ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတေ်၀ရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးက ရွှေသွေး ဂျာနယ်ကို အပတ်စဉ်စနေနေ့တိုင်း ထုတေ်၀လျက်ရှိရာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ၊ ၂၂ ရက် (စနေနေ့)တွင် ရွှေသွေးဂျာနယ်အတွဲ (၄၈)၊ အမှတ် (၄၃) ထွက်ရှိမည်ဖြစ်ပါသည်။
၎င်းဂျာနယ်တွင် သီတင်းကျွတ်ကာလ၌ ဖြစ်လေ့ဖြစ်ထရှိသည့် မီးဘေးအန္တရာယ်ကို သတိထားရှောင်ရှားတတ်ရန် မျက်နှာဖုံးဇာတ်လမ်းဖြင့် တင်ဆက်ထားပါသည်။ ထို့အပြင် သူတစ်ပါး မကောင်းကြံပါက ကိုယ့်ဘေးဒဏ်ထိတတ်ပုံနှင့် လူအများစု လွယ်လွယ်ကျူးလွန် လေ့ရှိသော မုသာ၀ါဒါကံကို မကျူးလွန်ရန်ထောက်ပြထားသည့် သတိပြုဆင်ခြင်ဖွယ် ဇာတ်လမ်းများလည်း ပါရှိပါသည်။
မြန်မာစာစကား၀ိုင်းကဏ္ဍတွင် လောက၌အမြတ်ဆုံးတရားလေးပါးကို ကလေးများ ဗဟုသုတဖြစ်ဖွယ်တင်ဆက်ထားပြီး ကလေးပုံပြင်ကဏ္ဍတွင်လည်း အသုံးနှင့်အဖြုန်းကို ခွဲခြား သိရှိကာ မိမိဘ၀တိုးတက်ကြီးပွားအောင် လုပ်ဆောင်သင့်ပုံကို ဖတ်ရှု၍သင်ခန်းစာယူနိုင်ပါသည်။
ထို့အပြင် ကလေးများေ၀ါဟာရတိုးပွားစေရန် ကျောင်းသုံးစာရေးကိရိယာပစ္စည်းများကို အင်္ဂလိပ်-မြန်မာနှစ်ဘာသာတွဲ၍ တင်ဆက်ထားသော ဖတ်မှတ်လေ့လာေ၀ါဟာရကမ္ဘာကဏ္ဍ လည်းပါရှိပါသည်။ ရွှေသွေးစကား၀ိုင်းကဏ္ဍတွင် စားသောက်ဆိုင်သို့သွားရောက် သုံးဆောင်ရာ၌ စားသုံးသူနှင့် စားပွဲထိုးတို့ အင်္ဂလိပ်လို အပြန်အလှန်ပြောဆိုကြပုံကို လေ့လာမှတ်သားနိုင်ပြီး အခြေခံအင်္ဂလိပ်သဒ္ဒါပိုင်နိုင်စေရန် 'Got' ကို ယေဘုယျအဓိပ္ပာယ်အရ အသုံးပြုပုံနှင့် အခြား အဓိပ္ပာယ်အရ ဆင့်ပွားသုံးနှုန်းပုံတို့ကိုလည်း သဒ္ဒါတည်ဆောက်ပုံများနှင့်တကွ စုံစုံလင်လင် တင်ဆက်ထားသဖြင့် ကလေးများအကြိုက်တွေ့မည်မှာ သေချာပါသည်။
၂၂-၁၀-၂၀၁၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် (သပြေကုန်းဈေး)ရှိ စာပေဗိမာန်စာအုပ်ဆိုင်တို့နှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များတွင် ၀ယ်ယူရရှိနိုင်ပါသည်။ မူရင်းဈေးနှုန်းမှာ ၂၅၀ိ/- ဖြစ်ပါသည်။