၁၉၇၄ ခုနှစ်၊ ဇူလိုင်လမှစတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၄ ခုနှစ်၊ ဇွန်လထုတ်မှ စတင်၍ အသွင်သစ်ဖြင့် ထုတ်ဝေခဲ့ပါသည်။
လူကြီးလူငယ်များအတွက် အဓိကဦးတည်သော ၂၀၁၆ ခုနှစ် စက်တင်ဘာလထုတ် သုတပဒေသာ စာစောင်၌ ရာသီဥတုပြောင်းလဲမှုကို ပြည်သူများ ပါဝင်ကာကွယ်ရေး (မျက်နှာဖုံးဆောင်းပါး) တွင် ရာသီဥတုပြောင်းလဲမှု ကာကွယ်ရေးနှင့် ဥပဒေအမြင်၊ ရာသီဥတုပြောင်းလဲမှုကို ပြည်သူများ ပါဝင် ကာကွယ်ရေး၊ ရေငန်ဒဏ်ခံ အပင်များကို ရှာဖွေခြင်း၊ ရာသီဥတုပြောင်းလဲနေမှုကို တိုက်ဖျက်ကြစို့၊ ရှေးဟောင်းရာသီဥတုကို တူးဖော်လေ့လာခြင်း၊ ကဗျာကဏ္ဍတွင် ချစ်သမျှကို (၁)၊ ဘာပဲဖြစ်ဖြစ် အကောင်းဆုံး၊ ပညာရေးကဏ္ဍတွင် အိမ်ကျောင်းနှင့် အစိုးရကျောင်း၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် ဒုတိယမြောက် ပညတ်တော်၊ စွန့်စားမှအောင်မြင်မည်၊ လူကိုပြောင်းဖို့ ဆိုရင်၊ ခံစားချက်များ ထိန်းကွပ်ပါ၊ ခေါင်းဆောင်မှုနေရာ၊ ဒီမိုကရေစီဆိုင်ရာကဏ္ဍတွင် ဒီမိုကရေစီ ရဲလုပ်ငန်းဆိုသည်မှာ၊ ထူးချွန်ကဏ္ဍတွင် မသန်စွမ်းတို့အတွက် စေတနာရှင်၊ နိုင်ငံတကာရေးရာ ကဏ္ဍတွင် ဥရောပသမဂ္ဂအဖွဲ့နှင့် ဗြိတိန်နိုင်ငံ၊ ဆိုက်ဘေးရီးယားမှ ရုရှားလောင်းကစားရုံ၊ စစ်ရေးဆိုင်ရာကဏ္ဍတွင် ပထဝီဝင် နိုင်ငံရေး အချက်အလက်များနှင့် စစ်မဟာဗျူဟာ၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာကဏ္ဍတွင် ကျိုင်းကောင်စက်ရုပ်၊ အိန္ဒိယနိုင်ငံ၏ စပါးပြတိုက်၊ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍတွင် လမုပင်၊ လမုတောနှင့် သဘာ၀ပတ်ဝန်းကျင်၊ သဘာ၀ငလျင်ဘေး ရင်ဆိုင်ရေး၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် အော်ဂဲနစ် အစားအစာ၊ ဆန်းသစ်ဖွေရှာ ဆေးပညာ (၁၇၇)၊ သင့်သွေးဖြင့် အသက်ကယ်ပါ၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် အချစ်ပုံပြင်တစ်ပုဒ်၊ အလွမ်းရေပြင် သွင်သွင်စီးဆင်း ရင်တွင်းချမ်းမြေ့၊ ၀တ္ထုတို ကဏ္ဍတွင် တတိယအလှမယ်၊ အထွေထွေကဏ္ဍတွင် ရှန်ဂရီလာ၊ ဂျပန်နိုင်ငံက မြေအောက် အံ့ဖွယ်ရာ၊ ပြည်တွင်းပြည်ပခရီးသွားလာမှု အနုပညာ၊ ဟာသ တို့ ပါဝင်ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်စျေး၊ နေပြည်တော်၊ဖုန်း ၀၆၇-၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင် ၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ၀၂-၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကား မှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ် မှာယူနိုင်ကြောင်း သတင်းရရှိသည်။