၂ဝ၁၇ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ပဏာမအဆင့် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ စာပဒေသာ အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၁၈ ခုနှစ် ဇွန်လ ၂၉ ရက် မွန်းလွဲ ၁:၀၀ နာရီက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
စာပဒေသာ အဖွဲ့ငယ် ပဏာမအဆင့် အစည်းအဝေးသို့ ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ဦးတင့်ခိုင် (တင့်ခိုင်)၊ ဒေါက်တာတင်မောင်ထွေး (ဒေါက်ထွေး၊ ဆေး/မန်း) တို့ တက်ရောက်ခဲ့ကြပြီး ဒေါက်တာမြင့်သန်း (ညောင်လေးပင်)၊ ဦးသန်းအုန်း (မောင်ဇေယျာ) တို့က ခွင့်ပန်ခဲ့သည်။
အစည်းအဝေးတွင် ၂ဝ၁၇ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် စာပဒေသာ စာမူများ ပဏာမအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။