အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ၏ ပထမအကြိမ် အဖွဲ့ကြီး အစည်းအဝေးကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန၊ ရန်ကုန်ရုံးအစည်းအဝေးခန်းမ၌ ၁၉ - ၅ -၂၀၁၈ ရက် မွန်းလွဲ ၁ : ၃၀ နာရီကကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ၂၀၁၇ ခုနှစ်အတွက် အမျိုးသား စာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။ အဆိုပါအစည်းအဝေးသို့ ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း)၊ အဖွဲ့ဝင်များဖြစ်ကြသည့် စည်သူဦးတင်လှိုင် (လယ်တွင်းသားစောချစ်)၊ ဒေါက်တာတင်လှိုင် (ဘိုးလှိုင်)၊ ဒေါက်တာကျော်ဝင်း၊ ဦးမြဟန်၊ ဦးကျော်ဝင်း (မနုဿကျော်ဝင်း)၊ ဒေါက်တာတိုးလှ။ ဦးအေးချို (မဟာဝိဇ္ဇာ)၊ ဒေါက်တာမောင်မောင်စံ (ကြည်မင်း)၊ ဦးဟုန်ဝမ် (မောင်ဟုန်ဝမ်-ကထိက)၊ ဦးစိန်လှိုင် (သူရဇော်)၊ ဦးကြည်စိုးထွန်း (ကြည်စိုးထွန်း)၊ ဦးမျိုးညွန့် (စာပေလောက)၊ ဒေါ်ချိုချိုတင် (မစန္ဒာ)၊ ဒေါက်တာခင်သန်းဦး (မမိုးမြေ)၊ ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း)၊ ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)၊ ဦးကျော်ဦး (ကျော်ဦး)၊ ဦးလေးမြတ် (ကိုလေးမြတ်)၊ ဦးအေးမောင် (အေးမောင်ကျော်)၊ ဦးသိန်းလှိုင် (မြန်မာစာအဖွဲ့ဝင်)၊ ဦးဝင်းငြိမ်း (ဝင်းငြိမ်း)၊ ဦးမောင်မောင် (ကြည်ရွှန်း)၊ ဒေါ်မြမြသန်း (မနှင်းဖွေး)၊ ဒေါက်တာမြင့်သန်း (သန္ဓေသား)၊ ဦးသိန်းစိုး (မင်းချမ်းမွန်)၊ ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ဒေါ်နန်းအိအိဇာ (နန်းဒေဝီစာပေ)၊ ဦးရဲထွဋ် (သန်လျင်-မောင်ဝင်းဝါ)၊ ဦးတင်မောင်ဝင်း (လေးကိုတင်)၊ ဒေါ်ဌေးဌေးမြင့် (ခင်မြဇင်)၊ ဦးတင့်ခိုင် (တင့်ခိုင်)၊ ဦးညီညီ (မောင်ပြည့်မင်း)၊ ဦးမင်းဆန်းဦး (မင်းထက်မောင်)၊ ဦးစိုးညွန့် (ရာပြည့်)၊ ဒေါ်ခင်နှင်းဦး (ခင်နှင်းဦး)၊ ဒေါ်ခင်လေးညို (မြနှောင်းညို)၊ ဦးလှကြည် (ကြည်နိုင်)၊ ဒေါ်အဝင်း၊ ဦးခင်မောင်စိုး (မောင်သာမည)၊ ဦးမော်လင်း (မော်လင်း)၊ ဒေါက်တာသိန်းနိုင် (မြန်မာစာအဖွဲ့ဝင်)၊ ဒေါက်တာ သန့်လွင်မောင် (ကိုတာ)၊ ပါမောက္ခဒေါက်တာမြင့်မောင်မောင်၊ ဦးမျိုးအောင် (ငြိမ်းမင်း)၊ ဒေါက်တာညိမ်းညိမ်း (ရှင်ညိမ်းမယ်)၊ ဒေါက်တာသန်းထွဋ် (လင်း-ဆေး-၁)၊ ဦးအုန်းမြင့် (မောင်ရင့်မာ-ကျောက်ကုန်း)၊ ဒေါက်တာချောချောစိန်၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးဌေးဝင်း (မောင်လင်းရိပ်)၊ ဦးကိုလေး (ကိုလေး-အင်း၀ဂုဏ်ရည်)၊ ဦးသန်းဌေး (သင့်နော်)၊ ဦးမြင့်စိုးလှိုင် (မြင့်စိုးလှိုင်)၊ ဒေါက်တာအောင်ကြီး၊ ဦးမြင့်ဦး (မောင်သင်းခိုင်)၊ ဦးမြဝင်း (မြဝင်း-ဒဿန)၊ ဦးမြင့်အောင် (ဖိုးအောင်လေး) တို့တက်ရောက်ကြပြီး ဥက္ကဋ္ဌ စည်သူဒေါက်တာ သော်ကောင်း၊ ဦးကျော်နိုင် (ထက်မြက်)၊ ဦးဇော်လင်း (လင်းအေး)၊ ဒေါက်တာ မြင့်ဇံတို့က ခွင့်ပန်ခဲ့ကြသည်။ အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် ဆုရွေးချယ်ရေး အဖွဲ့ဝင်များ၏ ဆုရွေးချယ်ရေးဆိုင်ရာများ ဝိုင်းဝန်းဆွေးနွေးကြသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးဒေါက်တာဖေမြင့်က နိဂုံးချုပ်စကားပြောကြားကာ မွန်းလွဲ ၃ : ၀၀ နာရီတွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။