၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင် သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ် ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၂) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် မေလ (၁၇) ရက်တွင် စာအုပ် (၃၅) အုပ် ထပ်မံရရှိခဲ့ ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) မြန်မာပြည်တွင် ဖယ်ဒရယ်မူ ထူထောင်စို့ - ဒေါက်တာတိုးမြင့်၊ (၂) မှားရင်ပြင်ကြည့်ပါ - သားကျော်လှိုင်၊ (၃) အက်ဆေး ၂၀၁၇ - ကလောင်စုံ၊ (၄) မြန်မာစကား ပရိယာယ်ကျမ်း - ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့၊ (၅) I DIOM သို့မဟုတ် ရုဠိ - ဒေါက်တာစံလွင်၊ ဒေါက်တာ ထွန်းတင့်၊ ဦးလှမောင်၊ (၆) MEDIA ENGLISH - မင်းကျော်စွာ၊ (၇) သေမင်းစာအုပ် - ရာဇာကျော်၊ (၈) ခေတ်အဆက်ဆက် အနုပညာရှင် ဗိုလ်ကလေးတင့်အောင် - မောင်ဆွေသက်၊ (၉) အောက်မေ့တသ အမှတ်တရစာ (ဒုတိယတွဲ) - လူထုဒေါ်အမာ၊ (၁၀) ခြူ မွေးဖွားခြင်းနှင့် အခြား၀တ္ထုဆောင်းပါးများ - ခင်မောင်အေး (ချွန်းသူ) နတ်မောက်၊ (၁၁) နှင်းဆီပွင့်ကဲ့သို့လည်း … နှင့် အတွေးရသစာစုများ - ဒေါက်တာမြင့်သန်း (ညောင်လေးပင်)၊ (၁၂) ပြောင်းလဲလာသော ဥပဒေမူ သဘောတရားများ - ဦးပိုအေး B.A (Law) LL.B တရားလွှတ်တော်ရှေ့နေ၊ (၁၃) ရတနာပုံစကားဝိုင်း - မောင်ခင်မင် (ဓနုဖြူ)၊ (၁၄) တွယ်တာခြင်းပဲ့တင်သံနှင့် အခြား၀တ္ထုတိုများ - ကျော်ဘုန်းမြင့် (သတ္တုတွင်း)၊ (၁၅) ကေယာမသ်နီလျင်အီစာနဗီ (Jesus) ခရစ်တော် မိုးလေထပ်မှ ပြန်ဆင်းလာမည်ဟု ကျမ်းမြတ်ကုရ်အာန် အထောက်အထားဖြင့် တင်ပြနိုင်လျှင် ဆုငွေ (၅) သိန်းချီးမြှင့် မည် - ပါရမီခင်မောင်၊ (၁၆) ချိုးဖြူမဥဒါန်း - ဇယျသုရ်၊ (၁၇) မှတစ်ပါး … အခြားမရှိ - အရှင်ဓမ္မ ရက္ခိတ၊ (၁၈) ခရီးသွားမှတ်စုများ - စိုင်းထက်၊ (၁၉) တိမ်ဦးလေချို ကလေးကဗျာများ - ဇာနည်၊ (၂၀) အထပ်ထပ် အခါခါ - ခွန်းညိုသွေး၊ (၂၁) ဒီမိုကရေစီစနစ်၏ ကောင်းသော အုပ်ချုပ်ရေး၊ နိုင်ငံသား နိုင်ငံသားများ ၏ အခန်းကဏ္ဍနှင့် အေးချမ်းသာယာသော လူ့ဘောင်လောက - တက္ကသိုလ်မင်းသူ၊ (၂၂) ၂၀ ရာစုမှသည် ၂၁ ရာစု ပင်လုံဆီသို့ - သန်းစိုးနိုင်၊ (၂၃) ရိုးမကမ်းခြေဇာတ်လမ်းများ - ကလောင်စုံ၊ (၂၄) ငြင်းဆိုပြီးနောက် ကဗျာကို ကောင်းကင် ပေါ် လွှင့်တင်လိုက်တယ် ကဗျာစုစည်းမှု - ကွန်စစ်ကောင်း၊ (၂၅) ရေနွေးငွေ့ ဂလက်စီကဗျာများ - ကလောင်စုံ၊ (၂၆) HUMAN RESOURCE KC ' S notes – SAW CARY WIN၊ (၂၇) ရိုးသားစွာ ရေးခဲ့သမျှ - မော်မော်သင်း၊ (၂၈) ဂျပ်စ်တင်ဘီဘာ - စာကြည့်တိုက်စာစဉ် (၁၀၄) The Key collection၊ (၂၉) သွေးစုန်းနှင့် အခြား၀တ္ထုတိုများ - ကြူးနစ်၊ (၃၀) ငွေကြေးနှင့် ဘဏ္ဍာရေး စျေးကွက်အား စောင့်ကြည့်ခြင်း - မင်းသန်းထွတ်၊ (၃၁) မှတ်ဉာဏ်ထက်သန်စေရန် နည်းလမ်းကောင်းများ - ခိုင်မင်းဆက်၊ (၃၂) ဆီးချို သွေးချို ရောဂါဆိုင်ရာ သိမှတ်စရာများ - ပါမောက္ခဦးတင့်ဆွေလတ်၊ (၃၃) စိုက်ပျိုးရေးရာအသုံးချ သုတပဒေသာ - ဒေါက်တာမောင်မာ (စိုက်ပျိုးရေး)၊ (၃၄) ပြည်သူကို ပြန်ပြန်မခိုင်းပါနဲ့ နှင့် အခြားဆောင်းပါးများ - မင်းခန့်၊ (၃၅) ဗုဒ္ဓဘာသာအစစ် ဟူသည်နှင့် ဓမ္မရသအမေးအဖြေများ - အောင်ထိုက် (ရွှေဘို)