၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင် သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။
အဆိုပါ မေတ္တာရပ်ခံချက်အရ စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူတို့က ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို တစ်မျိုးလျှင် (၄) အုပ် နှုန်းဖြင့် စာပေဗိမာန်ရုံးသို့ လာရောက် ပေးပို့လျက်ရှိရာ စာပေဗိမာန်ရုံးက လက်ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ www.moi.gov.mm/ppd Website တွင် သတင်းထုတ်ပြန်ခြင်း၊ ရရှိလာသည့် စာအုပ်များကို အမျိုးသားစာပေဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော ဘာသာရပ် (၁၆) မျိုးအလိုက် ဘာသာရပ်များ ခွဲခြားမှတ်တမ်းတင်ခြင်း စသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၂၄) တွင် စာအုပ် (၂၈) မျိုး ထပ်မံရရှိခဲ့ပါသည်။ ယင်းစာအုပ် စာရင်းကို အောက်တွင် စုစည်းဖော်ပြ ပေးထားပါသည်။
(၁) အဝါရောင်သစ်တောက်ငှက် - လူသာမန်၊ (၂) ဆရာဝန်တစ်ယောက်ရဲ့ ဒိုင်ယာရီ - စိမ့်စမ်းဖြူ၊ (၃) မြစ်တွေက ပြန်ပြောလိမ့်မယ် - မောင်မောင် သိုက်ကျော်၊ (၄) ရေကြောင်းအင်ဂျင်နီယာလက်စွဲ - သူရိန်မင်းဇော်၊ (၅) ကလေးတို့အတွက် စကားလက်ဆောင်စာလက်ဆောင် - မောင်ဆွေမွန်၊ (၆) တိမ်ဦးလေချို ကလေးကဗျာများ - ဇာနည်၊ (၇) ဆင်းရဲခြင်းသည် တရားခံ - စိုးခိုင်ညိမ်း၊ (၈) လူမှုဘ၀ထဲက တပေါ်လော်ဂျီ - တက္ကသိုလ်မောင်သင်္ချာ၊ (၉) My Anthology – Aye Phyu၊ (၁၀) ပြည်သူချစ်သော ခေါင်းဆောင်နှင့် အခြားဆောင်းပါးများ - တင်မောင်ထက် (ကွမ်းခြံကုန်း)၊ (၁၁) ဦးနှောက်မရှိပေမယ့် အပင်တွေဘယ်လိုတုံ့ပြန်ဆုံးဖြတ်ပေးကြတာလဲ - ဒေါက်တာစိန်လှဗိုလ်၊ (၁၂) တနင်္သာရီ ရာဇဝင်တော်ကြီးနှင့် ယဉ်ကျေးမှု အမွေအနှစ်ရိုးရာဓလေ့များ - ဦးသန်းစိုးဝင်း (တနင်္သာရီမြို့)၊ (၁၃) မုသားပေါင်းချုပ် - တော်ကောင်းမင်း၊ (၁၄) စကားထဲက သဒ္ဒါ - ဒေါက်တာ မောင်မောင်လေး၊ (၁၅) ကော်ဇောနီပေါ်က ကျွန်တော့်ဆရာမ - ငွေကြယ်စင်၊ (၁၆) မဟာ သဒ္ဓမ္မဇောတိကဓဇ ကမ္ဘာလှည့်ဒေါ်တင်တင်စိန်၏ ဘ၀ရုပ်ပုံလွှာ - အောင်ကြည်ညွန့် (တက္ကသိုလ်)၊ (၁၇) မေမေပုံပြင် - မင်းစော (တောင်သမန်)၊ (၁၈) မိဘစကားကို သားသမီးက ဘာကြောင့် နားမထောင်သလဲ - မိုသျှန်း၊ (၁၉) ရှင်လင်းလက်နှင့် မိသားစုဟာ ကလေးတို့ကမ္ဘာ - စိုးဘားဒိုင်၊ (၂၀) သားနဲ့သမီး ဖတ်ဖို့စာ - အကြီးကိုကို (ကသာ)၊ (၂၁) မြန်မာပြည်တွင် ဖက်ဒရယ်မူ ထူထောင်စို့ - ဒေါက်တာတိုးမြင့်၊ (၂၂) ရေရှည်နှင့် မဂ္ဂဇင်း၀တ္ထုတိုများ - တက္ကသိုလ်စိုးစံ၊ (၂၃) မြန်မာလူငယ်များ အတွက် ကမ္ဘာ့ဘာသာတရားများ မိတ်ဆက် - ဦးမြင့်ဝေ (ကြို့ပင်ကောက်)၊ (၂၄) မှတ်စုမရေးသော ဆရာ၏မှတ်စုများ - ပဲခွပ်မှူး (အောင်လံ)၊ (၂၅) ညောင်ညိုရိပ်နှင့် အခြား၀တ္ထုတို များ - ပဲခွပ်မှူး (အောင်လံ)၊ (၂၆) ဟေမန္တကမ်းပါး ၀တ္ထုတို စုစည်းမှု - ကလောင်စုံ၊ (၂၇) တဆတ်ဆတ် တုန်ခါနေတဲ့ ချောတိုင်တက်သူများ နှင့် အခြား၀တ္ထုတိုများ - နှင်းဆီအောင်၊ (၂၈) လမင်းပြာရဲ့ ည နှင့် ခံစားမှုဖွဲ့ ကဗျာများ - ဆုမွန်ဦး (ဟင်္သာတ)