၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၈ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်တွင် စာအုပ် (၅၀) မျိုး ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့်ရက်များကို လည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) မေတ္တာပန်းချီ လင်းတေးသီ - လင်းခန့်၊ (၂) အဖြူရောင်ရေစီးနှင့်ဝန်းကျင်ကဗျာများ - အောင်ရာဇာ (ဥက္ကလာ)၊ (၃) လူသားတိုင်း၏ လူ့အခွင့်အရေး - ကိုစစ် (HR)၊ (၄) အခြား၀တ္ထုတိုများ - မိုးကျော်စိုး (မကွေး)၊ (၅) ဘ၀များစွာလမ်းပေါ်မှာ - ကိုဝမ်း၊ (၆) အရေခြုံနိုင်ငံရေးမှသည် စစ်မှန်သော နိုင်ငံရေးသို့နှင့် နိုင်ငံရေးဆောင်းပါးများ - ကိုဝမ်း၊ (၇) ပထဝီ အမြင်ဖြင့် အာဆီယံနိုင်ငံများနှင့် အရှေ့အာရှနိုင်ငံများ - ကပ္ပတိန်သာစိန်၊ (၈) ဆောင်းပါးပေါင်းချုပ် (၂) * ရခိုင်အမျိုးသားရေးရာ * ပြည်တွင်းနိုင်ငံရေးရာ * အာရှနိုင်ငံရေးရာ * သုတရေးရာ * ကမ္ဘာ့နိုင်ငံ ရေးရာ - ကပ္ပတိန်သာစိန်၊ (၉) ယိုးဒယား၊ မြန်မာ စစ်သမိုင်း - ပန်းတနော်ခင်မောင်မြင့်၊ (၁၀) ဗုဒ္ဓခေတ် ထင်ရှားသော နိုင်ငံ့ခေါင်းဆောင်များ - အရှင်အာဒိစ္စဝံသ သာသနာ့တက္ကသိုလ်၊ (၁၁) နာဇီအတ္တကြားမှ ဘာမထီနက္ခတ္တသမားဘ၀ - နျူမာန် (MOTAA)၊ (၁၂) မိုးခေါင်ရေရှားရပ်ဝန်းမှ အော်သံများ ၀တ္ထုတိုစု - မောင်နှင်းပန်း၊ ဦးထွန်းထွန်းဦး၊ (၁၃) ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ်လူငယ်တို့အတွက် အတွေးစာစုများ - မိုးပန်းမွန် (ရာမည)၊ (၁၄) ဘာ့ဒ်မြူးဇစ်အိုးပန်း ဖတ်စတီးဗဲလ် Bird Music Open Festival - မောင်သာလင်း၊ (၁၅) နှစ်လွှာ အက်ဆေး - လင်းသက်ခိုင်၊ နွေးထွေး၊ (၁၆) ရယ်ရသောအဖေနှင့် မဂ္ဂဇင်း၀တ္ထုတိုများ - မောင်အင်း (ဥက္ကံ)၊ (၁၇) ဆောင်းပါးတိုစုစည်းမှု (၁) - ချမ်းမြမြသော် (Kriu ၊ Seoul, Korea)၊ (၁၈) ဘ၀ထဲကရုပ်ရှင် ရုပ်ရှင်ထဲကဘ၀ - ချစ်သန်းမြင့်၊ (၁၉) မြန်မာ့ရုပ်ရှင် ရွှေရတု သမိုင်းဝင်များ - အေးကြူလေး၊ (၂၀) ဘ၀ကိုပုံဖော်ခြင်း - အရှင်ပညာသာမိ (အလင်းပြကြယ်)၊ (၂၁) အရေးကြီးဆုံးအရာက ဘာလဲ - အရှင်ပညာသာမိ (အလင်းပြကြယ်)၊ (၂၂) မမှိန်သောရာဇဝင် မပြယ်သောသမိုင်း - ဒေါ်ဇင်ငြိမ်းလင်း၊ (၂၃) နှလုံးသားဖြင့် သုံးဆောင်ပါ - ဒေါ်ဇင်ငြိမ်းလင်း၊ (၂၄) ချစ်သမီးသို့ပေးစာ - ကြည်သိန်းဇော်၊ (၂၅) န၀မ ခဏ ကဗျာများ - ကျော်စန်း (မန်းတက္ကသိုလ်)၊ (၂၆) ''ဒီမိုကရေစီအချစ်'' - သန့် (ပုလဲ-ပညာ)၊ (၂၇) အနားဆက်မျဉ်းများအား ကျော်လွန်၍ …. ရှင်းသန့်လွင် (ရုက္ခဗေဒ)၊ (၂၈) တို့ချစ်တဲ့မြေ ရွှေပြည်မြန်မာနှင့် ကလေးကဗျာများ - ဆကာကြီး မောင်မောင်လွမ်းဦး၊ (၂၉) ငြိမ်ငြိမ်နေရင် ငြိမ်ငြိမ်နေရမယ် ငြိမ်ငြိမ်မနေရင် ငြိမ်ငြိမ်မနေရဘူး (ဥပဒေစာစုများ) - ချစ်ကိုကိုယု၊ (၃၀) တစ်ရံရော အခါက ဆရာမလေးနှင့် ရသစာစုများ - မောင်နေခြည် (ပြည်)၊ (၃၁) မြန်မာမှု အခြေခံနည်းစနစ်များ မှတ်စု (မြန်မာ့ယဉ်ကျေးမှု အနုလက်ရာ ဖန်တီးခြင်းဆိုင်ရာအခြေခံ နည်းစနစ်များလေ့လာချက်) - မောင်မောင်သီရိ၊ (၃၂) အမျိုးသားစာပေဆု ၁၅၀ (၁၉၈၀-၂၀၀၀) - ဇော်လွင်ဦး (ဟင်္သာတ)၊ (၃၃) မက်ခီယာ ဗယ်လီ၏မင်းသား (အာဏာရှင်လောင်းလျာများအတွက် မဟာဗျူဟာနည်းဗျူဟာ) - ကျော်ထက်ထွန်း (မြန်မာပြန်)၊ (၃၄) မေတ္တာပဲ့တင်သံနှင့် အခြား၀တ္ထုတိုများ - မင်းရွှေမင်း (တောင်ကုတ်)၊ (၃၅) ၂၁ ရာစု စိတ်ပညာရှုထောင့်အထွေထွေ အတွဲ (၁) - ဦးခင်မောင်ဆွေ (မန်းတက္ကသိုလ်)၊ (၃၆) ဒရက်ကူလာ သွေးစုပ်ဝိညာဉ် - ရွှေဝင်း၊ (၃၇) အနှစ်ချုပ် ရုပ်ပုံလွှာ အထင်ကရပုဂ္ဂိုလ်တို့၏ ဘ၀ဖြတ်ပိုင်း များ - စိန်ဝင်းစိန်၊ (၃၈) MO YAN တော်ကောင်းမင်း - နွမ်းလျသေရှင် (ပထမတွဲ)၊ (၃၉) MO YAN တော်ကောင်းမင်း - နွမ်းလျသေရှင် (ဒုတိယတွဲ)၊ (၄၀) ညာလက်ရုံး - ပဲခွပ်မှူး (အောင်လံ)၊ (၄၁) ရိတ်သိမ်းမထားသော ဦးခေါင်းများ - အဇ္ဈတ္တ၊ (၄၂) လူတိုင်းအတွက် အစိမ်းရောင်စီးပွားရေးနှင့် လူနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဆောင်းပါးများ - အောင်စည်ဟိန်း၊ (၄၃) ပြည်ရွှေဘိုက သူရဲကောင်း ဗလမင်းထင် ရာဇဝင်၀တ္ထုကြီး - ရွှေဘိုဘာမထီ ခင်အောင်၊ (၄၄) နောင်မင်းလွင် - ကောင်းကင်မေ (စီးပွားရေးတက္ကသိုလ်)၊ (၄၅) မှတ်မိနေတယ် - ကြူကြူသင်း၊ (၄၆) တက္ကသိုလ်ဆောင်းနှင့် နှောင်းသဇင် - သျှီ (အင်ကြင်း)၊ (၄၇) ''ကောင်ကလေး'' နှင့် အခြားစာစုများ - ဝါဝါထင်လင်း၊ (၄၈) လမင်းနှင့်ကြယ်စင် မဂ္ဂဇင်း၀တ္ထုတိုများ စုစည်းမှု ၀တ္ထုတို (၁၀၁) နှစ်မြောက်အမှတ်တရ - ယဉ်ယဉ်နု (မန္တလေး)၊ (၄၉) Master Artist U Aung Khin 1921 – 1996 - ဒေါ်ချိုချိုအောင်၊ (၅၀) စိမ်းသောရဟန်း ဗုဒ္ဓ ဓမ္မ သံဃ ကဗျာများ - မောင်ရဟန်း သာသနာ့ရင်ခွင်