင့် မိဘမေတ္တာဖွဲ့ ရသစာစုများ - ဧကန်မင်း၊ (၅၃) မြန်မာတို့ရဲ့ စစ်ဘုရင် တတိယမြန်မာနိုင်ငံတည်ထောင်သူ - ဧကန်မင်း၊ (၅၄) ဖုန်းရွှေ၏ စွမ်းအားများ - မိုးစက်ပိုင်၊ (၅၅) သင့်အတွက်ပုဂ္ဂိုလ်ရေးအောင်မြင်မှုဆိုသည်မှာ - ကောင်းသာ (မြန်မာပြန်) ၊ (၅၆) တစ်ခြမ်းပဲ့လရဲ့ ညနေ - ဦးမျိုး (မကွေး)၊ (၅၇) မြန်မာ့စကားပုံပေါင်းချုပ် - ဦးမင်းထက်၊ (၅၈) ဗုဒ္ဓခေတ်ကျောင်းတိုက်ကြီးများနှင့် ကျောင်းလှူရပ်ကျိုးများ - ဓမ္မာစရိယ လွှမ်းအောင်၊ (၅၉) ပညာရေးတွေးတတ်အောင်သင် (၂) သန်းစိုးအောင်၊ (၆၀) လေးဆယ်အလွန် စိမ်းလန်းခြင်းများ ကဗျာစုစည်းမှု - ကလောင်စုံ၊ (၆၁) ဝါန်အန်းယီ၏ ၀တ္ထုတိုများ - မြင့်သန်း၊ (၆၂) သမိုင်းလမ်းဆုံ တရက်ဂျဒီကဗျာနှင့် ကဗျာမှတ်စုများ - သူရနီ၊ (၆၃) ခုခံအားကစဉ်ကလျား ဖြစ်ခြင်း နာတာရှည်ရောဂါများ ဗီတာမင်D3 နှင့် သက်ရှည်ကျန်းမာလိုလျှင် စားသောက်နေထိုင်မှု ဘ၀ကိုပြင် - ဓမ္မဗျူဟာ၊ (၆၄) လူတိုင်းအတွက် ကျန်းမာရေးမျှခြေ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရှေးဟောင်းမြန်မာ့ရိုးရာဝိဇ္ဇာဓရနယဆေးပညာ - မင်းဋုခေါင်၊ (၆၅) ရေဖြင့် ကျန်းမာခြင်း - ဆရာနောင်၊ (၆၆) တရုတ်ရှေးဟောင်း ဒဏ္ဍာရီပုံပြင်များ - ဘဘသက်၊ (၆၇) သေူစ်ရေပ်ဗီုလဒက် ပတန်လိက်မန်ကေုာလိက်ပျူ - နာဗီထဝ်မန်ဇြာ၊ (၆၈) 980 ခေတ်ပေါ် ကဗျာ တစ်ထောင့်ကိုးရာရှစ်ဆယ် - နေညိုအောင်၊ (၆၉) မီးရှယ်ဖူးကိုးဟာကူလိုင်းဘာဘင် - မိုးသက်ဟန်၊ (၇၀) မင်းထိရှမှာ စိုးလို့ ငါထိရှပေးလိုက်တာ - နေမိုးအိမ်၊ (၇၁) ဘ၀ဇာတ်ခုံ ဇာတ်ခုံကမ္ဘာ - ယဉ်ယဉ်သိန်း (နဘား)၊ (၇၂) လိင်မှုဆိုင်ရာစိတ်ပညာနှင့် အခြားဆောင်းပါးများ - ဒေါက်တာထွန်းဝင်း၊ (၇၃) HR လောကသို့ ဝင်ပေါက် (၅) မျိုး - ဒေါက်တာထွန်းဝင်း၊ (၇၄) တတိယလှိုင်း ၂၀ ရာစုနှောင်းပိုင်း ဒီမိုကရေစီ အကူးအပြောင်း (အပိုင်း-၂) - ဇင်ဝေသော်၊ (၇၅) ရောင်စုံအိပ်မက်များ - နွေနှင်းသိုက်၊ (၇၆) ပြောင်းလဲနေသော