၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင် သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ် ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၂) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် ဧပြီလ (၅) ရက်တွင် စာအုပ် (၁၀၀) အုပ် ထပ်မံ ရရှိခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်း ဖော်ပြ ပေးထားပါသည်။
(၁) ရဲဘက်စခန်း ငရဲလမ်း - ဌေးဝင်း၊ (၂) ဂုဏ်သိက္ခာနှင့် အခြား၀တ္ထုတိုများ - အောင်ထက်ခိုင် (စနဲ)၊ (၃) ဘက်စီရို့စ် - လေးကိုတင်၊ (၄) ဝေါတ်ဒစ်စနေ - ဆန်းလင်းထွန်း၊ (၅) အနားမညီတြိဂံ (မလဲသာ၊ မတ္တရာ၊ မလှိုင်) - မြင့်ဆန်း (မလဲသာ)၊ ဉာဏ်ဝင်းထက် အဲမုခ၊ (၆) အလောင်းစည်သူမင်းကြီးနှင့် နန်းလုညီနောင် - သန်းထွန်း (လှည်းကူး)၊ (၇) နတ်သမီးကကြိုး - လရောင်ကျူးရင့်၊ (၈) သာလွန်မင်းကြီးနှင့် အနာဂတ်နိုင်ငံတော် - သန်းထွန်း (လှည်းကူး)၊ (၉) ရင်ဘတ်အော်သံ ရသစုံကဗျာစု - ကလောင်စုံ၊ (၁၀) အောင်မြင်သူများလျှောက်သည့်လမ်း - စောဒေးဗစ်၊ (၁၁) ရှုပ်သောလေတံခွန်နှင့် စံ၀မိမှေး၀တ္ထုတိုများ - ဆင်ဖြူကျွန်းအောင်သိန်း၊ (၁၂) လှပါပေသည်လုံမဒီ - လရောင်ကျူးရင့်၊ (၁၃) နာရန် ဒရာမိုဒီ နိုင်ငံရေးအတ္ထုပ္ပတ္တိ - နိုင်ဦး၊ (၁၄) ပဲ့တင်သံစကားများ - မသီတာ (စမ်းချောင်း)၊ (၁၅) စံပယ်ရနံ့ ၀တ္ထုတိုများ - ပုညခင်၊ (၁၆) မြန်မာများမသိသော မြန်မာတပ် - စောကြာအောင်၊ (၁၇) တစ်လောကလုံး အလှဆုံးသူနှင့် အခြားပုံပြင်များ - မောင်မှိုင်းညို့ (ချောင်းဦး)၊ (၁၈) မျှော်လင့်ခြင်း၏တန်ခိုး - ဦးစောထီမသေ၊ (၁၉) လူ့ဘ၀လမ်းညွှန် မိန့်ခွန်းမွန်များ - နဂျီမဟ် (ခ) မစန္ဒာဝင်း၊ (၂၀) သားနှင့်သမီးသို့ မေမေ့ လက်ဆောင် - နဂျီမဟ် (ခ) မစန္ဒာဝင်း၊ (၂၁) သာ၍ကောင်းသော ဘ၀ကို ပိုင်ဆိုင်လိုလျှင် - ကျော်သူဇင် (မိုင်းဖြတ်)၊ (၂၂) ဓမ္မဝတ်မှုန်တရားစုံ တရားတော်များ (သတ္တမတွဲ+အဋ္ဌမတွဲ) - အရှင်တေဇောသာရ (ပဲခူး)၊ (၂၃) ဝိပါကဝဋ် ပြေးမလွတ် - အရှင်မာနိတ (ရွှေပြည်သာ) ဓမ္မာစရိယ၊ ဝိနယဝိဒူ၊ (၂၄) ကကြီးခခွေးပုံပြင်များ - ကျော်ဇော်ထက်၊ (၂၅) စက္ကူပင်လယ် - ဟာရီ၊ မောင်မောင်ထိန်လင်း၊ (၂၆) ပခုက္ကူမြို့ သမိုင်းဝင် စေတီဘုရားများ - အရှင်ဇနသာရ (စည်သာ)၊ (၂၇) လမ်းထိပ်ကဘိုလင်မယားနှင့် အခြား၀တ္ထုတိုများ - မောင်အောင်မွန်၊ (၂၈) ချော်ရည်ဖုံးထားသော ခဲတံလေးတစ်ချောင်းနှင့် ဆရာ့ဘ၀အမှတ်တရစာစုများ - ဗေဒါ (နမ္မတူ)၊ (၂၉) မနောမြေမှ မလိပန် - လယ်တွင်းသားစောချစ်၊ (၃၀) မကျွမ်းဝင်တဲ့ ဝေါဟာရက သူငယ်ချင်း - မယ့်ကိုး၊ (၃၁) တရားသေသမားနဲ့ တခြားဟာသများ - ခင်မောင်တိုး (မိုးမိတ်)၊ (၃၂) အဝါရောင် သစ်တောက်ငှက်၀တ္ထုတိုစုစည်းမှု - လူသာမန်၊ (၃၃) ရောက်တက်ရာရာ တရုတ်ပြည်မှ ပေးစာများ - မြင့်သန်း၊ (၃၄) လမ်းဘေးက ကော်ဖီဆိုင်နှင့် အခြား၀တ္ထုတိုများ - ကိုငြိမ်း (မန္တလေး)၊ (၃၅) ပန်းညိုပြာဗေဒါလမ်း တက်ရေကကြမ်း - ကာတွန်းကြည်ဝင်း၊ (၃၆) စိတ်ကူးအိပ်မက်ကို စနစ်တကျအကောင်အထည်ဖော်ခြင်း - အောင်လှိုင် (မြန်မာပြန်) (၃၇) တိမ်ရူးလေပွေ မောင့်ကိုမွှေ နှင့် အမှတ်တရ ရသစာစုများ - လေယာဉ်မှူးကြီးသိန်းဇော်၊ (၃၈) လူသစ်စိတ်သစ် ကြံတိုင်းဖြစ် မနောလိပ်ပြာ စိတ်ကမ္ဘာစာစုများ - သက်လုံ၊ (၃၉) ဆုံစည်းခဲ့ရသော တစ်ခါကပန်ထွာဘုရင်မ - သန်းထွန်း (ရေနံ)၊ (၄၀) တကွဲတပြား - ဒီနိုဗို၊ (၄၁) မယ်တော်ကြီးထံပေးစာများ - အရှင်ပညာသီရိ (ရမ္မာကျွန်း)၊ (၄၂) ဟ ဟ ပဲရမယ် - ရဲစတိုင်း၊ (၄၃) စနစ်မတူသော နိုင်ငံများနှင့် မြန်မာ - မော်သာထွေး (မန္တလေး)၊ (၄၄) ကွဲကြပြဲကြတာတွေကို ရပ်ပြီး မြန်မာပြည်ကို ချစ်တတ်ကြစမ်းပါနှင့် အခြားဆောင်းပါးများ - မိုးတိမ် (တမာမြေ)၊ (၄၅) အလှည့် - လရောင်ကျူးရင့်၊ (၄၆) ပန်းနုရောင်သက်တမ်း - လရောင်ကျူးရင့်၊ (၄၇) ယုံပါ - လရောင်ကျူးရင့်၊ (၄၈) အာဂကယ်တင်ရှင်နှင့် အခြားပုံပြင်များ - အောင်ခင်စိုး၊ (၄၉) စီးပွားရေးလုပ်ငန်းစဉ်များ တိုးတက်ရေး - ကောင်းသာ (မြန်မာပြန်)၊ (၅၀) အိပ်မက်အဘိဓာန်ကျမ်း - ကျော်ခိုင်၊ (၅၁) ကလေးများအတွက် ဗဟုသုတ ဉာဏ်စမ်းပဟေဠိ - မောင်ခေတ်ထွန်း၊ (၅၂) သင်မသိသေးတဲ့ သင့်အကြောင်း လူတွေအကြောင်း (လူ့အပြုအမူနှင့် စိတ်ဖြစ်စဉ်ကို လေ့လာခြင်း) - ဖြိုးဝေ (မဟာဝိဇ္ဇာ)၊ (၅၃) SELF-AWARENESS KC'S notes – SAW CARY WIN၊ (၅၄) ခေါ်ရခက်တဲ့ Preikestoien စတာဗန် - မျိုးဇေယျာဦး၊ (၅၅) ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့်သွေးရင်းများ - အံ့မောင်၊ (၅၆) ဒီလိုပါ သူငယ်တော် - ဇော်ထွန်း၊ (၅၇) မြို့ချစ်စိတ် နိုင်ငံချစ်စိတ် - ဆောင်းဝေ (နတ်မောက်)၊ (၅၈) သရုပ်ဆောင်သူ မိုနာလီဇာကဗျာများ - သစ္စာနီ၊ (၅၉) အသံမထွက်တဲ့ စက်ရုံကဗျာများ - လွန်းတင်၊ (၆၀) တစ်ခရီး လေးယောက် တစ်သက်တစ်ခေါက် - မောင်စံလေး (သထုံ)၊ (၆၁) လှပသော အနာဂတ်ဆီသို့ - မင်းသန်းထိုက် (ဒေးဒရဲ)၊ (၆၂) စက်ဘီးသူခိုး - လင်းယုန်နီ၊ (၆၃) ဂျပန် (သို့) ဒုတိယအခေါက် - စွမ်းအင်တင်ဦး၊ (၆၄) သင်ပြမှုလုပ်ငန်းဆိုင်ရာ အခြေခံသိမှတ်ဖွယ်ရာများ - ဒေါက်တာရဲအောင် (ညွှန်ကြားရေးမှူးချုပ် -ငြိမ်း) အခြေခံပညာဦးစီးဌာန၊ (၆၅) အောင်မြင်ကြီးပွားရေးအတွက် အာလာဒင်နည်းနာ - ကောင်းသာ (မြန်မာပြန်)၊ (၆၆) စိတ်အပေါက်ဖာသူတို့ရဲ့ စမတ်ကျကျည - လှမိုးအောင်(အညာမြေ) နေထွန်း၊ (၆၇) အမေ့နှစ်တရာပြည့်မွေးနေ့ - မင်းလှကြိုင် (ချောင်းဆုံ)၊ (၆၈) HR Manager တို့အတွက် ဝန်ထမ်းအမူအကျင့် ပြောင်းလဲရေး ဗျူဟာများ - ဒေါက်တာထွန်းဝင်း၊ (၆၉) ခရေရိပ်စကားဝိုင်း - မြဝင်း (ဒဿန)၊ (၇၀) ခရမ်းကိုင်းကုန်း ဆရာတော်ဘုရားကြီး - ဆုပြည့်စုံထွန်း အယ်ဒီတာအဖွဲ့၊ (၇၁) ထိုင်းဘုရင် ဘူမိဘောအဒူလျာဒက် (သို့မဟုတ်) ထွန်းလင်းသော ဉာဏ်ပညာ အလင်းရောင် - ဇေရတု (မြန်မာပြန်)၊ (၇၂) ဆရာတစ်ယောက်အဖြစ် ခေါင်းဆောင်ခြင်း - အောင်အေး (ရန်ကုန်တက္ကသိုလ်)၊ (၇၃) ခေတ်သစ်မြန်မာ့သမိုင်း လေ့လာချက် နိုင်ငံရေးဆိုတာ သမိုင်း၊ သမိုင်းဆိုတာ နိုင်ငံရေး - အောင်သာ (PPP)၊ (၇၄) စာပေမှတ်တိုင်များကို ဖြတ်သန်းခြင်း - မောင်ခင်မင် (ဓနုဖြူ)၊ (၇၅) ဂျေဟာဒ်ဆိုသည်မှာ စစ်တိုက်ခြင်းမဟုတ် - ပါရမီခင်မောင်၊ (၇၆) ဆာဒမ်ဟူစိန်နှင့်ဝေးရာ အီရတ်စစ်သားတစ်ဦး၏ လွတ်မြောက်ရေးခရီး အံ့ဖွယ်ဖြစ်ရပ်မှန် - ကိုအောင် (မြောက်ဦး)၊ (၇၇) ဘာသာတရားတို့၏ အရင်းအမြစ် မိန်းမအမျိုးအနွှယ် (၁) - သောမတ် (စ်) ဝှမ်း၊ (၇၈) CREATIVE AGING-ADD LIFE TO YEAR – Dr.YE HLAING၊ (၇၉) အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ကျန်းမာရေးဆေးပညာ ပေး ဆောင်းပါးများ - ဒေါက်တာမြင့်သန်းထွန်း၊ (၈၀) ဓမ္မ အမေးအဖြေများပေါင်းချုပ် (၄) - အရှင်ကေလာသ (ဓမ္မစရိယ၊ B.A (Phlo) M.A(Buddhism))၊ (၈၁) ဪ ဟုတ်လား၊ ဒါနဲ့ …..