၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင် သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ် ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၂) အုပ်နှုန်းဖြင့် စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် မတ်လ (၂၉) ရက်တွင် စာအုပ် (၁၀၀) အုပ် ထပ်မံ ရရှိခဲ့ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) ဗန်းမော်တင်အောင် - မခင်မေလွင်၊ (၂) ငြိမ်းချမ်းပါစေ ၀တ္ထုတိုစုစည်းမှု - ခင်ဆွေဦး၊ (၃) သမုဒယနွယ် - မိုးသက်အောင်၊ (၄) မီးအိမ်ရှင်မလေး နိုက်တင်ဂေးလ် - ထွဋ်ဝင်းထွဋ်၊ (၅) ငယ်အိပ်မက် ၀တ္ထုတိုစုစည်းမှု - ကောင်းကင်မေ (စီးပွားရေးတက္ကသိုလ်)၊ (၆) ခွေးနှင့် ခွေးပေါက်ငယ်လေးများ ဂရုစိုက်ပြုစုခြင်း - စန္ဒီ (Artist)၊ (၇) လရောင်ငေးမိတဲ့အခါ - မင်းဝါဆို (ကတ်တီးကပ်ဖဲ့)၊ (၈) နဂါးနှင့် သာသနာ - ဆရာမကြီးယောဂီ နန္ဒမာလာ၊ (၉) ရွှေ+ငွေ လာဘ်တံခါးကြီးပွင့်စေနှင့် ကံပွင့်လာဘ်ပွင့်ဝိဇ္ဇာယတြာကြီးများ - ဆရာမကြီးယောဂီ နန္ဒမာလာ၊ (၁၀) လေ့လာစရာ တိရစ္ဆာန်ကမ္ဘာ - စာပေ နန်းတော် အယ်ဒီတာအဖွဲ့၊ (၁၁) အိုင်းဆက်နယူတန် - ဆန်းလင်းထွန်း၊ (၁၂) ဝင်စတန်ချာချီ - ကျော်လင်းဆွေ၊ (၁၃) ဘီတ်လ်အဖွဲ့ - ဆန်းလင်းထွန်း၊ (၁၄) ကလာရာဘာတန် - ခင်မောင်တိုး (မိုးမိတ်)၊ (၁၅) ဂျူးလ်စ်ဗန်း - မြင့်ဆွေဦး၊ (၁၆) မိုဟာမက်အလီ - ထင်အောင်ကျော်၊ (၁၇) မိုက်ကယ်ဂျက်ဆင် - စိန်ဝင်းစိန်၊ (၁၈) မီလ်တန်ဟာရှီ - လင်းတည်ဦး၊ (၁၉) ဂျူလီယာချိုင်း - စိန်ဝင်းစိန်၊ (၂၀) ဒေးဗီခရော့ကက် - လင်းတည်ဦး၊ (၂၁) မာရီကျူရီ - တင်မောင်မြင့်၊ (၂၂) အေမီလီယာ အီးယားဟတ် - တင့်ဇော်၊ (၂၃) ဟယ်ရီဟူဒီးနီ - သစ်ဦးဇင်၊ (၂၄) ဖာဒီနန်မက်ဂဲလန်း - ခင်မောင်တိုး (မိုးမိတ်)၊ (၂၅) ဂျက်ဖ်ကင်နေး - စိန်ဝင်းစိန်၊ (၂၆) ဖိနပ်ထဲက မိန်းကလေး - အခရာ၊ (၂၇) ဆူးသစ်နီကဗျာ - ဆူးသစ်နီ၊ (၂၈) လင်းယုန် ခေါင်းကြီးများစုစည်းမှု - ဗန်းမော်တင်အောင်၊ (၂၉) ၁၉၁၇ အောက်တိုဘာတော်လှန်ရေး နဲ့ ၂၁ ရာစု - နေဦးဝေ၊ (၃၀) စကားအဆိပ်၊ အစားအဆိပ်နှင့် အခြားလက်ရွေးစင် စာစုများ - မောင်သိန်းလွင်၊ (၃၁) ဝိပါတ်တော်များနှင့် ဘာသာရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ - အရှင်သောဘိတ ဓမ္မရတနာ၊ (၃၂) မြတ်ဗုဒ္ဓ ဟောကြား ဇာတ်၀တ္ထုများ - အရှင်ဉာဏိန္ဒ (ဘီအေ၊ သမိုင်း)၊ (၃၃) မီးဖိုချောင်မှ သက်စောင့်ဆေးများ - ဇင်ဘဦး၊ (၃၄) အဲ (န်) တစ် ပုထုစဉ်နှင့် ဂင်္ဂါမြစ်ဘေးက ငါးတစ်ကောင် (လက်ရွေးစင်၀တ္ထုတိုများ) - မောင်ကျော်သာ (ပဲခူး)၊ (၃၅) ၀ရိန်းကောင်း တဲ့ မိသားစု - အောင်ကျော်ဦး (မဟာဝိဇ္ဇာ-မေရီလင်း၊ ရိုးပြေပြစ်အောင်)၊ (၃၆) ကျွန်တော့် ပြတင်းပေါက် - မဲ့မဲ့၊ (၃၇) ငါ ထရမ့် ဘယ်တော့မှ အရှုံးမပေး - ညီညီနိုင် (မြန်မာပြန်)၊ (၃၈) လွမ်းရတဲ့ ကျွန်တော့်ဆရာ - အောင်သင်း၊ (၃၉) ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေ (ပြင်ဆင်ချက်) စီရင်ထုံးများ - ကျော်မောင်မောင်၊ (၄၀) စိတ်အလှ အခြေခံရာ စကားအတတ်ပညာ - ဒေါက်တာသိန်းလွင်၊ (၄၁) သုံးလွန်းတင်ပျို့ - သျှင်မ၊ (၄၂) ၀တ္ထု တိုငါးဆယ် - မြေလတ်မောင်မြင့်လွင်၊ (၄၃) လက်ရွေးစင်၀တ္ထုတို - ၅၀ - မောင်တင်ဆင့်၊ (၄၄) မျက်ဝန်းလဲ့ပြာပြာ - သစ္စာနီ၊ (၄၅) ကျောင်းသားသူပုန်ဘ၀က တောတွင်းအတွေ့အကြုံများ - မာန်လူငယ်၊ (၄၆) ကျောက်မီးသွေးတစ္ဆေ ခြောက်လှန့်ခံနေရတဲ့ မြန်မာပြည် - မင်းချစ်နိုင်၊ (၄၇) သို့ဖက် သို့မှတ် မြန်မာစာ၊ မြန်မာရာဇဝင်ဆိုင်ရာ ဆောင်းပါးများ - မောင်ဘနောက်၊ (၄၈) သွားမပေါ်ကြေး တခိခိတဟားဟား ဟာသ၀တ္ထုတိုများ - ကလောင်စုံ၊ (၄၉) ကံ့ကော်ဝတ်မှုန်မိုးနှင့် ၀တ္ထုတိုများ - နောင်ကျော်၊ (၅၀) မကြုံသော်လည်း ကြိုက်ပါသည်နှင့် ဗုဒ္ဓအလိုကျ ဓမ္မဆောင်းပါး များ - ဦးဆန်းလင်း (ဆည်မြောင်း)၊ (၅၁) ကလေးတို့ရေ … ပုံပြင်မိုးရေပျော်ပျော်ချိုးရအောင် - ခင်မောင်တိုး (မိုးမိတ်)၊ (၅၂) တစ်နေ့တာကုန်ဆုံးသွားသော အချိန်များမှ အနှစ်သာရထုတ်ယူခြင်း - နီတာနွယ်၊ (၅၃) ဘယ်သူအကောင်းဆုံးလဲ မင်းသိတယ်နော် - ကျော်မျိုး၊ (၅၄) အလွမ်းတွေကို မျှောဖို့ မျက်ရည်တွေလည်း မရှိတော့ပြီ - မင်းကျော်ဝင်း၊ (၅၅) လူသတ်သမား လက်ရေး - ဒီလူကလေး၊ (၅၆) ဖူးစာဆန်းကြယ် - သွယ်သွယ်ယု၊ (၅၇) ကဗျာအလှ ရှာတော်ပုံ - မင်းလှညွန့်ကြူး၊ (၅၈) ရသနှလုံးသား ရသကမ္ဘာ - ညီမင်းညို၊ (၅၉) လောကီရေးရာ အဖြာဖြာ သိကောင်းစရာ - ဆရာကြည်၊ (၆၀) ပိဋကတ်တော်လာ တရားဓမ္မကောက်နုတ်ချက် အဖြာဖြာ - ဦးမြတ်သူ၊ (၆၁) မြနန္ဒာကဗျာများ - ကလောင်စုံ၊ (၆၂) ထွေထွေရာရာ - ဒေါက်တာရွှေရွှေ၊ (၆၃) ၁၈ နှစ်အောက် လူငယ်များ ဖတ်ရှုရန်လူကြီးမိဘ ခွင့်ပြုချက်လိုပါသည် - ဇော်သက်ထွေး၊ (၆၄) ဆရာဝန်တစ်ဦး၏ ရယ်စရာလွဲလွဲလေးများ - ဟမ်စိုင်း (ဆေး-မန်း)၊ (၆၅) ငြိမ်းချမ်းရေးအတွက် အသက်ပေးဝံ့သူ - အရှင်ဣန္ဒာစာရ (ဧကန္တဘာသာတောကြီး)၊ (၆၆) လက်တွေ့အသုံးချ စီးပွားရေး လုပ်ငန်းသုံး ပေးစာများ - သိန်းလွင် (ပြည်ပပို့ကုန်)၊ (၆၇) ဧချင်းကဗျာစစ်တမ်းနှင့် ဧချင်းသစ် ပဒေသာ - ထွန်းရီ၊ (၆၈) ဧချင်းကဗျာလောကနှင့် ဧချင်းသစ်ညွန့်ပေါင်း - ထွန်းရီ၊ (၆၉) ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေ - U KYAW MYINT LAW FIRM၊ (၇၀) '၀' ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းမော်ကွန်း - အောင်စိုး (တိရစ္ဆာန်ဆေးကုဆရာဝန်)၊ (၇၁) ပထမအကြိမ် ချင်းအမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲမှတ်တမ်း - ကလောင်စုံ၊ (၇၂) ဗိုလ်ချုပ်ကြီးနေဝင်း နိုင်ငံရေးအတ္ထုပ္ပတ္တိ - ဇနက (ဘာသာပြန်ဆိုသည်)၊ (၇၃) ဝေါလေကိုရောက်ခဲ့တယ်နှင့် အခြားဆောင်းပါးများ - မြင့်စိုး (နတလ)၊ (၇၄) ရှာဖွေမှတ်သား အွန်လိုင်းပေါ်က ဆေးစွမ်းများ - စန္ဒကူး-အရှင်ပညာနန္ဒ၊ (၇၅) The Sorrowful The Death Railway – U Wan Htain၊ (၇၆) ကမ္ဘာကျော်သေမင်းတမန်ရထားလမ်း ၁၉၄၂-၁၉၄၃ - ဦးဝမ်ထိန်၊ (၇၇) ကုထုံးကျမ်း (ပ+ဒု) ပေါင်းချုပ် - တိုင်းရင်း ဆေးသမားတော်ကြီး ဦးသိန်းမောင်၊ (၇၈) ကဗျာအလုပ်ရုံကလေး ပေါင်းချုပ် - အောင်ဝေး၊ (၇၉) တံတားဦးမြို့နှင့် ပင်းယ၊ အင်း၀မြေမှ သမိုင်းဝင်များ - အရှင်သုနန္ဒ (တံတားဦး)၊ (၈၀) အာဏာရှင်ဟု ခေါ်တွင်သော ဦးသန်းရွှေ၏ ဘ၀ကောက်ကြောင်း - သန်းဝင်းလှိုင်၊ (၈၁) ခေတ်သစ် မြန်မာသမိုင်းသုံးသပ်ချက်အကျဉ်း - အောင်သာ (ပီသုံးလုံး)၊ (၈၂) လူးဝစ်ပါစချာ - တောင်မြင့် (ငှက်ဖျား)၊ (၈၃) တိုက်စိုးလမ်းနှင့် အခြား အက်ဆေးများ - မောင်ကြည်၊ (၈၄) မြန်မာ့ဒီမိုကရေစီခရီးနှင့် သူရဦးတင်ဦး - တက္ကသိုလ်စိန်တင် (ဒုတိယတွဲ)၊ (၈၅) ရောက်မလာသေး တဲ့ နွေဦးနှင့် အခြား၀တ္ထုများ - သိုက်ထွန်းသက်၊ (၈၆) သမ္မတကမ်းခြေ - ကလောင်စုံ၊ (၈၇) ကလေးတို့အတွက် အကောင်းမြင်စိတ်များသော လူ့အဖွဲ့အစည်း - ခေတ်ဘုန်းသစ်၊ (၈၈) ကျွန်တော်ကြုံတွေ့ခဲ့ရသောဇာတ်လမ်းများ ၀တ္ထုတိုပေါင်းချုပ် - ပန်းတနော် ခင်မောင်မြင့်၊ (၈၉) ရန်သူတည်တဲ့ … ဘုရားနှင့် ရင်တွင်းဖွဲ့ဝါကျများ - မောင်လှမျိုး (ချင်းချောင်းခြံ)၊ (၉၀) စာသင်ခန်းတွေကို စွန့်ခွာခဲ့ပြီးနောက် (ABSDF ရဲ့မေဟောင်းတစ်ဦး၏ တော်လှန်ရေး နိုင်ငံရေးအတွေ့အကြုံများ) - ခင်ဌေးကြူ (Nge Naing)၊ (၉၁) ကျွန်တော်ရယ် ကျားရယ် ရှင်ကြီးရယ် ကံ့ကော်မြေမှသည် ဒေါနတောင်တန်းဆီသို့ - မောင်မောင်ကျော် (၈၈)၊ (၉၂) ခေါင်းဆောင်ကောင်းတို့ မညံ့ကြစေချင်နှင့် အခြားဆောင်းပါးများ - ဧရာ၀တီကျော်မြင့်၊ (၉၃) အထီးကျန်အော်ပရာ အက်ဆေးစုစည်းမှု - ကိုသျှား၊ (၉၄) ရစ်ချဒ်ဘရန်ဆန် - လင်းတည်ဦး၊ (၉၅) သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်းပါးများ - ဝင်းချစ် (အမျိုးသားစာပေဆုရ)၊ (၉၆) သက်တော်ထင်ရှားမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ဖူးတွေ့ခွင့်ရခဲ့သော ကျွန်တော် - သူလှိုင်၊ (၉၇) မာ့ခ်တွိန်း - စိန်ဝင်းစိန်၊ (၉၈) လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုသဘောတရား - ကိုကိုနိုင် (ရန်ကုန်စက်မှုတက္ကသိုလ်)၊ (၉၉) မိုးစက်ချစ်သူကဗျာများ - ကိုမိုး၊ (၁၀၀) စတိဗ်အာဝင် - လင်းတည်ဦး