ရာသီဥတု - မောင်တင်ဦး (ရုက္ခ)၊ (၇၇) စွဲလမ်းခြင်းမှ လွတ်မြောက် ငြိမ်းအေးခြင်းသို့ရောက်စေသတည်း - ဒေါက်တာစိုးလွင်၊ (၇၈) သီးခြားနယ်နိမိတ် - မိုးသက်ဟန်၊ (၇၉) ထရိုဂျန်မြင်းရဲ့အသားစကားပြေ ကဗျာများ - အောင်ခင်မြင့်၊ (၈၀) မျက်မှောက်ကာလ ခေတ်ကာက ဖြစ်ပျက်နေပုံများ - အေးကမ္ဘာဒေါက်၊ (၈၁) ကျွန်ုပ်သိသော မူဂျာဟစ်၊ ကိုယ်တွေ့မေယုမြေနှင့် ရိုဟင်ဂျာ - ဦးစံထွန်းအောင်၊ (၈၂) ချစ်မြေးလေးသို့ … - ကိုကိုကျော် (မွန်)၊ (၈၃) ရာမညဒေသ ကျိုက္ကသာမြို့ဟောင်းသုတေသနခရီး - ဦးစံဝင်း (သမိုင်းသုတေသန)၊ (၈၄) ပေးဆပ်မှုရက်စွဲများ - ကျော်သူ၊ (၈၅) စစ်သူကြီးကို သတ်ပစ်ခြင်း (ပထမပိုင်း၊ Idea ပေါ်လာခြင်း) - ရဲမြလွင်၊ (၈၆) လူငယ်တွေဖတ်ဖို့ - ကောင်းစံသာ (ရေကြည်)၊ (၈၇) မဟော်သဓာဝင်ခွင့် စာရိတ္တနှင့်ပြည်သူ့နီတိဆိုင်ရာ - (၈၈) THUHILHNATE – SIA DO SUAN MUNG၊ (၈၉) ဓမ္မိကဘသန်းမှတ်စု - ဘသန်း (ဓမ္မိက)၊ (၉၀) သူတို့နှင့် ကျွန်တော် ဆောင်းပါးများပေါင်းချုပ် - မောင်စွမ်းရည်၊ (၉၁) ကမ္ဘာ့နိုင်ငံ သရ နိုင်ငံ၏ စကားပုံများ - ဦးသိန်းအောင် (နိုင်ငံခြားငွေ)၊ (၉၂) စွန့်လွှတ်စွန့်စားရသည့်ဘ၀၏ လွမ်းရသည့်အမှတ်တရများ - ဝေးဝေး (စစ်တက္ကသိုလ်)၊ (၉၃) ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် နာယကနှင့် မြန်မာသံတော်ဆင့် - မောင်ရေစက်၊ (၉၄) ကွမ်တမ်မက္ကင်းနစ်ပညာ (ပထမတွဲ) - ဒေါက်တာ တင်အောင်၊ (၉၅) မူကြို အရွယ်ကလေးများအတွက် ၅ မိနစ်ပြောစာ ပုံပြင်များ - လင်းလက် ကြယ်စင်၊ (၉၆) ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းဆိုင်ရာ ဆွေးနွေးချက်များ - (၉၇) အပင်ကန်လွယ်ကူစွာ စိုက်ပျိုးနည်းလမ်းညွှန် - (၉၈) ဒေါက်တာမောင်မောင် မြန်မာ နိုင်ငံတော်၏ သတ္တမမြောက် သမ္မတ - ကျော်သူ (သားမောင်စစ်သည်)၊ (၉၉) လုပ်ငန်းခွင် အန္တရာယ်ကာကွယ်ရေးနှင့် ကျန်းမာရေး ဆိုင်ရာ သင်တန်းလက်စွဲ - (၁၀၀) စွန့်ဦးတီထွင် မွတ်စလင်မ်သိပ္ပံပညာရှင်ကြီးများနှင့် မြန်မာပြည်ကို