၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၈ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေ ဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာ များ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၈ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ် နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Web Site တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၃) ရက်တွင် စာအုပ် (၁၆) မျိုး ထပ်မံ ရရှိခဲ့ရာ လာရောက်ပေးပို့သည့်ရက်များကိုလည်း Web Site တွင် သတင်းအဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယင်းစာအုပ်များ စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) ကျွန်ုပ်နှင့်ပစ္စုပ္ပန်များ - ဌေးအောင်စိန် (အင်းမ)၊ (၂) ပြန်မြင်မိတဲ့ပုံရိပ်အပိုင်းအစများ - ထိုက်၊ (၃) မြန်မာ့နိုင်ငံရေးအတွေးအမြင် - သန်းစိုးနိုင်၊ (၄) တာသင်္ကြန်- ငယ်ကျွမ်းဆွေနှင့်စာပေဝါသနာ အသီးအပွင့်များ - မမြင့်ရီ (ထနောင်းတိုင်)၊ (၅) လူမှန် နေရာမှန် အရည်အချင်းမှန်နှင့် သုတရသ စာစုများ - သင်္ချာအောင်သင်း၊ (၆) ယဉ်ကျေးလိမ္မာ ကဗျာအုတ်မြစ် ကလေးကဗျာများ - မောင်လွယ်အိတ်၊ (၇) ဗုဒ္ဓအဆုံးအမဖြင့် အောင်မြင်ခြင်း - ကျော်ကျော်လှိုင်၊ (၈) ပန်းချီခရီးနှင့် ဘ၀ရေစီး - ပန်းချီစိန်မြင့် (ရွှေချည်ထိုး) အညာသားယဉ်ကျေးမှုစာစဉ် (၈)၊ (၉) LINGADI PA'S ROMANTIC CHIT OO NYO – Aung Myo Min၊ (၁၀) အကိတ္တိမကြိုက်သည့် လူမိုက် ကျွန်တော်နှင့်အခြား၀တ္ထုတိုများ - ခန့်ကျော်ထင်လှိုင်၊ (၁၁) နိုင်ငံ့ရင်သွေး ကလေးကဗျာများ - သက်ဦးခင်၊ (၁၂) ပညာသည် ပတ္တမြားထက် အဖိုးထိုက်၏ - မာလွေလိန်း (မင်းတပ်)၊ (၁၃) စစ်မီးလျှံကြားကဘ၀ - ခင်ညိုညိုမြင့်၊ (၁၄) မြတ်နိုးစွာနှောင်ဖွဲ့ထားသော - ကောင်းကင်မေ (စီးပွားရေးတက္ကသိုလ်)၊ (၁၅) ယောက်ျားတံခွန်နှင့် အခြားစာစုများ - မျိုးမြင့်သန်း (မြောင်းမြ)၊ (၁၆) ဆီးချိုနှင့် ဆက်နွယ်သော မျက်စိရောဂါများ - ဒေါက်တာမင်းသိမ်း (မျက်စိ) မျက်စိရောဂါအထူးကု