ပြောရအုံးမယ် ဟဲ … ဟဲ… ဟဲ - လင်းယုန်၊ (၈၂) နှင်းပွင့်ဧကရီနှင့် အိပ်ရာဝင်ပုံပြင်များ - ဆုမြတ်မွန်၊ (၈၃) မကောင်းဆိုးဝါးရေခဲနှင့် အိပ်ရာဝင်ပုံပြင်များ - ဆုမြတ်မွန်၊ (၈၄) သမ္မာကျမ်းစာ - (ဓမ္မဟောင်း) နောက်ခံသမိုင်း - ဂျိုးဇက်ဝင်းလှိုင်ဦး (ခ) ကုန်ဇမှုန်၊ (၈၅) ဦးကျော်၏ လက်ရွေးစင်စာတမ်းများ အဖွဲ့ဝင် မြန်မာသမိုင်းအဖွဲ့ - ဦးမြင့်စိုးအောင် (မြဲ-၀၁၇၈၈) သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်၊ (၈၆) သခင်ဗဟိန်း ရာပြည့်အမှတ်တရစာများ - ကလောင်စုံ၊ (၈၇) မင်းကွန်း၊ အင်း၀၊ ပြင်ဦးလွင်၊ အမရပူရနှင့် မန္တလာ၊ ဇေယျာ မြေမဟာများရှိ တန်ခိုးကြီးမားစေတီပုထိုးများ - မင်းဂုဏ်၊ (၈၈) စိတ်ကျန်းမာရေးဆေးရုံရှိ စိတ်ဝေဒနာသည်များ အား နှစ်ပေါင်းများစွာ အနီးကပ်နေထိုင်စောင့်ရှောက်စောင့်ရှောက်ခဲ့ရသူတို့နှင့် ဘ၀ခရီးလမ်းကို ပုံစံအမျိုးမျိုးဖြင့် ဖြတ်သန်းနေကြသူများ - ကလောင်စုံ၊ (၈၉) ကျီးသဲမြို့ ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး စီရင်ဖြေဆိုတော်မူအပ်သော စွယ်စုံကျော်ထင်ကျမ်းပေါင်းချုပ် - ဒေါက်တာ အရှင်စန္ဒာ၀ရ သာသနဓဇဓမ္မာစရိယ (ကျီးသဲမြို့)၊ (၉၀) ပုဂံခေတ်အခြေအနေ (အေဒီ ၁၀၄၄-၁၃၆၈) - ဒေါက်တာဒေါ်အေးလှ၊ (၉၁) ငါတို့အနောက်တံခါး - ဖိုးကျော့၊ (၉၂) BRICSIBIMSTEC အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု အခြေအနေနှင့် ရွေးချယ်ထားသော နိုင်ငံများ၏ လူမှု စီးပွားရေး ညွှန်ကိန်းများ - ဒေါက်တာလှမောင် (ဘောဂ)၊ (၉၃) စာအုပ်သူခိုး - ရာပြည့် (မြန်မာပြန်)၊ (၉၄) ရှင်မွေးလွန်း မင်းနန္ဒာ - အံ့မောင်၊ (၉၅) အချိန်ခရီးသွား ဧည့်သည်နှင့် ပန်ထွာသခင်မ - နေထွဋ်နောင်၊ (၉၆) တိုင်းရင်းသားတို့၏ ရိုးရာအယူအဆများနှင့် ဂန္ဘီရနယ်ပယ် - ဆရာဟိမ၀န္တာ၊ (၉၇) ရှက်တတ်အောင်သင်ပေးပါ ကြောက်တတ်အောင်ပြင်ပေးပါနှင့် အခြားဆောင်းပါးများ - အေးမြတ်မြတ်ဖြိုး (ကံမ)၊ (၉၈) ကိုင်းဖျားလှုပ်ခါလွမ်းနေမိ မဂ္ဂဇင်း၀တ္ထုရှည်စုစည်းမှု - မေဇွန်အေး၊ (၉၉) ဓူဝံကြယ် မြေခအောင် ခြွေပြမယ့်သူ - ထန်းတပင်စန်းလွင် (လူငယ်စာပေ)၊ (၁၀၀) အာဏာရှင်တို့၏ သားမြေးများ - စိန်ဝင်းစိန်