အလှဆင်ခဲ့ကြသူများ - အလ်အာလင်မ် ဟာရှင်မ်ဘင်န်ယူစွမ်-ကိုမင်း၊ (၁၀၁) ချင်း သမိုင်းကွင်းဆက်များ - ဆလိုင်းနောစော်၊ (၁၀၂) စုန်းမကြီးဒေါ်ငွေစိန်နှင့် တစ္ဆေ၊ သရဲ၊ စုန်း ၀တ္ထုများ - ဧကန်မင်း၊ (၁၀၃) စကားတစ်ခွန်း၏ တန်ဖိုးနှင့် အခြားပုံပြင်များ - အောင်ခင်စိုး၊ (၁၀၄) သာ၍ကောင်းသောဘ၀ကို ပိုင်ဆိုင်လိုလျှင် အပိုင်း (၂) - ကျော်သူဇင် (မိုင်းဖြတ်)၊ (၁၀၅) သူ့အလှ သူ့ပုံရိပ် - သာကျော်သစ် (တောင်တွင်း)၊ (၁၀၆) မိသားစုဘ၀ အိမ်ရှင်မ - ပြုံးသီရိမေ၊ (၁၀၇) သူရဦးရွှေမန်း (သို့မဟုတ်) သမ္မတဖြစ်ချင်သူ - သန်းဝင်းလှိုင်၊ (၁၀၈) အမျိုးသားရေးဝါဒ - အောင်နိုင်၊ (၁၀၉) ဓမ္မရေးရာ ဖတ်ညွှန်း ၁၀၀ - ဒေါက်တာအရှင်သူရိယ Ph.D (Philosophy)၊ (၁၁၀) လမ်းမှန်သို့ပြသော ဖက်ဒရယ်ကြယ်ပွင့် - မိလှိုင်မဏိ၊ (၁၁) ဒဏ္ဍာရီဆန်ဆန် ချစ်ခဲ့သလားနှင့် အခြားမဂ္ဂဇင်း၀တ္ထုတိုများ - ဆန်းငယ်သွေး (ပုတီးကုန်း)၊ (၁၁၂) ရွှေသင်္ဘောပုံပြင် - သန်းလွင် (CEO)၊ (၁၁၃) အခြေပြုမီဒီယာနှင့် သတင်းထောက်ပညာ - ယဉ်ယဉ်သိန်း (နဘား)၊ (၁၁၄) ကံ ကံ၏ အကျိုးနှင့် ၀တ္ထုတိုများ - ကိုကိုကျော် (မွန်)၊ (၁၁၅) ဘ၀ဇာတ်ခုံ ကဗျာစုံ အတွဲ (၁) - ကိုကိုကျော် (မွန်)၊ (၁၁၆) အချစ်စစ် ကဗျာများ ဗီးစ်ဝါဗာရှင်ဘော်ဇကာ (၁၁၇) အဘဝိဇ္ဇာချုပ်အောင်မင်းခေါင်၏ သင်ကြားပို့ချချက် များ - စကြာကောင်းစံ၊ (၁၁၈) ဆုတောင်းပြည့် အဓိဌာန်အောင် ဗိုလ်တထောင်စေတီတော်မှ ဘိုးဘိုးကြီးနှင့် မြနန်းနွယ် - ဂန္ဘီရ ဆရာလှမျိုး (B.Sc)၊ (၁၁၉) ဘာအရေးကြီးဆုံးလဲ - လေးကေ - အရှင်နန္ဒမာလာ၊ (၁၂၀) မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းရေးလမ်းစဉ် - ဦးနှစ်သက်၊ (၁၂၁) အခါလွန်မိုးနှင့် လူမှုဘ၀ ၀တ္ထုတိုများ - နီလာဦး (မန္တလာမြေ)၊ (၁၂၂) ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်ခြင်း - အောင်လှိုင် (မြန်မာပြန်)၊ (၁၂၃) နိုင်ငံတကာနှင့် ပြည်တွင်းအလုပ်အကိုင်များ အတွက် အလုပ်အင်တာဗျူး အမေးအဖြေများ - မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)၊ (၁၂၄) U ဖတ်ဖို့ (စိတ်အားဖြည့် စာစုများ) - ရနံ့သိုက်၊ (၁၂၅) ကော်ရလိုင်းဆိုတဲ့ ကောင်မလေး - မောင်ဒေး (မြန်မာပြန်)၊ (၁၂၆) ငါးဝန်မြစ်ကမ်း နားဘေးက ပညာရေးလွမ်းတေးတစ်ပုဒ် (ပညာရေးနှင့်နိုင်ငံရေးဆောင်းပါးများ) - မောင်ညိုဝင်း (ဧရာ၀တီ) (သန်းဝင်း၊ သာပေါင်းခ)၊ (၁၂၇) ဂန္ဒီ၏ ထူးချွန်ပြောင်မြောက်သော ခေါင်းဆောင်မှု ပညာ - ဟိန်းလတ် (မြန်မာပြန်သည်)၊ (၁၂၈) မျက်မှောက်အရင်းရှင်စနစ်နဲ့ ဆိုရှယ်လစ်စနစ် ဖြစ်ပေါ်တိုးပွားမှုဆိုင်ရာ စာတမ်းများ - ရဲဘော် စိုးသိမ်း၊ (၁၂၉) ဟာဂုတိ မူရာကာမိ ငလျင်အလွန် ၀တ္ထုတိုများ - ကျော်လင်းဆွေ၊ (၁၃၀) ကျွန်မချစ်သော စပိုင် - လင်းယုန်မောင်မောင်၊ (၁၃၁) ကြုံရ ဆုံရ ဆေးလောက - အေးကမ္ဘာ ဒေါက်တာချစ်၊ (၁၃၂) ကိုယ့်ကိုယ်ကိုယ် ဆုံးမခြင်း အတွဲ (၄) - မနောပဒါယီ အရှင်ဝိစိတ္တ၊ (၁၃၃) ဂုဏ်ယူထိုက်တဲ့လူ - အရှင်ဓမ္မိက (ဆင်ဖြူကျွန်း)၊ (၁၃၄) ပေါ်ပြူလစ်ဇင် - ဘိုဘိုဝင်း၊ (၁၃၅) အောင်မြင်ဖို့ အချိန်မှ ရှိရဲ့လား - ကောင်းသာ (မြန်မာပြည်)၊ (၁၃၆) ထိုက်တန်ရာသာ ရှာမှီးပါ - ကောင်းသာ (မြန်မာပြည်)၊ (၁၃၇) သိန်းတစ်သောင်း ပေါက်အောင်ထိုးနည်း - ဂမ္ဘီရမောင်မောင်၊ (၁၃၈) မြင်မိသမျှ ခံစားနားလည်မိသမျှ - အောင်လှိုင် (မြန်မာပြန်)၊ (၁၃၉) ပါမောက္ခချုပ် မိတ်ဆက် - လူအောင်-ဝမ်းတွင်း သကျသီဟ ဓမ္မာစရိယ၊ (၁၄၀) သင်ကိုယ်တိုင်လည်း အာဂလူ - ခင်စောတင့် (မြန်မာဘာသာပြန်)၊ (၁၄၁) ဇီးကွက်၊ စင်ရော်နှင့် တိရစ္ဆာန်ပုံပြင်များ - မောင်မဟာ၊ (၁၄၂) စိတ်ထားမကောင်းသူ စိတ်ထားကောင်းသူ နှင့် အခြားပုံပြင်များ - မောင်မဟာ၊ (၁၄၃) မြန်မာ့ရိုးရာပုံပြင်များ - ဆရာထိန်လင်း၊ (၁၄၄) ကမ္ဘာတစ်လွှားမှ ကံကောင်းစေမည့် အဆောင်များနှင့် အစီအရင်များ - ဟိန်းလတ်၊ (၁၄၅) မြန်မာနိုင်ငံကို အမှူးပြုခဲ့သော