ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး၏ မြန်မာ့ ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ အစည်းအဝေးကို ၁၀-၅-၂၀၂၄ (သောကြာနေ့) ၊ နံနက် (၁၀ : ၃၀) နာရီ တွင် စာပေဗိမာန်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးကို အစီအစဉ် (၅) ရပ်ဖြင့် ကျင်းပခဲ့ပြီး မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာကြီးဒေါက်တာမောင်သင်းက အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာ့ရည်ညွှန်း ကျမ်းစီစဉ်ရေးအဖွဲ့ အတွင်းရေးမှူး စာပေဗိမာန် စာတည်းမှူးချုပ်က မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်နှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းခြင်း၊ တက် ရောက်လာကြသည့် ဆရာကြီး၊ ဆရာမကြီးများက စာမူများနှင့်ပတ်သက်၍ လိုအပ်သည်များ ကို ပြင်ဆင်ဖြည့်စွက်တည်းဖြတ်ရန် အကြံပြုဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာကြီးဒေါက်တာမောင်သင်းက နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို နေ့လယ် (၁၂ : ၀၀) နာရီတွင် ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။