၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၈ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ် နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁၈) ရက်တွင် စာအုပ် (၁၉) မျိုး ထပ်မံရရှိခဲ့ရာ လာရောက်ပေးပို့သည့်ရက်များကို လည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) လွဲလွဲလေးလည်း ဖြစ်ပါတယ်နှင့်အခြား၀တ္ထုတိုများ - မျှဝေ (ဥက္ကံ)၊ (၂) ထိုင်ဝမ်သားများ ပြောတဲ့ ရှီကျင့်ဖိန် - မန်းဖိုးအေး (ဝါးခယ်မ)၊ (၃) စပါးအစွမ်းဖွင့်စိုက်နည်းစနစ် - သိန်းဆု (စိုက်ပျိုးရေးတက္ကသိုလ်)၊ (၄) ဒုတိယဒယ်နှင့် စကားစမြည်ဆောင်းပါးများ - နိုင်လင်းထွန်း (ဆေး-မန်း)၊ (၅) ပေးဆပ်ခြင်း၀တ္ထု - ဆောင်းဝင်းလတ်၊ (၆) ကကြီးခခွေး အေဘီစီ ကလေးကဗျာများ - မောင်လွယ်အိတ်၊ (၇) ရသမြိုင်တန်းစာပေလမ်း - မောင်မျိုးထွန်း (မြင်းခြံ)၊ မနွဲ့နွဲ့ကြည် (မြင်းခြံ)၊ (၈) ငါးထုတ်ဖတ်ပေါ်ကျသည့်ပျားရည်စက် - ခင်ညိုညိုမြင့်၊ (၉) ပညာရေး တွေးတတ်အောင်သင် (၂) - သန်းစိုးအောင် (ပညာအခြေခံသောနိုင်ငံတော်သစ်)၊ (၁၀) အာဇာနည် (၇၁) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာစာအုပ် - တောင်တန်းကအောင်ချမ်း (အောင်လံ)၊ (၁၁) မြန်မာ့နှလုံးသား A BURMESE HEATR - တင်ဇာမော်နိုင်နှင့်ယဉ်မွန်ဟန်၊ (၁၂) သုနာပရန္တ ပျူဒေသ - ကျော်စိန်ဝင်း၊ (၁၃) ဓာတ်သတ္တုတောထဲတိုးဝင်ခြင်း - ဆင်တဲ၀မြတ်ဖုန်း (ဘူမိဗေဒသမားတစ်ဦး၏ ကိုယ်တွေ့မှတ်တမ်းများ)၊ (၁၄) ရခိုင်လူမျိုးတို့၏ ဘ၀ပုံရိပ်များ - ပါမောက္ခဦးမြင့်စော (ငြိမ်း)၊ (၁၅) စိတ်ငင်ကြိုးကဗျာများ - ၀ဇီရာဒီဖိုး၊ (၁၆) သဘင်သုံးအလင်္ကာ စာပေမှတ်တမ်းများ - ပန်တျာမြကြည်၊ (၁၇) တိုက်ပွဲ ၁၀၀ အောင်ပွဲ ၁၀၀ (ပထမ) အုပ် - ထွန်းသစ်၊ တိုက်ပွဲ ၁၀၀ အောင်ပွဲ ၁၀၀ (ဒုတိယ) အုပ် - ထွန်းသစ်၊ (၁၈) တရုတ်ပြည်ရောက်ဧည့်သည် - ဒေါက်တာရွှေရွှေ၊ (၁၉) မျှော်လင့်ခြင်းကို မျှားတဲ့ညနေ - မြစ်ကျိုးအင်း