ဘုရားဆုပန် မင်းယောက်ျားဦးနု - အောင်ချိုချိုကျော်၊ (၁၄၆) မေတ္တာ အိမ်ကလေး ၀တ္ထုတိုစုစည်းမှု - ကလောင်စုံ၊ (၁၄၇) အရှင်မဟာဗုဒ္ဓဃောသမထေရ်၏ မဟာနမက္ကာရဘုရားရှိခိုးနှင့် အဓိပ္ပာယ်ရှင်းလင်းချက်များ - အရှင်ဉာဏိဒ္ဒ၊ (၁၄၈) လွတ်ငြိမ်း ချမ်းသာခွင့်နှင့် အခြားဘ၀ သရုပ်ဖော်၀တ္ထုများ - သော်တာဆွေ၊ (၁၄၉) လူငယ်နှင့် ပိုမိုလှပသော မနက်ဖြန်များစွာဆီသို့ - စိုးသူ LPZ၊ (၁၅၀) ဗုဒ္ဓ၊ သုတ၊ ရသ ဆောင်းပါးများ စုစည်းမှု - မင်းမဂ္ဂ (ဒဿန)၊ (၁၅၁) ရှေးစာဆိုတော်ကြီးများ၏ ဟာသကဗျာ ဟာသစာ - သန်းထွန်း (လှည်းကူး)၊ (၁၅၂) မင်းသိင်္ခပြောတဲ့ လူတစ်လုံး သူတစ်လုံး လူဖြစ်မရှုံးအောင်နေနည်း - ဝင်းဇော် (သစ်တော)၊ (၁၅၃) စာဖွဲ့ပညာနည်းဗျူဟာ - သိရီ (သင်္ဂဇာမြေ)၊ (၁၅၄) မိုးနည်းရပ်ဝန်းဒေသ လက်ရွေးစင်ကဗျာရှည်များ စုစည်းမှု - ကြည်ဇော်အေး၊ (၁၅၅) အဖိုးတန်နေ့စွဲများကို ရေတွက်ခြင်း - သုစိန် (ဗုဒ္ဓတက္ကသိုလ်)၊ (၁၅၆) ငွေကြယ်ပွင့်တို့ရဲ့ မိုးကောင်းကင်နှင့် မင်္ဂလာမောင်မယ် ကျန်းမာရေး စကားဝိုင်းများ (၁၀) - ဒေါက်တာလွင်သန့် (ဆေး-၂)၊ (၁၅၇) သံမဏိနှင်းဆီ ဆောင်းပါးများ - ခင်နှင်းဦး၊ (၁၅၈) အသေးစိတ်ကျကျ ဆောင်ရွက်မှသာ အောင်မြင်စွာ နေထိုင်နိုင် မည် - ခင်စုစုစံ၊ မြနှင်းရည်ရှိန် (မြန်မာပြန်)၊ (၁၅၉) ပင်စင်စားမြို့ကလေးနှင့် ပျံသန်းနေသော ကဗျာစုများ - မင်းဇော် (စစ်ကိုင်း)၊ (၁၆၀) ငါးရာ့နှစ်ဆယ်ရှစ်သွယ်မေတ္တာ မေတ္တာပြည့်လျှံ ခြင်္သေ့သံများ - နေပြည်တော်၊ တပ်ကုန်းမြို့ ဆရာစံ မဟာသီဟနာဒတိုက်၊ (၁၆၁) ဒဏ်ရာရှိသော နေ့စွဲလေး - ရွှေငါးလေး၊ (၁၆၂) ဖြုံဘူး အားပြိုင်ပွဲနှင့် ရသခရီးသွားစာမူများ - မင်းကိုနိုင်၊ (၁၆၃) သုံးထောင်စံ ဖဆပလခေတ် ရခိုင်ပြည်နယ် ရရှိရေးနှင့် ဘ၀တစ်ကွေ့မှအတွေ့အကြုံများ - မောင်သံခဲ၊ (၁၆၄) ခေတ်သစ်ရဲမတ်တစ်ယောက်၏ လမ်းစဉ် - ဇော်ဝင်းကြူ (ပျဉ်းမနား)၊ (၁၆၅) အဖိုးတန် ကျန်းမာရေး ဗဟုသုတများ - ဒေါက်တာတင်လတ် (ဒေါက်တာအောင်ဇော်ထိုက်)၊ (၁၆၆) အားလုံးတော်ကြပါသည် - ဒေါက်တာခင်မောင်ညို၊ (၁၆၇) ကုသိုလ်ကမ်းသောလက် - ဒေါက်တာ အရှင်လာဘသာမိ (မြတ်ဓမ္မ)၊ (၁၆၈) မော်စီတုန်း ဒီမိုကရေစီသစ် ပြည်သူ့ဒီမိုကရေစီ အာဏာရှင် စနစ် - တင်ထွန်းနိုင်၊ (၁၆၉) ကျွန်တော်က လူကြမ်း - သျှင်မ၊ (၁၇၀) ဝမ်းသာရမှာလား ဝမ်းနည်းရမှာလား ဒီမိုကရေစီရယ် - နေမျိုးကျော်စိုး၊ (၁၇၁) ရွာပြင့်ထုတ်ခံရသူကြီး (ဆရာတော် ဦးဝီရသူ၏ အမျိုးသားနိုင်ငံတော် တည်ဆောက်ရေး ရှုမြင်ချက်များ) - ငြိမ်းချမ်းသာ၊ (၁၇၂) ဘဏ်ဝန်ထမ်း ဘဏ်လုပ်ငန်း - လွင်မောင်မောင်လွင်၊ (၁၇၃) ဧရာ၀တီ ဗင်းနစ် ကောလင်းနှင့် အမှတ်တရဆောင်းပါးများ - စူးစူး (ကောလင်း)၊ (၁၇၄) ရင်ထဲက ရှားလော့ဟုမ်း (ရှားလော့ဟုမ်းနောက်ဆုံးဇာတ်လမ်း) - ဇော်မြင့် (အောင်လံ) မြန်မာပြန်၊ (၁၇၅) ဝေးကွာခြင်း ဒိုင်ယာရီ - သန့်ဇော် (Orion)၊ (၁၇၆) နိုင်ငံအကျိုးပြု အဖိုးတန်ရတနာများ (၃) - အေးသိန်း (သမိုင်းသုတေသီ)၊ (၁၇၇) ရာစုသစ်ရဟန်းငယ်တို့၏ သောကရေလှိုင်းခတ်သံနှင့် ပရိယတ္တိထွန်းတောက်ရေး အတွေးစများ - အရှင်ဇောတိကာလင်္ကာရ (ဖောင်းပြင်)၊ (၁၇၈) အလွမ်းပြီးတော့ အလွမ်း - မောင်ကြည်သာ (တောင်တွင်း) ရဲရင့်ပိုင်အောင်၊ (၁၇၉) အမေ့အတွက်တရား အမေ့အတွက်စကား - အရှင်သောဘိတ (ဓမ္မရတနာ)၊ (၁၈၀) တက်ဖနီယာနှင့် နိုင်ငံတကာ၀တ္ထုတိုများ - ခင်လေးငယ်၊ (၁၈၁) ပါရီကသူခိုးမလေး - ဝါဝါတင့်ဆွေ၊ (၁၈၂) ဘုရားဟောနှင့် အထွေထွေဆေးမှတ်စုများ - ဇင်ဘဦး၊ (၁၈၃) ဗုဒ္ဓကိုယ်ကျင့်တရားနှင့် သာယာ၀ပြောသောလူ့ဘောင် - နေမင်းစိုး၊ (၁၈၄) ကောက်ကြောင်းမဲ့ဘ၀ ပုံကြမ်းနှင့် ပန်းချီဆရာကြီးများ မှတ်တမ်းဆောင်းပါး - ပန်းချီနန္ဒာလှိုင်၊ (၁၈၅) သို့ … တရံတခါဆီက ကျောင်းတော်ကြီးကို တမ်းတခြင်း - ကလောင်စုံ၊ (၁၈၆) ငါ အထဲက ငါ မဟုတ်တဲ့ ငါ - OCK SOO PARA၊ (၁၈၇) ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး - ဦးစိုးရှိန် (မောင်စိုးထိုက်-သုံးဆယ်)၊