၂၀၁၇ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေး အဖွဲ့ကြီးအစည်းအဝေးကို ၂ဝ၁၈ ခုနှစ် မေလ ၂၃ ရက် နံနက် (၁၀:၃၀) နာရီက ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ အဖွဲ့ကြီးအစည်းအဝေးသို့ ဥက္ကဋ္ဌ ဦးကျော်ဝင်း (မနုဿ ကျော်ဝင်း)၊ အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်ချိုချိုတင် (မစန္ဒာ)၊ ဒေါက်တာအေးကျော် (ဆေးသုတေသန)၊ ဦးစိန်လှိုင် (သူရဇော်)၊ ဦးညွန့်ဟံ (ညွန့်ဟံ - ကြူတော)၊ ဦးဝင်းငြိမ်း၊ ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း)၊ ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဦးမျိုးအောင် (မျိုးအောင်-ရုက္ခဗေဒ)၊ ဦးမြင့်ထွန်း (ဆုပြည့်စုံထွန်းစာပေတိုက်)၊ ဒေါက်တာတင်မောင်ထွေး (ဒေါက်ထွေး-ဆေး/မန်း)၊ ဦးမျိုးအောင် (ငြိမ်းမင်း)၊ ဦးသိန်းစိုး (သီဟရတနာစာပေတိုက်)၊ ဒေါက်တာစိုးနိုင်၊ ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးတင့်ခိုင်၊ ဦးကျော်ဦး (ပါရမီစာပေတိုက်)၊ ဦးနေမျိုးနိုင် (နေမျိုးနိုင်)၊ ဦးမြတ်ဝေတိုး (မြတ်ဝေတိုး- ပညာရေးတက္ကသိုလ်)၊ ဦးအောင်သန်းဦး (ပုသိမ်အောင်သန်းဦး)၊ ဦးမောင်မောင်ဦး (သန်လျင်မောင်မောင်ဦး)၊ ဒေါ်မြမြသန်း (မနှင်းဖွေး) တို့ တက်ရောက်ကြပြီး ဦးဝင်းငြိမ်း၊ ဦးကိုကို (ကိုကို- စက်မှုတက္ကသိုလ်) တို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်း (မနုဿကျော်ဝင်း) က အဖွင့်အမှာစကားပြောကြားပြီး ဘာသာရပ် အဖွဲ့ငယ်ခေါင်းဆောင်များက ဘာသာရပ်အလိုက် စာမူများ စိစစ်ရွေးချယ်ထားမှု အခြေအနေကို ရှင်းလင်းတင်ပြကြပါသည်။ ထို့နောက် တက်ရောက် လာသူများက လိုအပ်သည်များ ဝိုင်းဝန်းဆွေးနွေး အကြံပြုကြပြီး စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်ဝင်း (မနုဿကျော်ဝင်း) က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါ သည်။ အစည်းအဝေးကို မွန်းတည့် (၁၂:၀၀) နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။