ပြန်ကြားရေးဝန်ကြီးဌာန စာပေဗိမာန်နှင့် မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်းတို့ စီစဉ်သော မြန်မာစာပေ မြန်မာဘာသာစကား အနီးမြင် အဝေးမြင် ဟောပြောဆွေးနွေးပွဲ အခမ်းအနားကို ၉-၂-၂၀၁၉ (စနေနေ့) မွန်းလွဲ ၁ : ၀၀ နာရီ အချိန်တွင် ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ အမှတ်၊ ၅၂၉-၅၃၁ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ဆရာဦးစောထွန်း (စောလူ)၊ ဒေါက်တာသိန်းထွန်း၊ ဒေါက်တာကိုလေးတို့က မြန်မာစာပေ မြန်မာဘာသာစကားရေးရာများကို ဆွေးနွေးဟောပြော သွားမည်ဖြစ်သည်။ အဆိုပါ အခမ်းအနားသို့ မြန်မာစာပေမြတ်နိုးသူများ၊ စာပေဝါသနာရှင်များ တက်ရောက်နိုင်ကြောင်း သိရသည်။