ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်သည် အများပြည်သူ အသိပညာဖွံ့ဖြိုးရေးအတွက် ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် ပြည်သူ့စာကြည့်တိုက်များ ဖွင့်လှစ် ထားပါသည်။
စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်များတွင် အများပြည်သူအတွက် ခေတ်မီဗဟုသုတ ဖြည့်တင်း ပေးနိုင်မည့်သုတ၊ ရသ စာကောင်းပေမွန်များကို လစဉ် ဝယ်ယူဖြည့်တင်းလျက် ပြည်သူကို ဗဟိုပြု ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်တွင် နောက်ဆုံးထုတ်ဝေသည့် သုတ၊ ရသ အကြောင်းရပ်စုံလင်သော စာအုပ်များအပြင် ဥပဒေအသိပညာပေးစာအုပ်များ၊ အထူးသဖြင့် ပြည်သူအများလိုက်နာ သိရှိသင့်သည့် နိုင်ငံတော်မှ ထုတ်ပြန် သော ဥပဒေစာအုပ်များကိုလည်း ဖတ်ရှုနိုင်ပြီဖြစ်ပါသည်။
စာပေဗိမာန်၊ ပြည်သူ့စာကြည့်တိုက် (ရန်ကုန်နှင့်မန္တလေး) တွင် ပြည်သူများဖတ်ရှုနိုင်ရန် အောက်ဖော်ပြပါ ဥပဒေစာအုပ်များနှင့် ဥပဒေအသိပညာပေး စာအုပ်များကို ဖတ်ရှုနိုင်ပြီဖြစ်ပါသည်။